မြဝတီ-ကော့ကရိတ်သွားကားလမ်းတွင် ဂတ်စ်တင်လာသည့် ကားသုံးစီးပစ်ခတ်ခံရ၍ တစ်စီးမီးလောင်ပျက်စီး

0
166

မြဝတီ-ကော့ကရိတ်သွားကားလမ်းတွင် ဂတ်စ်တင်လာသည့် ကားသုံးစီးပစ်ခတ်ခံရ၍ တစ်စီးမီးလောင်ပျက်စီး

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကုန်းကွေ့အနီးတွင် ဂတ်စ်တင်လာသည့် ကားသုံးစီးအား အမည်မသိလက်နက်ကိုင်အဖွဲ့က ယနေ့ နေ့လည် ၁ နာရီခန့်က ပစ်ခတ်ခဲ့သဖြင့် တစ်စီးမီးလောင်ကာ ကားမောင်းသူတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“သေနတ်ပစ်သံတွေကြားတော့ ရှေ့ ဆက်မမောင်းရဲတော့လို့ရပ်ထားလိုက်ရတယ် စစ်ကားတွေလည်းခရာတွေမှုတ်ပြီးမောင်းသွားကြတယ် ၂ နာရီခွဲလောက်မှာ လမ်းပွင့်သွားလို့မောင်းလာရင်း ကားတစ်စီးလုံးမီးလောင်ပြီး ပျက် စီးနေတာကိုတွေ့တာ”ဟု ရန်ကုန်-မြဝတီပြေးဆွဲပေးနေသည့် ခရီးသည်တင်ယာဥ်မောင်းတစ်ဦးကပြောသည်။

ဂတ်စ်တင်လာသည့် ကားသုံးစီးပစ်ခတ်ခံရပြီး ကားတစ်စီးမှာမီးလောင်ပျက်စီးသွားခဲ့ပြီး ကျန်တစ်စီး၏ ယာဥ်မောင်းဖြစ်သူမှာ ကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးခဲ့ကာ တစ်စီးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“မီးလောင်သွားတဲ့ကားက ကားမောင်းတဲ့လူက တော့ဘာဖြစ်သွားတယ်ဆိုတာမသိဘူး တစ်ယောက်တော့သေသွားတယ် ကြားရသလောက်ကတော့ မီး လောင်တဲ့ဆီကိုငြိမ်းဖို့လာတဲ့ မီးသတ်ကားလည်းပစ်ခံရတယ် သေသွားတဲ့ကားသမားကိုတော့ လူနာတင်ကားနဲ့တင်သွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

ကားမောင်းသူသေဆုံးခဲ့သည့် ဂတ်စ်တင်ကားမှာမီးလောင်မှုမဖြစ်ခဲ့ဘဲ ဂတ်စ်ယိုစိမ့်ထွက်မှုများရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Photo-CJ

Zaw Gyi

ျမဝတီ-ေကာ့ကရိတ္သြားကားလမ္းတြင္ ဂတ္စ္တင္လာသည့္ ကားသုံးစီးပစ္ခတ္ခံရ၍ တစ္စီးမီးေလာင္ပ်က္စီး

ကရင္ျပည္နယ္ရွိ ျမဝတီ-ေကာ့ကရိတ္သြားကားလမ္း၏ ကြမ္းၿခံကုန္းေကြ႕အနီးတြင္ ဂတ္စ္တင္လာသည့္ ကားသုံးစီးအား အမည္မသိလက္နက္ကိုင္အဖြဲ႕က ယေန႔ ေန႔လည္ ၁ နာရီခန္႔က ပစ္ခတ္ခဲ့သျဖင့္ တစ္စီးမီးေလာင္ကာ ကားေမာင္းသူတစ္ဦးေသဆုံးခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“ေသနတ္ပစ္သံေတြၾကားေတာ့ ေရွ႕ ဆက္မေမာင္းရဲေတာ့လို႔ရပ္ထားလိုက္ရတယ္ စစ္ကားေတြလည္းခရာေတြမႈတ္ၿပီးေမာင္းသြားၾကတယ္ ၂ နာရီခြဲေလာက္မွာ လမ္းပြင့္သြားလို႔ေမာင္းလာရင္း ကားတစ္စီးလုံးမီးေလာင္ၿပီး ပ်က္ စီးေနတာကိုေတြ႕တာ”ဟု ရန္ကုန္-ျမဝတီေျပးဆြဲေပးေနသည့္ ခရီးသည္တင္ယာဥ္ေမာင္းတစ္ဦးကေျပာသည္။

ဂတ္စ္တင္လာသည့္ ကားသုံးစီးပစ္ခတ္ခံရၿပီး ကားတစ္စီးမွာမီးေလာင္ပ်က္စီးသြားခဲ့ၿပီး က်န္တစ္စီး၏ ယာဥ္ေမာင္းျဖစ္သူမွာ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိ၍ ေသဆုံးခဲ့ကာ တစ္စီးလြတ္ေျမာက္သြားခဲ့ေၾကာင္း သိရသည္။

“မီးေလာင္သြားတဲ့ကားက ကားေမာင္းတဲ့လူက ေတာ့ဘာျဖစ္သြားတယ္ဆိုတာမသိဘူး တစ္ေယာက္ေတာ့ေသသြားတယ္ ၾကားရသေလာက္ကေတာ့ မီး ေလာင္တဲ့ဆီကိုၿငိမ္းဖို႔လာတဲ့ မီးသတ္ကားလည္းပစ္ခံရတယ္ ေသသြားတဲ့ကားသမားကိုေတာ့ လူနာတင္ကားနဲ႔တင္သြားတယ္”ဟုေဒသခံတစ္ဦးကေျပာသည္။

ကားေမာင္းသူေသဆုံးခဲ့သည့္ ဂတ္စ္တင္ကားမွာမီးေလာင္မႈမျဖစ္ခဲ့ဘဲ ဂတ္စ္ယိုစိမ့္ထြက္မႈမ်ားရွိခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here