ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်​ပွား​နေဟု​ဒေသခံများ ​ပြော

0
197

ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်​ပွား​နေဟု​ဒေသခံများ ​ပြော

ကျောက်မဲနှင့် သီပေါကြားရှိ ပြည်​ထောင်စုလမ်းမကြီး​ပေါ်တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း စစ်​ရေးတင်းမာမှု​တွေဖြစ်​ပေါ် ပြီး ​တိုက်ပွဲများဖြစ်​ပွားနေသည့်အတွက် ​ဒေသခံများအ​နေနဲ့ စိုးရိမ်​နေရတယ်လို့ သိရပါတယ်။

အဆိုပါ ထိ​​တွေ့တိုက်ပွဲများဖြစ်ပွား​နေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ပြီး ဒီက​နေ့(ဇန်နဝါရီ ၁၅)ရက်မှာလည်း ပြည်ထောင်စုကားလမ်းမကြီးဘေး ဗူးခါးရွာအနီးတွင် နံနက်(၈)ကျော်အချိန်ခန့်မှစပြီး လက်နက်ကြီးပစ်ခတ်မှု​တွေရှိ​နေတယ်လို့ ​ဒေသခံများက ​ပြောပါတယ်။

“အသံ​​တွေက ကြား​​နေရတာ​ပေါ့။ လွန်ခဲ့တဲ့ ၃ ရက်​လောက်ထဲကဖြစ်​နေကြနာ​ပေါ့။ ​ပြောရရင် ၁၀ ရက်​နေ့ ၁၁ ရက်​​နေ့​လောက်ထဲက တိုက်ပွဲ​တွေဖြစ်​နေတာပါ။မြို့​ပေါ် အ​ခြေအ​နေက မထူးခြားပါဘူး၊ တည်တည်ငြိမ်ငြိမ်ပါဘဲ၊ အဓိက က ကားလမ်းမဘက်မှာဖြစ်တာ​ပေါ့​နော်။ မြို့နဲ့ဆိုရင် ၅ မိုင်​လောက်​ဝေးပါမယ်။စစ်​ရေးအ​နေအထားတင်းမာတယ်လို့ဘဲ​ပြောရမယ်။ မနက် ၅ နာရီခွဲ ၆ နာရီ​လောက်ထဲက စပြီးသေနတ်​သံတွေကြား​ရတယ်။ ည ၁၂ နာရီ​လောက်အထိ ကြား​နေရတယ်။ တိုက်ပွဲဖြစ်​နေတာက ၃ ​ရက်၊ ၄ ရက်​လောက်ရှိပါပြီ။”လို့ ​ကျောက်မဲမြို့ ​ဒေသခံတစ်ဦး က ​ပြောပြခဲ့ပါတယ်။

အဆိုပါ ရှမ်းပြည်နယ်(​မြောက်ပိုင်း) နယ်​​မြေဒေသအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS နှင့် SSPP, TNLA တို့အကြား ပြီးခဲ့သည့်နှစ် ဇွန်လဆန်းကစပြီး စစ်​ရေးတင်းမာမှု​တွေဖြစ်​ပေါ် ခဲ့တာဖြစ်ပြီး ယနေ့အထိ ​​ပြည်နယ်အတွင်းက နေရာ​ဒေသအချို့ မှာ ထိ​တွေ့တိုက်ပွဲ​တွေ ဖြစ်ပွား​နေဆဲဖြစ်ပါတယ်။

ယခုလို ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အချင်းချင်း စစ်​ရေးတင်းမာမှု​တွေ ဖြစ်​ပေါ်​နေတာ​
ကြောင့် ရှမ်းပြည်နယ်(​မြောက်ပိုင်း)တွင် ​ဒေသတွင်းတိုက်ပွဲများပြင်းထန်လာမှာနှင့် စစ်​ဘေး​ရှောင်များ တိုးလာမှာကိုလည်း ကျောက်မဲမြို့ ​ဒေသခံ​တွေအ​နေနဲ့ စိုးရိမ်​​လျက်ရှိ​နေကြတာပါ။

ဒါ​ကြောင့်လည်း ​အခုလက်ရှိအချိန်အထိ ကျောက်မဲမြို့​ပေါ်မှာ စစ်​ဘေး​ရှောင်စခန်း(၄)ခုအထိ ဖွင့်လှစ်​ပေးထားပြီး စစ်​ဘေး​ရှောင် ပြည်သူလူဦး​ရေ ၁၀၀၀ ​ကျော်ခန့်ကို ဒေသခံ​တွေက ကူညီ​စောင့်​ရှောက်​ပေးထားရတာပါ။

လတ်တ​လော ကာလမှာလည်း ​ကျောက်မဲမြို့ အနီးတစ်ဝိုက်မှာ ထိ​တွေ့တိုက်ပွဲအချို့ ​နေ့စဥ်ဆိုသလို ဖြစ်ပွား​​နေတာဖြစ်တယ်လို့လည်း ​ဒေသခံ​များရဲ့ ​ပြောပြချက်အရ သိရပါတယ်။

Zaw Gyi

 

ေက်ာက္မဲႏွင့္ သီေပါၾကားရွိ ျပည္​ေထာင္စုလမ္းမႀကီး​ေပၚတြင္ ၃ ရက္ဆက္တိုက္ တိုက္ပြဲမ်ားျဖစ္​ပြား​ေနဟု​ေဒသခံမ်ား ​ေျပာ

