ပြင်ဦးလွင်မြို့နယ်တွင် ၁၀ ဘီးကားဖြင့်သယ်လာသည့် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

0
223

(Unicode)

ပြင်ဦးလွင်မြို့နယ်တွင် ၁၀ ဘီးကားဖြင့်သယ်လာသည့် ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊မိုးကြိုးပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇန်နဝါရီ ၁၁ ရက်ညနေ ၄ နာရီခန့်က ငွေကျပ်သိန်း ၈၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်(မြောက်ပိုင်း)ဘက်မှ စစ်ကိုင်းတိုင်းဘက်သို့ ကျော်စံမင်း မောင်းနှင်ကာ ဇော်မင်းဦးနှင့်အောင်ဗလ တို့လိုက်လာသည့် NISSAN ၁၀ ဘီးကားအား သတင်းအရရှာဖွေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကားပေါ်မှ ဘိန်းဖြူ(၃၀ ဒသမ ၈ ကီလို)နှင့် စိတ် ကြွဆေးပြား ၂၂,၈၀၀ ပြားကိုဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများသယ်ဆောင်ရာတွင် ပါဝင်ခဲ့သူများဖြစ်သည့် အောင်နိုင်နှင့်ဖိုးဇော်တို့အား ဇန်နဝါရီ ၁၂ ရက်နံနက် ၇ နာရီခွဲတွင် မန္တလေးမြို့ရှိ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ SURF ကားနှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

(Zawgyi)

ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ၁၀ ဘီးကားျဖင့္သယ္လာသည့္ ဘိန္းျဖဴႏွင့္စိတ္ႂကြေဆးျပားမ်ားဖမ္းမိ

မႏၲေလးတိုင္း၊ျပင္ဦးလြင္ၿမိဳ႕နယ္၊မိုးႀကိဳးပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇန္နဝါရီ ၁၁ ရက္ညေန ၄ နာရီခန္႔က ေငြက်ပ္သိန္း ၈၀၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

ရွမ္းျပည္(ေျမာက္ပိုင္း)ဘက္မွ စစ္ကိုင္းတိုင္းဘက္သို႔ ေက်ာ္စံမင္း ေမာင္းႏွင္ကာ ေဇာ္မင္းဦးႏွင့္ေအာင္ဗလ တို႔လိုက္လာသည့္ NISSAN ၁၀ ဘီးကားအား သတင္းအရရွာေဖြရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ကားေပၚမွ ဘိန္းျဖဴ(၃၀ ဒသမ ၈ ကီလို)ႏွင့္ စိတ္ ႂကြေဆးျပား ၂၂,၈၀၀ ျပားကိုဖမ္းဆီးရမိခဲ့သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

စစ္ေဆးခ်က္အရ မူးယစ္ေဆးဝါးမ်ားသယ္ေဆာင္ရာတြင္ ပါဝင္ခဲ့သူမ်ားျဖစ္သည့္ ေအာင္ႏိုင္ႏွင့္ဖိုးေဇာ္တို႔အား ဇန္နဝါရီ ၁၂ ရက္နံနက္ ၇ နာရီခြဲတြင္ မႏၲေလးၿမိဳ႕ရွိ (၁၆)မိုင္စစ္ေဆးေရးဂိတ္၌ SURF ကားႏွင့္အတူထပ္မံဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူမ်ားအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္ကာ ဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here