အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုစတင် ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန် လာသူ၏ မိသားစုဝင်နှစ်ဦးတွင်ပိုးတွေ့ရှိ

0
157

အိုမီခရွန်ရောဂါပိုး ပြည်တွင်းကူးစက်မှုစတင် ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန် လာသူ၏ မိသားစုဝင်နှစ်ဦးတွင်ပိုးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အိုမီခရွန်ရော ဂါပိုးတွေ့ရှိနိုင်သည့် ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ ပိုးတွေ့ရှိထားသူ၏ မိသားစုဝင်နှစ်ဦးနှင့်မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေးလေယာဥ်ဖြင့် ပြန်လည်ဝင်ရောက်လာသူ ရှစ်ဦး(စုစုပေါင်း ၁၀ ဦး)တို့တွင် အိုမီခရွန်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အဆိုပါ ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာနနှင့်အမှတ်(၁)တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)၌ စစ်ဆေးခဲ့ခြင်းဖြစ် သည်။

အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေးလေယာဥ်ဖြင့်ပြန် လည်ဝင်ရောက်လာသူများအ နက် မြန်မာနိုင်ငံသား ငါးဦးနှင့်နိုင်ငံခြား သား သုံးဦးတို့တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇန်နဝါရီ ၁၃ ရက်ကစစ်ဆေးတွေ့ရှိခဲ့ရသည့် အိုမီခရွန်ပိုးတွေ့ရှိသူ၏ မင်္ဂ လာတောင်ညွှန့်မြို့နယ်နေ မိသားစုဝင်နှစ်ဦးတွင်လည်း ရောဂါပိုးတွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ တွေ့ရှိခဲ့ရသဖြင့် မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးတွေးရှိသူပေါင်း ၇၆ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

အိုမီခရွန်ပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကုသပေးလျက်ရှိသည်။၎င်းတို့နှင့်အတူ လေကြောင်းခရီးစဉ်၌ လိုက်ပါလာသူများအား အသွားအလာကန့်သတ်ခြင်း(Strict Quarantine)နှင့်ဓာတ်ခွဲစမ်းသပ်စစ် ဆေးမှုများကို ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်လျက်ရှိသည်။

Zaw Gyi

အိုမီခ႐ြန္ေရာဂါပိုး ျပည္တြင္းကူးစက္မႈစတင္ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ျပန္ လာသူ၏ မိသားစုဝင္ႏွစ္ဦးတြင္ပိုးေတြ႕ရွိ

က်န္းမာေရးဝန္ႀကီးဌာနမွ ဇန္နဝါရီ ၁၄ ရက္ႏွင့္ ၁၅ ရက္တို႔တြင္ အိုမီခ႐ြန္ေရာ ဂါပိုးေတြ႕ရွိႏိုင္သည့္ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ ပိုးေတြ႕ရွိထားသူ၏ မိသားစုဝင္ႏွစ္ဦးႏွင့္ျမန္မာႏိုင္ငံသို႔ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္လည္ဝင္ေရာက္လာသူ ရွစ္ဦး(စုစုေပါင္း ၁၀ ဦး)တို႔တြင္ အိုမီခ႐ြန္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ရသည္ဟု အဆိုပါ ဝန္ႀကီးဌာနမွထုတ္ျပန္ခဲ့သည္။

အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ ရာဌာနႏွင့္အမွတ္(၁)တပ္မေတာ္ေဆး႐ုံႀကီးခုတင္(၁၀၀၀)၌ စစ္ေဆးခဲ့ျခင္းျဖစ္ သည္။

အိႏၵိယႏိုင္ငံမွ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ျပန္ လည္ဝင္ေရာက္လာသူမ်ားအ နက္ ျမန္မာႏိုင္ငံသား ငါးဦးႏွင့္ႏိုင္ငံျခား သား သုံးဦးတို႔တြင္ ေရာဂါပိုးေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဇန္နဝါရီ ၁၃ ရက္ကစစ္ေဆးေတြ႕ရွိခဲ့ရသည့္ အိုမီခ႐ြန္ပိုးေတြ႕ရွိသူ၏ မဂၤ လာေတာင္ၫႊန္႔ၿမိဳ႕နယ္ေန မိသားစုဝင္ႏွစ္ဦးတြင္လည္း ေရာဂါပိုးေတြ႕ရွိခဲ့ရသည္ဟု ထုတ္ျပန္ခဲ့သည္။

ထိုသို႔ ေတြ႕ရွိခဲ့ရသျဖင့္ ျမန္မာႏိုင္ငံတြင္ အိုမီခ႐ြန္ေရာဂါပိုးေတြးရွိသူေပါင္း ၇၆ ဦးအထိရွိလာၿပီျဖစ္ေၾကာင္း က်န္းမာ ေရးဝန္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

အိုမီခ႐ြန္ပိုးေတြ႕ရွိသူမ်ားအား သတ္မွတ္ေဆး႐ုံႀကီးမ်ားတြင္ သီးသန႔္ထားရွိကုသေပးလ်က္ရွိသည္။၎တို႔ႏွင့္အတူ ေလေၾကာင္းခရီးစဥ္၌ လိုက္ပါလာသူမ်ားအား အသြားအလာကန႔္သတ္ျခင္း(Strict Quarantine)ႏွင့္ဓာတ္ခြဲစမ္းသပ္စစ္ ေဆးမႈမ်ားကို က်န္းမာေရးဝန္ႀကီးဌာနကျပဳလုပ္လ်က္ရွိသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here