လသာ UAB ဘဏ်ထဲ ကော်သေနတ်ပြ ဓားပြဝင်တိုက်မှုဖြစ်ပွား

0
226

(Unicode)

လသာ UAB ဘဏ်ထဲ ကော်သေနတ်ပြ ဓားပြဝင်တိုက်မှုဖြစ်ပွား

ရန်ကုန်မြို့ လသာမြို့နယ်ကမ်းနားလမ်းနဲ့ ၁၉ လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ UAB ဘဏ်ထဲကို ဒီကနေ့ ဇန်နဝါရီလ ၁၇ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်က လူတစ်ဦး သေနတ်ပြ ဓားပြဝင်တိုက်ခဲ့တာမှာ ဘဏ်လုံခြုံရေးဝန်ထမ်းက ဖမ်းဆီးနိုင်လိုက်တယ်လို့ သိရပါတယ်။

“အဲ့ဒီသူ ကိုင်ဆောင်ထားတာက သေနတ်အစစ်မဟုတ်ဘူး။ကော်သေနတ်။ကော်သေနတ်ပြပြီး ဝင်တိုက်တာ လုံးထွေးဖမ်းဆီးလိုက်နိုင်ခဲ့တယ်”လို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဓားပြတိုက်သူမှာ သန်လျင်မြို့နယ်ထဲ နေတဲ့ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး ဘဏ်အတွင်းဝင်လာကာ ဘဏ်ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ပြီး ငွေတွေကို လုယူဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

“ဓားပြတိုက်တဲ့အချိန်မှာယူသွားတာက ဆယ်သိန်းဝန်းကျင်ပေါ့ဘဏ်လုံခြုံရေးက လုံးထွေးဖမ်းဆီးလိုက်တော့ မိသွားတယ် အခုစခန်းခေါ်သွားပြီ”ဟုရဲအရာရှိတစ်ဦးကပြောပါတယ်။

ဘဏ်ဓားပြတိုက်ခံရသည့်ဖြစ်စဥ်အား သတင်း ရ၍ လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာသဖြင့် ဖမ်းဆီးရမိခဲ့သည့် ဓားပြတိုက်သူအား ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

(Zawgyi)

လသာ UAB ဘဏ္ထဲ ေကာ္ေသနတ္ျပ ဓားျပဝင္တိုက္မႈျဖစ္ပြား

ရန္ကုန္ၿမိဳ႕ လသာၿမိဳ႕နယ္ကမ္းနားလမ္းနဲ႔ ၁၉ လမ္းေထာင့္မွာ ဖြင့္လွစ္ထားတဲ့ UAB ဘဏ္ထဲကို ဒီကေန႔ ဇန္နဝါရီလ ၁၇ ရက္ ေန႔လယ္ ၁၂ နာရီ ၁၀ မိနစ္ဝန္းက်င္ခန႔္က လူတစ္ဦး ေသနတ္ျပ ဓားျပဝင္တိုက္ခဲ့တာမွာ ဘဏ္လုံၿခဳံေရးဝန္ထမ္းက ဖမ္းဆီးႏိုင္လိုက္တယ္လို႔ သိရပါတယ္။

“အဲ့ဒီသူ ကိုင္ေဆာင္ထားတာက ေသနတ္အစစ္မဟုတ္ဘူး။ေကာ္ေသနတ္။ေကာ္ေသနတ္ျပၿပီး ဝင္တိုက္တာ လုံးေထြးဖမ္းဆီးလိုက္ႏိုင္ခဲ့တယ္”လို႔ ရဲတပ္ဖြဲ႕က တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ဓားျပတိုက္သူမွာ သန္လ်င္ၿမိဳ႕နယ္ထဲ ေနတဲ့ က်ပန္းအလုပ္လုပ္ကိုင္သူျဖစ္ၿပီး ဘဏ္အတြင္းဝင္လာကာ ဘဏ္ဝန္ထမ္းေတြကို ေသနတ္ျပၿခိမ္းေျခာက္ၿပီး ေငြေတြကို လုယူဖို႔ႀကိဳးစားခဲ့တာျဖစ္ပါတယ္။

“ဓားျပတိုက္တဲ့အခ်ိန္မွာယူသြားတာက ဆယ္သိန္းဝန္းက်င္ေပါ့ဘဏ္လုံၿခဳံေရးက လုံးေထြးဖမ္းဆီးလိုက္ေတာ့ မိသြားတယ္ အခုစခန္းေခၚသြားၿပီ”ဟုရဲအရာရွိတစ္ဦးကေျပာပါတယ္။

ဘဏ္ဓားျပတိုက္ခံရသည့္ျဖစ္စဥ္အား သတင္း ရ၍ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားေရာက္ရွိလာသျဖင့္ ဖမ္းဆီးရမိခဲ့သည့္ ဓားျပတိုက္သူအား ေခၚေဆာင္သြားခဲ့ေၾကာင္း သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here