မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်း ခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

0
114

မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဥ်များ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီးစဥ်များအား ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးလျက်ရှိကြောင်း တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်သို့ ရောက်ရှိနေသည့် နစက ဥက္ကဋ္ဌအား ပြည်ထောင်စုဝန်ကြီးများက ရှင်းလင်းပြောကြားခဲ့ကြသည်။

ဇန်နဝါရီ ၁၅ ရက်က ကျွန်းစုမြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား နစက ဥက္ကဋ္ဌက ကျွန်းစုမြို့၊မြို့တော်ခန်းမ၌တွေ့ဆုံစဥ် ရှင်း လင်းပြောကြားခဲ့ကြခြင်းဖြစ်သည်၊

မြိတ်-ထားဝယ်-ကော့သောင်း လေကြောင်းခရီး စဉ်များအား ပြန်လည်ဖွင့်လှစ်ပြေးဆွဲပေးလျက်ရှိကာ ကျွန်းပတ်လေကြောင်းခရီးစဉ်များကိုလည်း လာမည့် ရက်သတ္တပတ်အတွင်းပြန်လည်ပြေးဆွဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်ဟု ရှင်းလင်းတင်ပြခဲ့သည်။

ရေကြောင်းခရီးစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အ တွက် ရေကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း နစက ဥက္ကဋ္ဌအားရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ ဒေသတွင်း ပြည်တွင်း၊ပြည်ပမှခရီး သွားများလာရောက်မှုကို ထိရောက်စွာအသုံးချ၍ ဒေသ ထွက်ကုန်၊ ထုတ်ကုန်များကို အရည်အ သွေးပြည့်မီသည့် ရောင်းကုန်များအဖြစ်လုပ် ဆောင်နိုင်ပါက ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူ ဖြစ်စေနိုင်သည့် အ ခြေအနေများရှိမည်ဟု ဆွေးနွေးတင်ပြခဲ့ကြသည်။

ဒေသဝမ်းစာဖူလုံရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်လိုအပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းစနစ်များနှင့်အသေးစား စက်မှုလုပ်ငန်းများအတွက်လိုအပ်သည့် အရင်း အနှီးများကို မတည်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကိုလည်း တင်ပြခဲ့ကြသည်။

ထို့အတူ ဒေသတွင်း ပုလဲ၊ခဲမဖြူ၊အဖြိုက်နက်၊ ငှက်သိုက် ထုတ်လုပ်မှုများနှင့်ကျွန်းများအား အ ခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို လုပ်ဆောင်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးများက နစက ဥက္ကဋ္ဌအားဆွေးနွေးတင်ပြခဲ့ကြသည်။

Zaw Gyi

ၿမိတ္-ထားဝယ္-ေကာ့ေသာင္း ေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ေျပးဆြဲေပးလ်က္ရွိ

ၿမိတ္-ထားဝယ္-ေကာ့ေသာင္း ေလေၾကာင္းခရီးစဥ္မ်ားအား ျပန္လည္ဖြင့္လွစ္ေျပးဆြဲေပးလ်က္ရွိေၾကာင္း တနသၤာရီတိုင္း၊ကြၽန္းစုၿမိဳ႕နယ္သို႔ ေရာက္ရွိေနသည့္ နစက ဥကၠ႒အား ျပည္ေထာင္စုဝန္ႀကီးမ်ားက ရွင္းလင္းေျပာၾကားခဲ့ၾကသည္။

ဇန္နဝါရီ ၁၅ ရက္က ကြၽန္းစုၿမိဳ႕နယ္မွ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ရပ္မိရပ္ဖမ်ားအား နစက ဥကၠ႒က ကြၽန္းစုၿမိဳ႕၊ၿမိဳ႕ေတာ္ခန္းမ၌ေတြ႕ဆုံစဥ္ ရွင္း လင္းေျပာၾကားခဲ့ၾကျခင္းျဖစ္သည္၊

ၿမိတ္-ထားဝယ္-ေကာ့ေသာင္း ေလေၾကာင္းခရီး စဥ္မ်ားအား ျပန္လည္ဖြင့္လွစ္ေျပးဆြဲေပးလ်က္ရွိကာ ကြၽန္းပတ္ေလေၾကာင္းခရီးစဥ္မ်ားကိုလည္း လာမည့္ ရက္သတၱပတ္အတြင္းျပန္လည္ေျပးဆြဲေပးႏိုင္ေရးေဆာင္႐ြက္လ်က္ရွိသည္ဟု ရွင္းလင္းတင္ျပခဲ့သည္။

ေရေၾကာင္းခရီးစဥ္မ်ား အဆင္ေျပေခ်ာေမြ႕စြာျဖင့္ ေဘးအႏၲရာယ္ကင္းရွင္းစြာသြားလာႏိုင္ေရး၊ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမရွိေစေရးတို႔အ တြက္ ေရေၾကာင္းထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ားကိုလည္း နစက ဥကၠ႒အားရွင္းလင္းတင္ျပခဲ့ၾကသည္။

အလားတူ ေဒသတြင္း ျပည္တြင္း၊ျပည္ပမွခရီး သြားမ်ားလာေရာက္မႈကို ထိေရာက္စြာအသုံးခ်၍ ေဒသ ထြက္ကုန္၊ ထုတ္ကုန္မ်ားကို အရည္အ ေသြးျပည့္မီသည့္ ေရာင္းကုန္မ်ားအျဖစ္လုပ္ ေဆာင္ႏိုင္ပါက ေဒသတြင္းစီးပြားေရးဖြံ႕ၿဖိဳးတိုး တက္မႈကို အေထာက္အကူ ျဖစ္ေစႏိုင္သည့္ အ ေျခအေနမ်ားရွိမည္ဟု ေဆြးေႏြးတင္ျပခဲ့ၾကသည္။

ေဒသဝမ္းစာဖူလုံေရးႏွင့္ေက်းလက္ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္လိုအပ္သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးဆိုင္ရာနည္းစနစ္မ်ားႏွင့္အေသးစား စက္မႈလုပ္ငန္းမ်ားအတြက္လိုအပ္သည့္ အရင္း အႏွီးမ်ားကို မတည္ျဖည့္ဆည္းေဆာင္႐ြက္ေပးႏိုင္မည့္ အေျခအေနမ်ားကိုလည္း တင္ျပခဲ့ၾကသည္။

ထို႔အတူ ေဒသတြင္း ပုလဲ၊ခဲမျဖဴ၊အၿဖိဳက္နက္၊ ငွက္သိုက္ ထုတ္လုပ္မႈမ်ားႏွင့္ကြၽန္းမ်ားအား အ ေျချပဳ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားကို လုပ္ေဆာင္ႏိုင္မည္ဟု ျပည္ေထာင္စုဝန္ႀကီးမ်ားက နစက ဥကၠ႒အားေဆြးေႏြးတင္ျပခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here