ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ကောလိပ်များသို့ ကျောင်းအပ်သူ၄၀၀၀ကျော်ရှိကာတက်ရောက်သူ၂၀၀၀ကျော်ရှိ

0
117

(Unicode)

ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ကောလိပ်များသို့ ကျောင်းအပ်သူ၄၀၀၀ကျော်ရှိကာတက်ရောက်သူ၂၀၀၀ကျော်ရှိ

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၆ရက်နေ့ကစပြီး နိုင်ငံအတွင်း ပြန်လည်ဖွင့်လှစ်လိုက်သည့် တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များသို့ ကျောင်းလာအပ်သူအရေအတွက် ၄၄၀၉ ဦးရှိခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇန်နဝါရီ ၁၄ရက် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

လက်ရှိကျောင်းတက်နေသူမှာ ၂၂၈၁ဦးရှိကြောင်းလည်း ပြောသည်။.

စာရင်းရှိ ကျောင်းသား၊ကျောင်းသူ အရေအတွက်မှာ ၁၉၇၄၀ဦး ရှိ၍ ၇၅ရာခိုင်နှုန်းကျော် ကျောင်းမတက်သည်ကို စာရင်းအရသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်သည့် အခြေခံပညာကျောင်းများသို့ ကျောင်းအပ်သူ ၅.၂သန်းကျော်၊ကျောင်းတက်သူ ၄.၂သန်းရှိပြီး ဇန်နဝါရီ ပထမအပါတ်အတွင်း ပညာသင်နှစ်ဝက်စာမေးပွဲသို့ ဖြေဆိုသူ ၄.၁သန်းကျော်ရှိသည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုသည်။

စာရင်းရှိ အခြေခံပညာကျောင်းသား၊သူအရေအတွက်မှာ ၁၀သန်းကျော်ရှိ၍ အခြေခံပညာကျောင်းများသို့ ကျောင်းတက်ရောက်မှု မရှိသည့် အရေအတွက်မှာ ၅သန်းကျော်ရှိသည်ဟု စာရင်းအရသိရသည်။

(Zawgyi)

ျပန္လည္ဖြင့္လွစ္လိုက္သည့္ တကၠသိုလ္၊ေကာလိပ္မ်ားသို႔ ေက်ာင္းအပ္သူ၄၀၀၀ေက်ာ္ရွိကာတက္ေရာက္သူ၂၀၀၀ေက်ာ္ရွိ

ၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္ ဇန္နဝါရီ ၆ရက္ေန႔ကစၿပီး ႏိုင္ငံအတြင္း ျပန္လည္ဖြင့္လွစ္လိုက္သည့္ တကၠသိုလ္၊ဒီဂရီေကာလိပ္ႏွင့္ေကာလိပ္မ်ားသို႔ ေက်ာင္းလာအပ္သူအေရအတြက္ ၄၄၀၉ ဦးရွိခဲ့သည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ ဇန္နဝါရီ ၁၄ရက္ သတင္းစာရွင္းလင္းပြဲတြင္ေျပာသည္။

လက္ရွိေက်ာင္းတက္ေနသူမွာ ၂၂၈၁ဦးရွိေၾကာင္းလည္း ေျပာသည္။.

စာရင္းရွိ ေက်ာင္းသား၊ေက်ာင္းသူ အေရအတြက္မွာ ၁၉၇၄၀ဦး ရွိ၍ ၇၅ရာခိုင္ႏႈန္းေက်ာ္ ေက်ာင္းမတက္သည္ကို စာရင္းအရသိရသည္။

ၿပီးခဲ့သည့္ ၂၀၂၁ခုႏွစ္ ႏိုဝင္ဘာလ ၁ရက္ေန႔က ျပန္လည္ဖြင့္လွစ္လိုက္သည့္ အေျခခံပညာေက်ာင္းမ်ားသို႔ ေက်ာင္းအပ္သူ ၅.၂သန္းေက်ာ္၊ေက်ာင္းတက္သူ ၄.၂သန္းရွိၿပီး ဇန္နဝါရီ ပထမအပါတ္အတြင္း ပညာသင္ႏွစ္ဝက္စာေမးပြဲသို႔ ေျဖဆိုသူ ၄.၁သန္းေက်ာ္ရွိသည္ဟုလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုသည္။

စာရင္းရွိ အေျခခံပညာေက်ာင္းသား၊သူအေရအတြက္မွာ ၁၀သန္းေက်ာ္ရွိ၍ အေျခခံပညာေက်ာင္းမ်ားသို႔ ေက်ာင္းတက္ေရာက္မႈ မရွိသည့္ အေရအတြက္မွာ ၅သန္းေက်ာ္ရွိသည္ဟု စာရင္းအရသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here