ေက်ာက္မဲႏွင့္ သီေပါၾကားရွိ ျပည္​ေထာင္စုလမ္းမႀကီး​ေပၚတြင္ ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အခ်င္းခ်င္း စစ္​ေရးတင္းမာမႈ​ေတြျဖစ္​ေပၚ ၿပီး ​တိုက္ပြဲမ်ားျဖစ္​ပြားေနသည့္အတြက္ ​ေဒသခံမ်ားအ​ေနနဲ႔ စိုးရိမ္​ေနရတယ္လို႔ သိရပါတယ္။

အဆိုပါ ထိ​​ေတြ႕တိုက္ပြဲမ်ားျဖစ္ပြား​ေနသည္မွာ ၃ ရက္ခန္႔ရွိၿပီျဖစ္ၿပီး ဒီက​ေန႔(ဇန္နဝါရီ ၁၅)ရက္မွာလည္း ျပည္ေထာင္စုကားလမ္းမႀကီးေဘး ဗူးခါး႐ြာအနီးတြင္ နံနက္(၈)ေက်ာ္အခ်ိန္ခန္႔မွစၿပီး လက္နက္ႀကီးပစ္ခတ္မႈ​ေတြရွိ​ေနတယ္လို႔ ​ေဒသခံမ်ားက ​ေျပာပါတယ္။

“အသံ​​ေတြက ၾကား​​ေနရတာ​ေပါ့။ လြန္ခဲ့တဲ့ ၃ ရက္​ေလာက္ထဲကျဖစ္​ေနၾကနာ​ေပါ့။ ​ေျပာရရင္ ၁၀ ရက္​ေန႔ ၁၁ ရက္​​ေန႔​ေလာက္ထဲက တိုက္ပြဲ​ေတြျဖစ္​ေနတာပါ။ၿမိဳ႕​ေပၚ အ​ေျခအ​ေနက မထူးျခားပါဘူး၊ တည္တည္ၿငိမ္ၿငိမ္ပါဘဲ၊ အဓိက က ကားလမ္းမဘက္မွာျဖစ္တာ​ေပါ့​ေနာ္။ ၿမိဳ႕နဲ႔ဆိုရင္ ၅ မိုင္​ေလာက္​ေဝးပါမယ္။စစ္​ေရးအ​ေနအထားတင္းမာတယ္လို႔ဘဲ​ေျပာရမယ္။ မနက္ ၅ နာရီခြဲ ၆ နာရီ​ေလာက္ထဲက စၿပီးေသနတ္​သံေတြၾကား​ရတယ္။ ည ၁၂ နာရီ​ေလာက္အထိ ၾကား​ေနရတယ္။ တိုက္ပြဲျဖစ္​ေနတာက ၃ ​ရက္၊ ၄ ရက္​ေလာက္ရွိပါၿပီ။”လို႔ ​ေက်ာက္မဲၿမိဳ႕ ​ေဒသခံတစ္ဦး က ​ေျပာျပခဲ့ပါတယ္။

အဆိုပါ ရွမ္းျပည္နယ္(​ေျမာက္ပိုင္း) နယ္​​ေျမေဒသအတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားျဖစ္တဲ့ RCSS ႏွင့္ SSPP, TNLA တို႔အၾကား ၿပီးခဲ့သည့္ႏွစ္ ဇြန္လဆန္းကစၿပီး စစ္​ေရးတင္းမာမႈ​ေတြျဖစ္​ေပၚ ခဲ့တာျဖစ္ၿပီး ယေန႔အထိ ​​ျပည္နယ္အတြင္းက ေနရာ​ေဒသအခ်ိဳ႕ မွာ ထိ​ေတြ႕တိုက္ပြဲ​ေတြ ျဖစ္ပြား​ေနဆဲျဖစ္ပါတယ္။

ယခုလို ရွမ္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား အခ်င္းခ်င္း စစ္​ေရးတင္းမာမႈ​ေတြ ျဖစ္​ေပၚ​ေနတာ​
ေၾကာင့္ ရွမ္းျပည္နယ္(​ေျမာက္ပိုင္း)တြင္ ​ေဒသတြင္းတိုက္ပြဲမ်ားျပင္းထန္လာမွာႏွင့္ စစ္​ေဘး​ေရွာင္မ်ား တိုးလာမွာကိုလည္း ေက်ာက္မဲၿမိဳ႕ ​ေဒသခံ​ေတြအ​ေနနဲ႔ စိုးရိမ္​​လ်က္ရွိ​ေနၾကတာပါ။

ဒါ​ေၾကာင့္လည္း ​အခုလက္ရွိအခ်ိန္အထိ ေက်ာက္မဲၿမိဳ႕​ေပၚမွာ စစ္​ေဘး​ေရွာင္စခန္း(၄)ခုအထိ ဖြင့္လွစ္​ေပးထားၿပီး စစ္​ေဘး​ေရွာင္ ျပည္သူလူဦး​ေရ ၁၀၀၀ ​ေက်ာ္ခန္႔ကို ေဒသခံ​ေတြက ကူညီ​ေစာင့္​ေရွာက္​ေပးထားရတာပါ။

လတ္တ​ေလာ ကာလမွာလည္း ​ေက်ာက္မဲၿမိဳ႕ အနီးတစ္ဝိုက္မွာ ထိ​ေတြ႕တိုက္ပြဲအခ်ိဳ႕ ​ေန႔စဥ္ဆိုသလို ျဖစ္ပြား​​ေနတာျဖစ္တယ္လို႔လည္း ​ေဒသခံ​မ်ားရဲ႕ ​ေျပာျပခ်က္အရ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here