မန္တလေးအိုးဘိုအကျဉ်းထောင်ဝန်းသို့ လက်ပစ်ဗုံးပစ်ခံရ၍ အကျဉ်းဝန်ထမ်း၁ဦးအပါအဝင် စစ်သား၂ဦးဒဏ်ရာရ

0
164

(Unicode)

မန္တလေးအိုးဘိုအကျဉ်းထောင်ဝန်းသို့ လက်ပစ်ဗုံးပစ်ခံရ၍ အကျဉ်းဝန်ထမ်း၁ဦးအပါအဝင် စစ်သား၂ဦးဒဏ်ရာရ

မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်ထဲက အိုးဘိုရွှေကျင်ရပ်ကွက်မှာတဲ့ မန္တလေးဗဟိုအကျဉ်းထောင်ဝန်းအတွင်း ဇန်နဝါရီ ၁၆ရက် ညနေ၆နာရီ ၃၀မိနစ်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး တာဝန်ကျနေသူအချို့ ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပြကြပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာကတော့ အကျဉ်းဦးစီးဌာန၊ အိုးဘိုထောင်ဝန်း ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းမြောက်ဘက် ဂိတ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

အိုးဘိုထောင်အနီးနေထိုင်သူတစ်ဦးက”မနေ့ညနေက အိုးဘိုထောင်ဘက်မှာ ဗုံးပေါက်ကွဲသံတွေရော သေနတ်ပစ်သံတွေရော ကြားရတယ်။ အတော်လေးကျယ်တယ်”ဟု ပြောသည်။

လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ အိုးဘိုထောင်ရဲ့ အုတ်တံတိုင်းကို လက်ပစ်ဗုံးက ကျော်ပြီး ဝင်ရောက်လာပြီး ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။

ဒဏ်ရာရတဲ့ စစ်သားနှစ်ဦးနဲ့ အကျဉ်းဦးစီးဝန်ထမ်းတပ်သားတို့ရဲ့ အခြေအနေက မစိုးရိမ်ရဘူးလို့လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောပြပါတယ်။

(Zawgyi)

မႏၲေလးအိုးဘိုအက်ဥ္းေထာင္ဝန္းသို႔ လက္ပစ္ဗုံးပစ္ခံရ၍ အက်ဥ္းဝန္ထမ္း၁ဦးအပါအဝင္ စစ္သား၂ဦးဒဏ္ရာရ

မႏၲေလးၿမိဳ႕၊ေအာင္ေျမသာဇံၿမိဳ႕နယ္ထဲက အိုးဘိုေ႐ႊက်င္ရပ္ကြက္မွာတဲ့ မႏၲေလးဗဟိုအက်ဥ္းေထာင္ဝန္းအတြင္း ဇန္နဝါရီ ၁၆ရက္ ညေန၆နာရီ ၃၀မိနစ္က ေပါက္ကြဲမႈျဖစ္ပြါးခဲ့ၿပီး တာဝန္က်ေနသူအခ်ိဳ႕ ထိခိုက္ဒဏ္ရာရမႈေတြရွိခဲ့တယ္လို႔ လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြကေျပာျပၾကပါတယ္။

ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ေနရာကေတာ့ အက်ဥ္းဦးစီးဌာန၊ အိုးဘိုေထာင္ဝန္း ဝန္ထမ္းေလ့က်င့္ေရးသင္တန္းေက်ာင္းေျမာက္ဘက္ ဂိတ္မွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

အိုးဘိုေထာင္အနီးေနထိုင္သူတစ္ဦးက”မေန႔ညေနက အိုးဘိုေထာင္ဘက္မွာ ဗုံးေပါက္ကြဲသံေတြေရာ ေသနတ္ပစ္သံေတြေရာ ၾကားရတယ္။ အေတာ္ေလးက်ယ္တယ္”ဟု ေျပာသည္။

လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြရဲ႕ ေျပာျပခ်က္အရ အိုးဘိုေထာင္ရဲ႕ အုတ္တံတိုင္းကို လက္ပစ္ဗုံးက ေက်ာ္ၿပီး ဝင္ေရာက္လာၿပီး က်ေရာက္ေပါက္ကြဲခဲ့တာလို႔ သိရပါတယ္။

ဒဏ္ရာရတဲ့ စစ္သားႏွစ္ဦးနဲ႔ အက်ဥ္းဦးစီးဝန္ထမ္းတပ္သားတို႔ရဲ႕ အေျခအေနက မစိုးရိမ္ရဘူးလို႔လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူေတြကေျပာျပပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here