ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာပဲမျိုးစုံတန်ချိန် ၃၅၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

0
312

ဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာပဲမျိုးစုံတန်ချိန် ၃၅၄,၀၀၀ ကျော်တင်ပို့နိုင်ခဲ့

လက်ရှိမီနီဘတ်ဂျက်ကာလ (အောက်တိုဘာ-ဒီဇင်ဘာ) သုံးလအတွင်း မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၂၉၁.၈၉ သန်းတန်းဖိုးရှိ ပဲမျိူးစုံတန်ချိန် ၃၅၄, ၂၁၈ ကို တင်ပို့နိုင်ခဲ့ကြောင်း စီးပွားကူး သန်း ဝန်ကြီးဌာ ထုတ်ပြန်ပါတယ်။

ပဲမျိုးစုံတင်ပို့ရာမှာ ပင်လယ်ရေကြောင်းကနေ ကန်ဒေါ်လာ ၂၇၃.၅၆ သန်း တန်ဖိုးရှိ ပဲမျိုး စုံတန်ချိန် ၃၃၄, ၆၁၂ ကိုတင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းကနေတစ်ဆင့် ဒေါ်လာ ၁၈.၃ သန်းတန်ဖိုးရှိ ပဲတန်ချိန် ၁၉,၆၀၅ ကို အိမ်နီးချင်းနိုင်ငံတွေဆီတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပဲဈေးကွက်ဟာ အိန္ဒိယဝယ်လက်တွေကြောင့် ရှေ့လျှောက် အလားအလာကောင်း မွန်လိမ့်မယ် လို့လည်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာ့ပဲမျိုးစုံကို ဈေးကွက်အတွငင်း အများစုံးနေတဲ့ ဝယ်လက်ဖြစ်ပြီး သူနောက်မှာ တော့ ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်၊နီပေါ၊ယူအေအီး၊မလေးရှား၊အင်းိုနီးရှား၊တိုင်ပေ၊ဂျပန်နဲ့ ဥရောပနိုင်ငံ တွေကလည်း မြန်မာပဲတွေကို ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
အိန္ဒိယအစိုးရဟာ မတ်ပဲ၊ပဲစင်းငုံနဲ့ ပဲတီစိမ်း ဝယ်ယူတင်သွင်းခွင့်ကာလကို လာမယ့် မတ်လအကုန် အထိ သက်တမ်းတိုးထားပေးပြီး မြန်မာအစိုးရနဲ့လည်း နှစ်စဉ် မတ်ပဲ၊ပဲစင်းငုံ ဝယ်ယူရေးကိစ္စကို နား လည်မှုစာလွှာရေးထိုးထားတဲ့အတွက် အလားအလာ ကောင်းမွန်ဦးမယ်လို့လည်း မျှော်လင့်ရတယ်လို့ ပဲကုန်သည်တွေက ဆိုကြပါတယ်။

Zaw Gyi

ဘ႑ာႏွစ္ သုံးလအတြင္း ျမန္မာပဲမ်ိဳးစုံတန္ခ်ိန္ ၃၅၄,၀၀၀ ေက်ာ္တင္ပို႔ႏိုင္ခဲ့

လက္ရွိမီနီဘတ္ဂ်က္ကာလ (ေအာက္တိုဘာ-ဒီဇင္ဘာ) သုံးလအတြင္း ျမန္မာႏိုင္ငံက အေမရိကန္ ေဒၚလာ ၂၉၁.၈၉ သန္းတန္းဖိုးရွိ ပဲမ်ိဴးစုံတန္ခ်ိန္ ၃၅၄, ၂၁၈ ကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားကူး သန္း ဝန္ႀကီးဌာ ထုတ္ျပန္ပါတယ္။

ပဲမ်ိဳးစုံတင္ပို႔ရာမွာ ပင္လယ္ေရေၾကာင္းကေန ကန္ေဒၚလာ ၂၇၃.၅၆ သန္း တန္ဖိုးရွိ ပဲမ်ိဳး စုံတန္ခ်ိန္ ၃၃၄, ၆၁၂ ကိုတင္ပို႔ခဲ့ၿပီး နယ္စပ္လမ္းေၾကာင္းကေနတစ္ဆင့္ ေဒၚလာ ၁၈.၃ သန္းတန္ဖိုးရွိ ပဲတန္ခ်ိန္ ၁၉,၆၀၅ ကို အိမ္နီးခ်င္းႏိုင္ငံေတြဆီတင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာပဲေဈးကြက္ဟာ အိႏၵိယဝယ္လက္ေတြေၾကာင့္ ေရွ႕ေလွ်ာက္ အလားအလာေကာင္း မြန္လိမ့္မယ္ လို႔လည္း ကုန္သည္ေတြက ခန႔္မွန္းထားပါတယ္။

အိႏၵိယႏိုင္ငံဟာ ျမန္မာ့ပဲမ်ိဳးစုံကို ေဈးကြက္အတြငင္း အမ်ားစုံးေနတဲ့ ဝယ္လက္ျဖစ္ၿပီး သူေနာက္မွာ ေတာ့ ဘဂၤလားေဒ့ရွ္၊ပါကစၥတန္၊နီေပါ၊ယူေအအီး၊မေလးရွား၊အင္းိုနီးရွား၊တိုင္ေပ၊ဂ်ပန္နဲ႔ ဥေရာပႏိုင္ငံ ေတြကလည္း ျမန္မာပဲေတြကို ဝယ္ယူေနၾကတယ္လို႔ သိရပါတယ္။
အိႏၵိယအစိုးရဟာ မတ္ပဲ၊ပဲစင္းငုံနဲ႔ ပဲတီစိမ္း ဝယ္ယူတင္သြင္းခြင့္ကာလကို လာမယ့္ မတ္လအကုန္ အထိ သက္တမ္းတိုးထားေပးၿပီး ျမန္မာအစိုးရနဲ႔လည္း ႏွစ္စဥ္ မတ္ပဲ၊ပဲစင္းငုံ ဝယ္ယူေရးကိစၥကို နား လည္မႈစာလႊာေရးထိုးထားတဲ့အတြက္ အလားအလာ ေကာင္းမြန္ဦးမယ္လို႔လည္း ေမွ်ာ္လင့္ရတယ္လို႔ ပဲကုန္သည္ေတြက ဆိုၾကပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here