ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌနှင့် အလွတ်တမ်း သတင်းထောက်တို့ကို ၅၀၅(က)ဖြင့် ပုဒ်မတပ် တရားစွဲခံထားရ

0
159

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌနှင့် အလွတ်တမ်းသတင်းထောက်တို့ကို ၅၀၅(က)ဖြင့် ပုဒ်မတပ်တရားစွဲခံထားရ

ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မဆုရည်လင်း နှင့် အလွတ်တမ်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသား တို့ ၂၀၂၂ ဇန်နဝါရီ ၁၄ရက်တွင် အင်းစိန်ထောင်သို့ ရောက်ရှိလာပြီဟု တကသကျောင်းသားဟောင်းများ အင်အားစု- University Students’ Unions Alumni Forceက ယနေ့ ဇန်နဝါရီ၁၅ရက်တွင် ပြောဆိုသည်။

ကိုဇော်လင်းထွဋ်သည် ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက် ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းခရီးတွင် ဖမ်းဆီးခြင်း ကိုခံခဲ့ရသည်ဟု University Students’ Unions Alumni Force၏ ပြောဆိုထားခဲ့မှုများအရသိရသည်။

ဖမ်းခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပျက်တောက်သွားခဲ့၍ မိသားစုဝင်များနှင့် မိတ်ဆွေ များက များစွာ စိတ်ပူခဲ့ရသည်။

လက်ရှိနောက်ဆုံးအခြေအနေနှင့် ပတ်သတ်ပြီး တကသကျောင်းသားဟောင်းများ အင်အားစု- University Students’ Unions Alumni Forceက ထုတ်ပြန်ထားမှုတွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ မဆုရည်လင်း နှင့် အလွတ်တမ်းသတင်းထောက် ကိုဇော်လင်းထွဋ် (ခ)ဖိုးသား တို့ကို ဇန်နဝါရီလ ၁၄ ရက်နေ့ တွင် အင်းစိန်ထောင်သို့ရောက်ရှိခဲ့သည်။ လက်ရှိတွင် ၅၀၅- ကဖြင့် ပုဒ်မတပ်တရားစွဲဆိုခြင်းခံထားရပြီး ၂၀ရက်နေ့တွင် ထောင်တွင်းတရားရုံး၌ ရုံးထုတ်မည်ဟု သိရှိရပါသည်ဟု တွေ့ရှိရပါသည်။

Zaw Gyi

ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢဥကၠ႒ႏွင့္ အလြတ္တမ္းသတင္းေထာက္တို႔ကို ၅၀၅(က)ျဖင့္ ပုဒ္မတပ္တရားစြဲခံထားရ

ၿပီးခဲ့သည့္ ၂၀၂၁ ဒီဇင္ဘာလ ၁၉ ရက္ေန႔က ဖမ္းဆီးခံခဲ့ရသည့္ ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ မဆုရည္လင္း ႏွင့္ အလြတ္တမ္းသတင္းေထာက္ ကိုေဇာ္လင္းထြဋ္ (ခ)ဖိုးသား တို႔ ၂၀၂၂ ဇန္နဝါရီ ၁၄ရက္တြင္ အင္းစိန္ေထာင္သို႔ ေရာက္ရွိလာၿပီဟု တကသေက်ာင္းသားေဟာင္းမ်ား အင္အားစု- University Students’ Unions Alumni Forceက ယေန႔ ဇန္နဝါရီ၁၅ရက္တြင္ ေျပာဆိုသည္။

ကိုေဇာ္လင္းထြဋ္သည္ ၂၀၂၁ ဒီဇင္ဘာ ၁၉ ရက္ ညေနတြင္ျပဳလုပ္မည့္ သပိတ္ဆႏၵျပပြဲသို႔ သတင္းရယူရန္အသြား ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢမွ မဆုရည္လင္း (ခ) လင္းလင္း ႏွင့္အတူ လမ္းခရီးတြင္ ဖမ္းဆီးျခင္း ကိုခံခဲ့ရသည္ဟု University Students’ Unions Alumni Force၏ ေျပာဆိုထားခဲ့မႈမ်ားအရသိရသည္။

ဖမ္းခံရၿပီးေနာက္ မိသားစုႏွင့္ အဆက္အသြယ္ပ်က္ေတာက္သြားခဲ့၍ မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြ မ်ားက မ်ားစြာ စိတ္ပူခဲ့ရသည္။

လက္ရွိေနာက္ဆုံးအေျခအေနႏွင့္ ပတ္သတ္ၿပီး တကသေက်ာင္းသားေဟာင္းမ်ား အင္အားစု- University Students’ Unions Alumni Forceက ထုတ္ျပန္ထားမႈတြင္ ရန္ကုန္အေရွ႕ပိုင္း တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ မဆုရည္လင္း ႏွင့္ အလြတ္တမ္းသတင္းေထာက္ ကိုေဇာ္လင္းထြဋ္ (ခ)ဖိုးသား တို႔ကို ဇန္နဝါရီလ ၁၄ ရက္ေန႔ တြင္ အင္းစိန္ေထာင္သို႔ေရာက္ရွိခဲ့သည္။ လက္ရွိတြင္ ၅၀၅- ကျဖင့္ ပုဒ္မတပ္တရားစြဲဆိုျခင္းခံထားရၿပီး ၂၀ရက္ေန႔တြင္ ေထာင္တြင္းတရား႐ုံး၌ ႐ုံးထုတ္မည္ဟု သိရွိရပါသည္ဟု ေတြ႕ရွိရပါသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here