စစ်တွေမှ ရန်ကုန်သို့ လေယာဥ်ဖြင့်သွားမည့် ခရီးသည် ၁၃ ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့

0
174

စစ်တွေမှ ရန်ကုန်သို့ လေယာဥ်ဖြင့်သွားမည့် ခရီးသည် ၁၃ ဦးတွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့

စစ်​တွေမှရန်ကုန်သို့ လေယာဥ်ဖြင့်သွား ရောက်မည့်သူများအား ဇန်နဝါရီ ၁၅ ရက်က စစ်တွေတက္ကသိုလ်ဟောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်(၁၉)ရောဂါစစ်ဆေးသည့်နေရာ၌ စစ်ဆေးရာမှတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်ကိုဗစ် (၁၉)ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့သည်။

ဝေသာလီအားကစားရုံ၌အဆောင်ဝင်နေသည့် ပြေးခုန်ပစ်အားကစားသမား ၈ ဦးနှင့်လေယာဥ်ဖြင့်လိုက်ပါမည့် အခြားခရီးသည် ၅ ဦး(စုစုပေါင်း ၁၃ ဦး)တွင်ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ပိုးတွေ့ရှိသူများအား စစ်တွေဆေးရုံကြီးနှင့်သက္ကကယ်ပြင်ဆေးရုံတို့သို့ ပို့ဆောင်ကာ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင်လျက်ရှိသည်။

“ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားလူတွေကတော့ ထိုးပြီးကြောင်းအထောက်အထားပြရင် ထပ်စစ်စရာမလိုတော့ဘူး တစ်ကြိမ်ထိုးပြီးသားနဲ့မထိုးရသေးတဲ့လူတွေကိုပဲစစ်ပေးတာ”ဟုစစ်တွေမြို့နေ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိခဲ့သူ ၁၃ ဦး၏ကျန်းမာ ရေးအခြေအနေမှာကောင်းမွန်လျက်ရှိပြီး ၎င်းတို့နှင့်ဆက်စပ်သူများကိုလည်း ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊မရှိအား အမြန်ဆုံးစစ်ဆေးပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Zaw Gyi

စစ္ေတြမွ ရန္ကုန္သို႔ ေလယာဥ္ျဖင့္သြားမည့္ ခရီးသည္ ၁၃ ဦးတြင္ ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕

စစ္​ေတြမွရန္ကုန္သို႔ ေလယာဥ္ျဖင့္သြား ေရာက္မည့္သူမ်ားအား ဇန္နဝါရီ ၁၅ ရက္က စစ္ေတြတကၠသိုလ္ေဟာင္းတြင္ ဖြင့္လွစ္ထားသည့္ ကိုဗစ္(၁၉)ေရာဂါစစ္ေဆးသည့္ေနရာ၌ စစ္ေဆးရာမွေတြ႕ရွိခဲ့ရျခင္းျဖစ္သည္ဟု ျပည္နယ္ကိုဗစ္ (၁၉)ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုန္႔ျပန္ေရးေကာ္မတီက ထုတ္ျပန္ခဲ့သည္။

ေဝသာလီအားကစား႐ုံ၌အေဆာင္ဝင္ေနသည့္ ေျပးခုန္ပစ္အားကစားသမား ၈ ဦးႏွင့္ေလယာဥ္ျဖင့္လိုက္ပါမည့္ အျခားခရီးသည္ ၅ ဦး(စုစုေပါင္း ၁၃ ဦး)တြင္ေရာဂါပိုးေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

ပိုးေတြ႕ရွိသူမ်ားအား စစ္ေတြေဆး႐ုံႀကီးႏွင့္သကၠကယ္ျပင္ေဆး႐ုံတို႔သို႔ ပို႔ေဆာင္ကာ လိုအပ္သည့္က်န္းမာေရးေစာင့္ေရွာက္မႈမ်ားလုပ္ေဆာင္လ်က္ရွိသည္။

“ကိုဗစ္ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးၿပီးသားလူေတြကေတာ့ ထိုးၿပီးေၾကာင္းအေထာက္အထားျပရင္ ထပ္စစ္စရာမလိုေတာ့ဘူး တစ္ႀကိမ္ထိုးၿပီးသားနဲ႔မထိုးရေသးတဲ့လူေတြကိုပဲစစ္ေပးတာ”ဟုစစ္ေတြၿမိဳ႕ေန က်န္းမာေရးဝန္ထမ္းတစ္ဦးကေျပာသည္။

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိခဲ့သူ ၁၃ ဦး၏က်န္းမာ ေရးအေျခအေနမွာေကာင္းမြန္လ်က္ရွိၿပီး ၎တို႔ႏွင့္ဆက္စပ္သူမ်ားကိုလည္း ေရာဂါပိုးကူးစက္ခံထားရျခင္း ရွိ၊မရွိအား အျမန္ဆုံးစစ္ေဆးေပးသြားမည္ျဖစ္သည္ဟု သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here