မန္တလေးမြို့ မဟာအောင်မြေမြို့နယ် EPC ရုံးရှိလုံခြုံရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

0
234

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် EPC ရုံးရှိလုံခြုံရေးအဖွဲ့ဝင်များ ပစ်ခတ်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ မြို့နယ် EPC ရုံး၌လုံခြုံရေးတာဝန်ကျနေသည့် လုံခြုံ ရေးအဖွဲ့ဝင်များ ဇန်နဝါရီ ၁၄ ရက်ည ၈ နာရီခန့်က သေ နတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

“ပထမ သေနတ်သံသုံးချက်လောက်အရင်ကြားရတယ် သိပ်မကြာဘူး နှစ်ဖက်အပြန်အလှန်ပစ်တဲ့အသံတွေကြားရတော့တာပဲ အပြင်တော့မထွက်ရဲလို့အိမ်ထဲကနေပဲနားစွင့်နေခဲ့ရတာ”ဟုမြို့နယ်နေသူများထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များ ထပ်မံရောက်ရှိလာခဲ့သည်ဟု သိရသည်။

“သေတဲ့သူရှိ၊မရှိကတော့မသိဘူး ဒဏ်ရာရတဲ့သူတော့ရှိဖို့များတယ် လူနာတင်ကားရောက်လာတဲ့အသံကြားတယ် EPC ရုံးမှာကိုအစောင့်ထားတဲ့ စစ်သားတွေရှိတယ် မနက်ကလည်းအဲ့ရုံးမှာ ဗုံးပေါက်ထားသေးတယ်”ဟုမြို့နယ်နေသူတစ်ဦးကပြောသည်။

လုံခြုံရေးအဖွဲ့ဝင်များက လမ်းမများအား စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး EPC ရုံးအနီးရှိ ရပ်ကွက်များအတွင်းဝင်ရောက်ကာ စစ်ဆေးမှုများလည်းပြုလုပ်ခဲ့ကြသည်။

Zaw Gyi

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ EPC ႐ုံးရွိလုံၿခဳံေရးအဖြဲ႕ဝင္မ်ား ပစ္ခတ္ခံရ

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္၊ ၃၅ လမ္း၊ ၈၆ လမ္းႏွင့္ ၈၇ လမ္းၾကားရွိ ၿမိဳ႕နယ္ EPC ႐ုံး၌လုံၿခဳံေရးတာဝန္က်ေနသည့္ လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ား ဇန္နဝါရီ ၁၄ ရက္ည ၈ နာရီခန္႔က ေသ နတ္ျဖင့္ပစ္ခတ္ခံခဲ့ရသည္ဟု ၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

“ပထမ ေသနတ္သံသုံးခ်က္ေလာက္အရင္ၾကားရတယ္ သိပ္မၾကာဘူး ႏွစ္ဖက္အျပန္အလွန္ပစ္တဲ့အသံေတြၾကားရေတာ့တာပဲ အျပင္ေတာ့မထြက္ရဲလို႔အိမ္ထဲကေနပဲနားစြင့္ေနခဲ့ရတာ”ဟုၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

ပစ္ခတ္မႈျဖစ္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ထပ္မံေရာက္ရွိလာခဲ့သည္ဟု သိရသည္။

“ေသတဲ့သူရွိ၊မရွိကေတာ့မသိဘူး ဒဏ္ရာရတဲ့သူေတာ့ရွိဖို႔မ်ားတယ္ လူနာတင္ကားေရာက္လာတဲ့အသံၾကားတယ္ EPC ႐ုံးမွာကိုအေစာင့္ထားတဲ့ စစ္သားေတြရွိတယ္ မနက္ကလည္းအဲ့႐ုံးမွာ ဗုံးေပါက္ထားေသးတယ္”ဟုၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လမ္းမမ်ားအား စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကၿပီး EPC ႐ုံးအနီးရွိ ရပ္ကြက္မ်ားအတြင္းဝင္ေရာက္ကာ စစ္ေဆးမႈမ်ားလည္းျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here