မွေးနေ့အလှူအဖြစ် “မွန်မြတ်စိတ်ထားတွယ်ရာမဲ့ ” ဘိုးဘွားရိပ်သာမှာအစားသောက်များ လှူဒါန်းခဲ့တဲ့ ဟာသသရုပ်ဆောင်မတူး

0
357

မွေးနေ့အလှူအဖြစ် “မွန်မြတ်စိတ်ထားတွယ်ရာမဲ့ ” ဘိုးဘွားရိပ်သာမှာအစားသောက်များလှူဒါန်းခဲ့တဲ့ ဟာသသရုပ်ဆောင်မတူး

ဟာသသရုပ်ဆောင်မတူးအနေနဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာကျရောက်တဲ့ မွေးနေ့အထိမ်းအမှတ်အလှူလေးအဖြစ်”မွန်မြတ်စိတ်ထားတွယ်ရာမဲ့ ”
ဘိုးဘွားရိပ်သာမှာ ခိုတောင်မုန့်တီများလှူဒါန်းခဲ့တာဖြစ်ပါတယ်။

” အန်တီ့မွေးနေ့အလှူအဖြစ်မြောက်ဥက္ကလာ ညရပ်ကွက် ဘုမ္မာ၁၇လမ်း မွန်မြတ်စိတ်ထားတွယ်ရာမဲ့ဘိုးဘွားရိပ်သာမှာဘိုးဘွားများအတွက်ခိုတောင်မုန့်တီ ပွဲ ၇၀ စာကိုအဟာရဒါနလှူဒါန်းပေးခဲ့တာပါ ” လို့ သရုပ်ဆောင်မတူးက ပြောပါတယ်။

ဟာသသရုပ်ဆောင်မတူးအနေနဲ့ ရုပ်ရှင်ကားပေါင်းများစွာမှာ ဟာသသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုရရှိထားသူလည်းဖြစ်ပါတယ်။

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here