၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌဆို

0
119

(Unicode)

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မယ်လို့ နစကဥက္ကဋ္ဌဆို

နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီး ယာယီသမ္မတရဲ့ တာဝန်လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်ရဲ့ တာဝန်တွေကို တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရတာဖြစ်လို့ မိမိတို့အနေနဲ့ နိုင်ငံတော်ရဲ့ အာဏာကို သိမ်းယူခြင်းမဟုတ်ဘဲ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေး ထိန်းသိမ်းဆောင်ရွက်နေခြင်းသာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရီးစဉ်မှာ ပြောဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အတိုင်းသာ ဆက်လက်လုပ်ဆောင်မယ်လို့ပါ ပြောဆိုပါတယ်။

နစက ကောင်စီကို ဖွဲ့စည်းတာမှာလည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင်ဖွဲ့စည်းခဲ့သလို အစိုးရအဖွဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းတာမှာလည်း အရပ်သားတွေနဲ့ပဲ အရပ်ဘက်အုပ်ချုပ်ရေးကိုသာ ဆက်လက်ဆောင်ရွက်စေခဲ့တာရှိတယ်လို့လည်း နစကဥက္ကဋ္ဌကဆိုပါတယ်။

နောက်ပြီး ငြိမ်းချမ်းခြင်းမရှိဘူးဆိုရင် မှန်ကန်မျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တာ မဟုတ်ဘဲ ငြိမ်းချမ်းရေးမှာ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ဥပဒေနဲ့ အညီ ပါဝင်လာမှပဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်လို့ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်နေတာရှိတဲ့အကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြုလုပ်ဆောင်ရွက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာနိုင်စေရေးအတွက် အလွတ်သဘော ဆွေးနွေးမှုတွေနဲ့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ အကြောင်း စတာတွေကိုပါ ပြောဆိုသွားခဲ့ပါတယ်။

(Zawgyi)

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒအတိုင္းပဲ ဆက္လက္ေဆာင္႐ြက္မယ္လို႔ နစကဥကၠ႒ဆို

ႏိုင္ငံေတာ္ကို အေရးေပၚအေျခအေနအျဖစ္ ေၾကညာၿပီး ယာယီသမၼတရဲ႕ တာဝန္လႊဲအပ္ခ်က္အရ တပ္မေတာ္က ႏိုင္ငံေတာ္ရဲ႕ တာဝန္ေတြကို တာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ခဲ့ရတာျဖစ္လို႔ မိမိတို႔အေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ အာဏာကို သိမ္းယူျခင္းမဟုတ္ဘဲ ပါတီစုံဒီမိုကေရစီစနစ္ ခိုင္မာမႈရွိေစေရး ထိန္းသိမ္းေဆာင္႐ြက္ေနျခင္းသာ ျဖစ္တယ္လို႔ နစကဥကၠ႒က ေျပာဆိုလိုက္ပါတယ္။

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕ ခရီးစဥ္မွာ ေျပာဆိုခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒ ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္) အတိုင္းသာ ဆက္လက္လုပ္ေဆာင္မယ္လို႔ပါ ေျပာဆိုပါတယ္။

နစက ေကာင္စီကို ဖြဲ႕စည္းတာမွာလည္း တပ္ဘက္၊ အရပ္ဘက္ မွ်တေအာင္ဖြဲ႕စည္းခဲ့သလို အစိုးရအဖြဲ႕၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ အုပ္ခ်ဳပ္ေရးေကာင္စီေတြ ဖြဲ႕စည္းတာမွာလည္း အရပ္သားေတြနဲ႔ပဲ အရပ္ဘက္အုပ္ခ်ဳပ္ေရးကိုသာ ဆက္လက္ေဆာင္႐ြက္ေစခဲ့တာရွိတယ္လို႔လည္း နစကဥကၠ႒ကဆိုပါတယ္။

ေနာက္ၿပီး ၿငိမ္းခ်မ္းျခင္းမရွိဘူးဆိုရင္ မွန္ကန္မွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္ႏိုင္တာ မဟုတ္ဘဲ ၿငိမ္းခ်မ္းေရးမွာ လက္နက္ကိုင္ အဖြဲ႕အစည္းအားလုံး ဥပေဒနဲ႔ အညီ ပါဝင္လာမွပဲ လြတ္လပ္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္လာမွာျဖစ္လို႔ ၂၀၂၂ ခုႏွစ္ကို ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ ဦးတည္ႀကိဳးပမ္းေဆာင္႐ြက္ေနတာရွိတဲ့အေၾကာင္း၊ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို ျပဳလုပ္ေဆာင္႐ြက္ၿပီး တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA မွာ လက္မွတ္မထိုးရေသးတဲ့ အဖြဲ႕အစည္းေတြ ပါဝင္လာႏိုင္ေစေရးအတြက္ အလြတ္သေဘာ ေဆြးေႏြးမႈေတြနဲ႔ ႀကိဳးပမ္း ေဆာင္႐ြက္ေနတဲ့ အေၾကာင္း စတာေတြကိုပါ ေျပာဆိုသြားခဲ့ပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here