ကျောက်မဲနှင့် သီပေါကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေဟုဒေသခံများ ပြော
ကျောက်မဲနှင့် သီပေါကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်ရေးတင်းမာမှုတွေဖြစ်ပေါ် ပြီး တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဒေသခံများအနေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး ဒီကနေ့(ဇန်နဝါရီ ၁၅)ရက်မှာလည်း ပြည်ထောင်စုကားလမ်းမကြီးဘေး ဗူးခါးရွာအနီးတွင် နံနက်(၈)ကျော်အချိန်ခန့်မှစပြီး လက်နက်ကြီးပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံများက ပြောပါတယ်။
“အသံတွေက ကြားနေရတာပေါ့။ လွန်ခဲ့တဲ့ ၃ ရက်လောက်ထဲကဖြစ်နေကြနာပေါ့။ ပြောရရင် ၁၀ ရက်နေ့ ၁၁ ရက်နေ့လောက်ထဲက တိုက်ပွဲတွေဖြစ်နေတာပါ။မြို့ပေါ် အခြေအနေက မထူးခြားပါဘူး၊ တည်တည်ငြိမ်ငြိမ်ပါဘဲ၊ အဓိက က ကားလမ်းမဘက်မှာဖြစ်တာပေါ့နော်။ မြို့နဲ့ဆိုရင် ၅ မိုင်လောက်ဝေးပါမယ်။စစ်ရေးအနေအထားတင်းမာတယ်လို့ဘဲပြောရမယ်။ မနက် ၅ နာရီခွဲ ၆ နာရီလောက်ထဲက စပြီးသေနတ်သံတွေကြားရတယ်။ ည ၁၂ နာရီလောက်အထိ ကြားနေရတယ်။ တိုက်ပွဲဖြစ်နေတာက ၃ ရက်၊ ၄ ရက်လောက်ရှိပါပြီ။”လို့ ကျောက်မဲမြို့ ဒေသခံတစ်ဦး က ပြောပြခဲ့ပါတယ်။
အဆိုပါ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ်ရေးတင်းမာမှုတွေဖြစ်ပေါ် ခဲ့တာဖြစ်ပြီး ယနေ့အထိ ပြည်နယ်အတွင်းက နေရာဒေသအချို့ မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ယခုလို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်း စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာ
ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဒေသတွင်းတိုက်ပွဲများပြင်းထန်လာမှာနှင့် စစ်ဘေးရှောင်များ တိုးလာမှာကိုလည်း ကျောက်မဲမြို့ ဒေသခံတွေအနေနဲ့ စိုးရိမ်လျက်ရှိနေကြတာပါ။
ဒါကြောင့်လည်း အခုလက်ရှိအချိန်အထိ ကျောက်မဲမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း(၄)ခုအထိ ဖွင့်လှစ်ပေးထားပြီး စစ်ဘေးရှောင် ပြည်သူလူဦးရေ ၁၀၀၀ ကျော်ခန့်ကို ဒေသခံတွေက ကူညီစောင့်ရှောက်ပေးထားရတာပါ။
လတ်တလော ကာလမှာလည်း ကျောက်မဲမြို့ အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲအချို့ နေ့စဥ်ဆိုသလို ဖြစ်ပွားနေတာဖြစ်တယ်လို့လည်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။
Zaw Gyi
ေက်ာက္မဲႏွင့္ သီေပါၾကားရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ၃ ရက္ဆက္တိုက္ တိုက္ပြဲမ်ားျဖစ္ပြားေနဟုေဒသခံမ်ား ေျပာ
