မွေးနေ့ရှင်မခိုင်ယဥ်မွန်ကိုယ်စားတန်ဖိုးငွေ ၅သောင်းတန် ပိုက်ဆံပန်းစည်းများကိုအဖိုးအဖွားများအားလှူဒါန်းပေးခဲ့ကိုမိုးစက်

0
195

မွေးနေ့ရှင်မခိုင်ယဥ်မွန်ကိုယ်စားတန်ဖိုးငွေ ၅သောင်းတန်ပိုက်ဆံပန်းစည်းများကိုအဖိုးအဖွားများအားလှူဒါန်းပေးခဲ့ကိုမိုးစက်

စင်္ကာပူနိုင်ငံမှာနေထိုင်တဲ့ မခိုင်ယဥ်မွန်ရဲ့မွေးနေ့အလှူအဖြစ် သမာအာဇီဝ ကျကျလုပ်ကိုင်စားသောက်နေတဲ့အဖိုးအဖွားများအတွက်ငွေသား ပန်းစည်းများကို ကိုမိုးစက်မှကိုယ်စားလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီးကိုမိုးစက်က” သမာအာဇီဝ ကျကျ လုပ်ကိုင်စားသောက်နေကြတဲ့အဖိုးအဖွားတို့ကို ကူညီလှူဒါန်းချင်လို့ပါတဲ့။

တကယ်ပါ ကျွန်တော့်ရဲ့ ကူညီလှူဒါန်းမှူကိုကြည်နူးပီတိဖြစ်နေသူ မိတ်ဆွအပေါင်းအသင်းများရဲ့ပူးပေါင်းပါဝင်မှူကြောင့်အခုဆိုရင် နေ့စဥ် နေ့တိုင်းအချိန်တော်တော်များများကိုအဖိုးအဖွားတို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

အခုလည်း စင်္ကာပူနိုင်ငံမှာ နေထိုင်နေတဲ့မခိုင်ယဥ်မွန် က သူ့ရဲ့ မွေးနေ့အတွက်အဖိုးအဖွား တို့ကို ပန်းတစ်စည်း ၅သောင်းနဲ့အဖိုးအဖွား ၁၀ ဦး ၅သိန်း ကျပ်ကိုကျွန်တော့်ကို လှူဒါန်းပေးဖို့ ပြောလို့အခုလိုလှူပေးဖြစ်တာပါ” လို့ပြောပါတယ်။

အခုလက်ရှိမှာ ကိုမိုးစက်က ဦးမိုးဒီနဲ့အတူ RCK ထိုင်းနိုင်ငံထုတ်ဒဏ်ကြေလိမ်းဆေးကြော်ငြာရိုက်ကူးဖို့အတွက်ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

Zaw Gyi








LEAVE A REPLY

Please enter your comment!
Please enter your name here