မကြာခင် ၁နှစ်သက်တမ်းပြည့်တော့မည်ဖြစ်၍ ဥပဒေနှင့်အညီ သက်တမ်းဆက်တိုးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

0
132

(Unicode)

မကြာခင် ၁နှစ်သက်တမ်းပြည့်တော့မည်ဖြစ်၍ ဥပဒေနှင့်အညီ သက်တမ်းဆက်တိုးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

လာမည့် ဖေဖော်ဝါရီ ၁ရက်နေ့တွင် နစက၏ သက်တမ်းသည် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်၍ ဥပဒေနှင့် အညီဆက်လက် သက်တမ်းတိုးမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဇန်နဝါရီ ၁၄ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲပြောသည်။

သက်တမ်းတိုးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် တင်ပြသွားမည်ဟုလည်းပြောသည်။

ယင်းအပြင် ၂၀၂၃ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲလုပ်ငန်းစဉ် လုပ်ဆောင်သွားရန်ရှိသည်ဆိုသော နစကကောင်စီ၏ ပြောစကားအားလည်း ဂတိအတိုင်းဆက်လက်ဆောင်ရွက်သွားရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့သည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်အရ အရေးပေါ်ကာလကို အမိန့်ထုတ်ပြန်သည့် နေ့မှ တစ်နှစ်အထိ၊အကျိုးအကြောင်းဖော်ပြလျှက် အချိန်ကာလတိုးမြင့်ပေးရန် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမာန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြင့်နိုင်ကြောင်း ဖော်ပြထားသည်။

ယနေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးသွားနိုင်ရေးအတွက် လိုအပ်သော ဆောင်ရွက်ချက်များအား နိုင်ငံရေးပါတီများနှင့်ဆောင်ရွက်နေသည့်အပြင် ကော်မရှင်ဘက်ကလည်း လိုအပ်သည့် ဆောင်ရွက်ချက်များ ဆောင်ရွက်နေသည်ဟု ထည့်သွင်းပြောဆိုခြင်းများရှိထားသည်။

(Zawgyi)

မၾကာခင္ ၁ႏွစ္သက္တမ္းျပည့္ေတာ့မည္ျဖစ္၍ ဥပေဒႏွင့္အညီ သက္တမ္းဆက္တိုးသြားမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းဆို

လာမည့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔တြင္ နစက၏ သက္တမ္းသည္ တစ္ႏွစ္ျပည့္ေျမာက္ေတာ့မည္ျဖစ္၍ ဥပေဒႏွင့္ အညီဆက္လက္ သက္တမ္းတိုးမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ ဇန္နဝါရီ ၁၄ရက္ ေနျပည္ေတာ္သတင္းစာရွင္းလင္းပြဲေျပာသည္။

သက္တမ္းတိုးႏိုင္ေရးအတြက္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီႏွင့္ တင္ျပသြားမည္ဟုလည္းေျပာသည္။

ယင္းအျပင္ ၂၀၂၃ခုႏွစ္ ၾသဂုတ္လအတြင္း ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ လုပ္ေဆာင္သြားရန္ရွိသည္ဆိုေသာ နစကေကာင္စီ၏ ေျပာစကားအားလည္း ဂတိအတိုင္းဆက္လက္ေဆာင္႐ြက္သြားရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာဆိုခဲ့သည္။

၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၁၁) အေရးေပၚကာလဆိုင္ရာျပဌာန္းခ်က္အရ အေရးေပၚကာလကို အမိန႔္ထုတ္ျပန္သည့္ ေန႔မွ တစ္ႏွစ္အထိ၊အက်ိဳးအေၾကာင္းေဖာ္ျပလွ်က္ အခ်ိန္ကာလတိုးျမင့္ေပးရန္ တင္ျပလာပါက အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီႏွင့္ ညႇိႏႈိင္းၿပီး သာမာန္အားျဖင့္ တစ္ႀကိမ္လွ်င္ ေျခာက္လအထိ ႏွစ္ႀကိမ္တိုးျမင့္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ယေန႔ သတင္းစာရွင္းလင္းပြဲတြင္လည္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက လာမည့္ ေ႐ြးေကာက္ပြဲတြင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္က်င့္သုံးသြားႏိုင္ေရးအတြက္ လိုအပ္ေသာ ေဆာင္႐ြက္ခ်က္မ်ားအား ႏိုင္ငံေရးပါတီမ်ားႏွင့္ေဆာင္႐ြက္ေနသည့္အျပင္ ေကာ္မရွင္ဘက္ကလည္း လိုအပ္သည့္ ေဆာင္႐ြက္ခ်က္မ်ား ေဆာင္႐ြက္ေနသည္ဟု ထည့္သြင္းေျပာဆိုျခင္းမ်ားရွိထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here