သားအပေါ် ထားတဲ့ နိုင်းနိုင်း ရဲ့ မျှော်လင့်ချက်

0
88

99နိုင်းနိုင်း ရဲ့ သားသမီး လေးယောက်ထဲမှာ အသက်၅နှစ် အရွယ် ရှိပြီဖြစ်တဲ့ သားဖြစ်သူ Anderson Cho latt  ကို အဖေတူသား ဆိုပြီး ပရိသတ်တွေ ဝိုင်း ချစ်ခင်ကြတာ တွေ့ရပါ တယ်။ သားတစ်ဦးတည်း ပါပြီး ကျန်တဲ့သူတွေ ကတော့ သမီး ၃ယောက် ဖြစ်ပါတယ်။ သားဖြစ်တဲ့ အတွက် ငယ်ရွယ်စဉ်မှာ ဖခင်ကို လိုက်ကြည့်ပြီး အတုခိုးနေတတ် သူတွေပါ။ အွန်လိုင်းပေါ်မှာ နိုင်းနိုင်း နဲ့ သားဖြစ်သူ တို့ နှစ်ဦး ရိုက်ကူးထားတဲ့ ပုံလေးကလည်း ပရိသတ်တွေကို ပိုသဘောကျ သွားစေခဲ့ပါတယ်။ သူ့ရဲ့သား အကြောင်းမေးတော့ နိုင်း နိုင်းက…

“ကိုယ်လည်း ဘာရယ် မဟုတ်ပါဘူး။ သားသား ပခုံးပေါ်မှာ အင်္ကျီတင် လိုက်လို့ ပြောလိုက်တာကို သူ့ဘာသာသူ လိုက်လုပ်တာ။ သူလုပ် တာတော် တော်လေး အဆင်ပြေသွားတယ်။ ဓာတ်ပုံကတော့ ရိုက်ခိုင်း ရင်တော့ ရိုက်ပါ တယ်။ တကူးတက ကြီးတော့ သေချာ မရိုက် ကူးဖြစ်ဘူး။ သူ့ကိုဘယ်လို အိုက် တင်လုပ်ဆို သူလုပ်တယ်။ အခု သူ့ရဲ့ ဝါသနာ ကတော့ ကလေး သဘာဝ အတိုင်းပါပဲ။ သူဆော့ တယ်။ ရေကြိုက်တယ်။ စက်ဘီး နင်းတယ်။ ပုံဆွဲတာလည်း သဘော ကျတယ်။ သူက အစ်ကို နဲ့ ပိုတူတယ်။ အနုပညာ စိတ်ဝင်စားလား ဆိုတာက တော့ သူက ငယ်သေးတော့ လောလောဆယ်တော့ မပြောတတ် ဘူး။ သူ့ကို ပညာရေးပဲ ပြီးအောင်လုပ်စေချင် တယ်” လို့ ပြော ပါတယ်။ မိဘဖြစ်တဲ့ အတွက် သားသမီးတွေ ကိုတော့ ကိုယ့်ထက်ပို ပြီးတော်တဲ့ သားသမီးတွေ ဖြစ်စေချင်တယ်လို့ သူ့ရဲ့ မျှော် လင့်ချက်ကို ပြောပါတယ်။

“သားသား မှာလည်း သူ့ ပရိသတ်နဲ့သူ။ တစ်ခါတလေ ကျရင် ကိုယ့်ကိုတောင် မဟုတ် ဘူး။ သားသားမှ သားသားပဲ။ အခုလို ဝိုင်းပြီး ချစ်ခင်ပေးတဲ့ အတွက် ဝမ်းသာပါတယ်။ သား သားပုံကိုလည်း စောင့်ကြည့်နေကြတဲ့ သူတွေ ရှိတယ်။ မိသားစု ပုံတွေ လည်း စောင့် ကြည့်နေကြတဲ့ သူတွေရှိတယ်” လို့ပြောပါတယ်။ နိုင်းနိုင်း ကမိသားစု တွေရှိတဲ့ အမေရိက ကို ဒီဇင်ဘာလကုန် မှ သွားဖြစ် မှာ ဖြစ်ကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here