အလုပ်အကိုင်၂၆၀၀ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ်(၁၀)ခုအား MICခွင့်ပြု

0
121

အလုပ်အကိုင်၂၆၀၀ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းသစ်(၁၀)ခုအား MICခွင့်ပြု

ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သတ္တုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများ၌ လုပ်ငန်းသစ် ၁၀ ခုကို ဇန်နဝါရီ၁၄ရက်က ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကခွင့်ပြုခဲ့သည်ဟု သိရသည်။

အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၇၉ သန်းနှင့် ငွေကျပ် ၈၀၆,၀၆၆ ဒသမ ၅၉၅ သန်း ရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၄၆ နေရာကို ဖန်တီးပေးနိုင်မည်ဟု (MIC)က ပြောဆိုထားသည်။

အစည်းအဝေး၌ နစက ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြပြီး ခွင့်ပြုခဲ့သည့်လုပ်ငန်းများတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ထားသည့် ကဏ္ဍများဖြစ်သော မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍများ ပါဝင်သည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမှုအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၇၉ ဒသမ ၃၉၅ သန်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အနေဖြင့် လုပ်ငန်းပေါင်း ၂၀ က စုစုပေါင်း ငွေကျပ် ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၂,၇၄၇ ခု ဖန်တီးပေးနိုင်ခဲ့ ကြောင်း (MIC)က ပြောဆိုထားသည်။

Zaw Gyi

အလုပ္အကိုင္၂၆၀၀ေက်ာ္ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ငန္းသစ္(၁၀)ခုအား MICခြင့္ျပဳ

ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၅ ခု၏ မတည္ေငြရင္း တိုးျမႇင့္ျခင္း အပါအဝင္ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ ကုန္ထုတ္လုပ္မႈက႑၊ သတၱဳက႑ႏွင့္ ဝန္ေဆာင္မႈက႑မ်ား၌ လုပ္ငန္းသစ္ ၁၀ ခုကို ဇန္နဝါရီ၁၄ရက္က က်င္းပသည့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္(MIC) ၏ (၁/၂၀၂၂) ႀကိမ္ေျမာက္ အစည္းအေဝးကခြင့္ျပဳခဲ့သည္ဟု သိရသည္။

အဆိုပါ လုပ္ငန္းမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၂၄၁ ဒသမ ၇၉ သန္းႏွင့္ ေငြက်ပ္ ၈၀၆,၀၆၆ ဒသမ ၅၉၅ သန္း ရွိၿပီး ျပည္တြင္း လုပ္သားမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၂,၆၄၆ ေနရာကို ဖန္တီးေပးႏိုင္မည္ဟု (MIC)က ေျပာဆိုထားသည္။

အစည္းအေဝး၌ နစက ေကာင္စီအဖြဲ႕ဝင္၊ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ေကာ္မရွင္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကၿပီး ခြင့္ျပဳခဲ့သည့္လုပ္ငန္းမ်ားတြင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မရွင္က ရင္းႏွီးျမႇဳပ္ႏွံမႈ ဖိတ္ေခၚထားသည့္ က႑မ်ားျဖစ္ေသာ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း က႑မ်ားႏွင့္ ကုန္ထုတ္လုပ္မႈလုပ္ငန္းက႑မ်ား ပါဝင္သည္ဟု သိရသည္။

၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလမွ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ခြင့္ျပဳမႈအေနျဖင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း ၁၉ ခုက စုစုေပါင္း အေမရိကန္ေဒၚလာ ၄၇၉ ဒသမ ၃၉၅ သန္း ျဖင့္လည္းေကာင္း၊ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈ အေနျဖင့္ လုပ္ငန္းေပါင္း ၂၀ က စုစုေပါင္း ေငြက်ပ္ ၁,၀၄၈,၀၂၉ ဒသမ ၂၁၅ သန္းျဖင့္ လည္းေကာင္း ခြင့္ျပဳခဲ့ၿပီး အလုပ္အကိုင္ အခြင့္အလမ္းေပါင္း ၁၂,၇၄၇ ခု ဖန္တီးေပးႏိုင္ခဲ့ ေၾကာင္း (MIC)က ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here