ဒေါ်အောင်ဆန်းစုကြည် အမှု ဆက်လက်စစ်ဆေး

0
805

(Unicode)

ဒေါ်အောင်ဆန်းစုကြည် အမှု ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲ က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်တဲ့ အမှုတွေကို ဒီကနေ့ ဇန်နဝါရီ ၁၄ရက် မှာ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တယ်လို့ ရှေ့နေ အသိုင်းအဝိုင်းကနေသိရပါတယ်။

နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စ၊ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ကဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ စတာတွေကို စစ်ဆေးခဲ့တာမှာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက တာဝန်သူရှိက ရန်ကုန်ကကိစ္စနဲ့ ပတ်သတ်ပြီး လာရောက် ထွက်ဆိုခဲ့တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူကပြောပါတယ်။

ထွက်ဆိုမှုတွေနဲ့ ပတ်သတ်ပြီး ရှေ့နေတွေကို ဖြေဆိုခွင့်ပိတ်ထားတဲ့အတွက် အသေးစိတ်အခြေအနေ တွေ မသိရှိခဲ့ရပါဘူး။

“ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့အပေါ် ထပ်တိုး  အမှုအသစ် ၅ မှုကိစ္စနဲ့ ပတ်သတ်ပြီးတော့ ရှေ့နေတွေက လာမယ့် ရုံးချိန်းမှာ ရှေ့နေပါဝါတင်ပြကြဖို့ရှိပါတယ်။ ရှေ့နေတွေရဲ့ ရှေ့နေပါဝါတင်ပြမှုအတွက် တရားသူကြီးက အမှုကို ဇန်နဝါရီ ၂၁ ရက်ကို ချိန်းဆိုခဲ့တာရှိပါတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

(Zawgyi)

ေဒၚေအာင္ဆန္းစုၾကည္ အမႈ ဆက္လက္စစ္ေဆး

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားတဲ့ အမႈေတြထဲ က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းနဲ႔ ဆက္စပ္တဲ့ အမႈေတြကို ဒီကေန႔ ဇန္နဝါရီ ၁၄ရက္ မွာ ေနျပည္ေတာ္က အထူးတရား႐ုံးမွာ ဆက္လက္စစ္ေဆးခဲ့တယ္လို႔ ေရွ႕ေန အသိုင္းအဝိုင္းကေနသိရပါတယ္။

ေနျပည္ေတာ္က ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း ေျမေနရာကိစၥ၊ ရန္ကုန္ တကၠသိုလ္ရိပ္သာလမ္း ကေဒၚခင္ၾကည္ေဖာင္ေဒးရွင္းကိစၥ စတာေတြကို စစ္ေဆးခဲ့တာမွာ ရန္ကုန္တိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္႐ုံးက တာဝန္သူရွိက ရန္ကုန္ကကိစၥနဲ႔ ပတ္သတ္ၿပီး လာေရာက္ ထြက္ဆိုခဲ့တယ္လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူကေျပာပါတယ္။

ထြက္ဆိုမႈေတြနဲ႔ ပတ္သတ္ၿပီး ေရွ႕ေနေတြကို ေျဖဆိုခြင့္ပိတ္ထားတဲ့အတြက္ အေသးစိတ္အေျခအေန ေတြ မသိရွိခဲ့ရပါဘူး။

“ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဦးဝင္းျမင့္တို႔အေပၚ ထပ္တိုး အမႈအသစ္ ၅ မႈကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ ေရွ႕ေနေတြက လာမယ့္ ႐ုံးခ်ိန္းမွာ ေရွ႕ေနပါဝါတင္ျပၾကဖို႔ရွိပါတယ္။ ေရွ႕ေနေတြရဲ႕ ေရွ႕ေနပါဝါတင္ျပမႈအတြက္ တရားသူႀကီးက အမႈကို ဇန္နဝါရီ ၂၁ ရက္ကို ခ်ိန္းဆိုခဲ့တာရွိပါတယ္”လို႔ ေရွ႕ေနအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here