ပခုက္ကူတွင် ခရီးသည်တင်ကားပေါ်မှမုန့်ဖာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းများဖမ်းမိ

0
455

ပခုက္ကူတွင် ခရီးသည်တင်ကားပေါ်မှမုန့်ဖာများအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဖောက်ခွဲရေးပစ္စည်းများဖမ်းမိ

မကွေးတိုင်း၊ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်၊ဧရာဝ တီတံတား(ပခုက္ကူ)တံတားအဆင်း၌ ဇန်နဝါရီ ၁၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှသိရသည်။

“ဖမ်းမိတာတော့ဟုတ်တယ် အသေးစိတ်စစ်ဆေးတာတွေလုပ်နေတယ် အကုန်ပြောပြလို့မရသေးဘူး”ဟုရဲအရာရှိတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် လုံခြုံရေးအဖွဲ့ဝင်များက စလင်းမြို့နေသူမောင်းနှင်လာသည့် ခရီးသည်တင်ယာဥ်အားစစ်ဆေးရာမှ မုန့်ဖာများအတွင်းသိုဝှက်သယ်ဆောင်လာသည့် ဒီတိုနေတာ ၁၃၃၀ ခု၊အဝါရောင်ယမ်းကြိုး ၅၀ မီတာအရှည် ၂ ခွေနှင့်အမိုနီယမ်နိုက်ထရိတ် ခြောက်အိတ်အားဖမ်ဆီးရမိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ပစ္စည်းများအား စလင်းမြို့ရှိ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်မှတင်ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ဆက်စပ်ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ် ဆေးလျက်ရှိသည်။

Zaw Gyi

ပခုကၠဴတြင္ ခရီးသည္တင္ကားေပၚမွမုန္႔ဖာမ်ားအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ ေဖာက္ခြဲေရးပစၥည္းမ်ားဖမ္းမိ

မေကြးတိုင္း၊ပခုကၠဴခ႐ိုင္၊ပခုကၠဴၿမိဳ႕နယ္၊ဧရာဝ တီတံတား(ပခုကၠဴ)တံတားအဆင္း၌ ဇန္နဝါရီ ၁၅ ရက္နံနက္ ၁၀ နာရီခြဲခန္႔က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ သည္ဟု ခ႐ိုင္ရဲတပ္ဖြဲ႕မွသိရသည္။

“ဖမ္းမိတာေတာ့ဟုတ္တယ္ အေသးစိတ္စစ္ေဆးတာေတြလုပ္ေနတယ္ အကုန္ေျပာျပလို႔မရေသးဘူး”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက စလင္းၿမိဳ႕ေနသူေမာင္းႏွင္လာသည့္ ခရီးသည္တင္ယာဥ္အားစစ္ေဆးရာမွ မုန္႔ဖာမ်ားအတြင္းသိုဝွက္သယ္ေဆာင္လာသည့္ ဒီတိုေနတာ ၁၃၃၀ ခု၊အဝါေရာင္ယမ္းႀကိဳး ၅၀ မီတာအရွည္ ၂ ေခြႏွင့္အမိုနီယမ္ႏိုက္ထရိတ္ ေျခာက္အိတ္အားဖမ္ဆီးရမိခဲ့ျခင္းျဖစ္သည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ ပစၥည္းမ်ားအား စလင္းၿမိဳ႕ရွိ ေဆာက္လုပ္ေရးပစၥည္းအေရာင္းဆိုင္မွတင္ေပးလိုက္ျခင္းျဖစ္သည္ဟု သိရသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ဆက္စပ္ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ ေဆးလ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here