ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ICE နှင့်စိတ်ကြွ ဆေးပြားများဖမ်းမိ

0
113

ပုသိမ်ကြီးမြို့နယ်တွင် ကျောက်မီးသွေးများဖြင့်ဖုံးအုပ်သယ်ဆောင်လာသည့် ICE နှင့်စိတ်ကြွ ဆေးပြားများဖမ်းမိ

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ထုံးဘို-မြစ်ငယ်သွားကားလမ်း၏ မိုင်တိုင်အမှတ်-၈/၅ အနီးရပ်ထားသည့် ၁၂ ဘီးကုန်တင်ကားပေါ်မှ ဇန်နဝါရီ ၁၀ ရက်နံနက် ၁ နာရီကျော်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ရပ်ထားသည့် FUSO ၁၂ ဘီးကုန်တင်ကားအား သတင်းအရရှာဖွေစစ်ဆေးရာမှ ယာဥ်နှင့်အတူ တိုင်းကျော် ဆိုသူအား ရှမ်းပြည်(မြောက်ပိုင်း)မှရန်ကုန်တိုင်းသို့ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကျောက်မီးသွေးများဖြင့် ဖုံးအုပ်ထားသည့် ဆာလာအိတ်များအတွင်းမှ ICE (၁၀၀၀ ကီလို)နှင့်စိတ်ကြွဆေးပြား ၃ သန်း(ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၄ ဒသမ ၅ ဘီလီယံ)ကိုဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိသည်။

Zaw Gyi

ပုသိမ္ႀကီးၿမိဳ႕နယ္တြင္ ေက်ာက္မီးေသြးမ်ားျဖင့္ဖုံးအုပ္သယ္ေဆာင္လာသည့္ ICE ႏွင့္စိတ္ႂကြ ေဆးျပားမ်ားဖမ္းမိ

မႏၲေလးတိုင္း၊ပုသိမ္ႀကီးၿမိဳ႕နယ္၊ထုံးဘို-ျမစ္ငယ္သြားကားလမ္း၏ မိုင္တိုင္အမွတ္-၈/၅ အနီးရပ္ထားသည့္ ၁၂ ဘီးကုန္တင္ကားေပၚမွ ဇန္နဝါရီ ၁၀ ရက္နံနက္ ၁ နာရီေက်ာ္ကဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕မွ သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္မ်ားမွ ရပ္ထားသည့္ FUSO ၁၂ ဘီးကုန္တင္ကားအား သတင္းအရရွာေဖြစစ္ေဆးရာမွ ယာဥ္ႏွင့္အတူ တိုင္းေက်ာ္ ဆိုသူအား ရွမ္းျပည္(ေျမာက္ပိုင္း)မွရန္ကုန္တိုင္းသို႔ သယ္ေဆာင္လာသည့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ေက်ာက္မီးေသြးမ်ားျဖင့္ ဖုံးအုပ္ထားသည့္ ဆာလာအိတ္မ်ားအတြင္းမွ ICE (၁၀၀၀ ကီလို)ႏွင့္စိတ္ႂကြေဆးျပား ၃ သန္း(ေဒသကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၂၄ ဒသမ ၅ ဘီလီယံ)ကိုဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူအား မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရအမႈဖြင့္အေရးယူကာ ဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ စစ္ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here