ေက်ာက္မဲႏွင့္ သီေပါၾကားရွိ ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း စစ္ေရးတင္းမာမႈေတြျဖစ္ေပၚ ၿပီး တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အတြက္ ေဒသခံမ်ားအေနနဲ႔ စိုးရိမ္ေနရတယ္လို႔ သိရပါတယ္။
အဆိုပါ ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားေနသည္မွာ ၃ ရက္ခန္႔ရွိၿပီျဖစ္ၿပီး ဒီကေန႔(ဇန္နဝါရီ ၁၅)ရက္မွာလည္း ျပည္ေထာင္စုကားလမ္းမႀကီးေဘး ဗူးခါး႐ြာအနီးတြင္ နံနက္(၈)ေက်ာ္အခ်ိန္ခန္႔မွစၿပီး လက္နက္ႀကီးပစ္ခတ္မႈေတြရွိေနတယ္လို႔ ေဒသခံမ်ားက ေျပာပါတယ္။
“အသံေတြက ၾကားေနရတာေပါ့။ လြန္ခဲ့တဲ့ ၃ ရက္ေလာက္ထဲကျဖစ္ေနၾကနာေပါ့။ ေျပာရရင္ ၁၀ ရက္ေန႔ ၁၁ ရက္ေန႔ေလာက္ထဲက တိုက္ပြဲေတြျဖစ္ေနတာပါ။ၿမိဳ႕ေပၚ အေျခအေနက မထူးျခားပါဘူး၊ တည္တည္ၿငိမ္ၿငိမ္ပါဘဲ၊ အဓိက က ကားလမ္းမဘက္မွာျဖစ္တာေပါ့ေနာ္။ ၿမိဳ႕နဲ႔ဆိုရင္ ၅ မိုင္ေလာက္ေဝးပါမယ္။စစ္ေရးအေနအထားတင္းမာတယ္လို႔ဘဲေျပာရမယ္။ မနက္ ၅ နာရီခြဲ ၆ နာရီေလာက္ထဲက စၿပီးေသနတ္သံေတြၾကားရတယ္။ ည ၁၂ နာရီေလာက္အထိ ၾကားေနရတယ္။ တိုက္ပြဲျဖစ္ေနတာက ၃ ရက္၊ ၄ ရက္ေလာက္ရွိပါၿပီ။”လို႔ ေက်ာက္မဲၿမိဳ႕ ေဒသခံတစ္ဦး က ေျပာျပခဲ့ပါတယ္။
အဆိုပါ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နယ္ေျမေဒသအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္တဲ့ RCSS ႏွင့္ SSPP, TNLA တို႔အၾကား ၿပီးခဲ့သည့္ႏွစ္ ဇြန္လဆန္းကစၿပီး စစ္ေရးတင္းမာမႈေတြျဖစ္ေပၚ ခဲ့တာျဖစ္ၿပီး ယေန႔အထိ ျပည္နယ္အတြင္းက ေနရာေဒသအခ်ိဳ႕ မွာ ထိေတြ႕တိုက္ပြဲေတြ ျဖစ္ပြားေနဆဲျဖစ္ပါတယ္။
ယခုလို ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အခ်င္းခ်င္း စစ္ေရးတင္းမာမႈေတြ ျဖစ္ေပၚေနတာ
ေၾကာင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ေဒသတြင္းတိုက္ပြဲမ်ားျပင္းထန္လာမွာႏွင့္ စစ္ေဘးေရွာင္မ်ား တိုးလာမွာကိုလည္း ေက်ာက္မဲၿမိဳ႕ ေဒသခံေတြအေနနဲ႔ စိုးရိမ္လ်က္ရွိေနၾကတာပါ။
ဒါေၾကာင့္လည္း အခုလက္ရွိအခ်ိန္အထိ ေက်ာက္မဲၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္စခန္း(၄)ခုအထိ ဖြင့္လွစ္ေပးထားၿပီး စစ္ေဘးေရွာင္ ျပည္သူလူဦးေရ ၁၀၀၀ ေက်ာ္ခန္႔ကို ေဒသခံေတြက ကူညီေစာင့္ေရွာက္ေပးထားရတာပါ။
လတ္တေလာ ကာလမွာလည္း ေက်ာက္မဲၿမိဳ႕ အနီးတစ္ဝိုက္မွာ ထိေတြ႕တိုက္ပြဲအခ်ိဳ႕ ေန႔စဥ္ဆိုသလို ျဖစ္ပြားေနတာျဖစ္တယ္လို႔လည္း ေဒသခံမ်ားရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။