မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော

0
183

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးပြော

မြန်မာ့ ငြိမ်းချမ်းရေးအတွက်ပြောဆိုဆွေးနွေးမှုတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

နစကခေါင်းဆောင်တွေအနေနဲ့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ဖို့ပါ တောင်းဆိုခဲ့ပြီး ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင်တော့ အဓိပ္ပာယ်မဲ့ဖြစ်မယ့် အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီပြန်လည်ထူထောင်ရေးမှာ ’’မရှိမဖြစ်’’ လိုအပ်တာမို့ သူမကို ပြစ်ဒဏ်တွေ ချမှတ်ထားလည်း ပါဝင်ခွင့်ပေးရမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာပါ။

နောက်ပြီး မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေရပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt ရဲ့ တောင်းဆိုချက်အတိုင်းပဲ ထပ်တူ ခံယူထားတဲ့အကြောင်းပါ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုတာတွေပါလုပ်ဆောင်ခဲ့ပါတယ်။

မြန်မာ့ပြဿနာ ဖြေရှင်းရေးနဲ့ ပတ်သတ်ပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် တိုးတက်မှုရှိစေဖို့ ဖိလစ်ပိုင်ဘက်က တိုက်တွန်းတာတွေလုပ်ဆောင်နေပါတယ်။

လက်ရှိမှာတော့ အာဆီယံ အလှည့်ကျ ဥက္ကဌကမ္ဘောဒီးယားက ဦးဆောင်လုပ်မယ့် နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကို ရွှေ့ဆိုင်းထားတာရှိပါတယ်။

ဇန်နဝါရီ ၁၄ ရက်က အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ ဆွေးနွေးမှုတစ်ခုမှာ စင်ကာပူဝန်ကြီးချုပ်က အာဆီယံအလှည့်ကျ ဥက္ကဌ ဝန်ကြီးချုပ် ဟွန်ဆန်ကို မြန်မာ့အရေးကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအဝင် သက်ဆိုင်တဲ့သူတွေ အားလုံးပါဝင်ဖို့လိုတဲ့အကြောင်း၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပါအဝင် အာဆီယံရဲ့ သဘောတူညီချက် ၅ချက်ကို ပူးပေါင်းဆောင်ရွက်လာမယ့်အချိန်ထိ နစကကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဖယ်ထုတ်ထားဖို့ နဲ့ အစိုးရအဖွဲ့မဟုတ်တဲ့သူ တစ်ဦးကို မြန်မာကိုယ်စားလှယ်အဖြစ် ဖိတ်ကြားဖို့ ဆုံးဖြတ်ထားတဲ့ အာဆီယံရဲ့ အဆုံးအဖြတ်ကို ပြင်ဆင်ချင်တယ်ဆိုရင်တော့ အချက်အလက်အသစ်တွေကို အာဆီယံကို ယူဆောင် လာခဲ့ပြီး ဆွေးနွေးဆုံးဖြတ်ပြီးမှသာ ရမယ်လို့ ပြောကြားခဲ့တာတွေ ရှိနေပါတယ်။

နစကဘက်ကတော့ ယခုရက်ထဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာဆီယံကို နိုင်ငံအနေနဲ့ ဝင်ရောက်ခဲ့တာဖြစ်လို့ နိုင်ငံကိုယ်စားပြုမှုကို လေးစားဖို့လိုကာ အဖွဲ့ဝင်နိုင်ငံတွေ တန်းတူရည်တူ အခွင့်အရေး ရှိဖို့လိုတဲ့အပြင် ပြည်တွင်းရေးကို မစွက်ဖက်တဲ့ မူဝါဒရှိတဲ့အကြောင်း တုန့်ပြန်တာတွေ လုပ်ဆောင်ခဲ့ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း အာဆီယံဥက္ကဌရဲ့ အထူးကိုယ်စားလှယ်အသစ်ခန့်အပ်မယ့် အပေါ်ကြိုဆိုတဲ့အကြောင်း၊အာဆီယံတူညီဆန္ဒ ၅ချက် အကောင်အထည်ဖော်ရေးကို အပြည့်အ၀ ပံ့ပိုးသွားမယ့်အကြောင်း ဆွေးနွေးခဲ့တာရှိတယ်လို့ ပြောဆိုခဲ့တာရှိပါတယ်။

Zaw Gyi

ျမန္မာ့ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမွာ ေဒၚေအာင္ဆန္းစုၾကည္ပါဝင္ရမယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ

ျမန္မာ့ ၿငိမ္းခ်မ္းေရးအတြက္ေျပာဆိုေဆြးေႏြးမႈတိုင္းမွာ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ရမယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက မေန႔က ေျပာၾကားလိုက္ပါတယ္။

နစကေခါင္းေဆာင္ေတြအေနနဲ႔ သက္ဆိုင္သူအားလုံး ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ၿပီး ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈ လုပ္ငန္းစဥ္ကို ျပန္လည္ေဆာင္႐ြက္ဖို႔ပါ ေတာင္းဆိုခဲ့ၿပီး ေဆြးေႏြးပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္ မပါရင္ေတာ့ အဓိပၸာယ္မဲ့ျဖစ္မယ့္ အျပင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီမိုကေရစီျပန္လည္ထူေထာင္ေရးမွာ ’’မရွိမျဖစ္’’ လိုအပ္တာမို႔ သူမကို ျပစ္ဒဏ္ေတြ ခ်မွတ္ထားလည္း ပါဝင္ခြင့္ေပးရမယ္လို႔ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုလိုက္တာပါ။

ေနာက္ၿပီး ျမန္မာစစ္တပ္အေနနဲ႔ ႏိုင္ငံေရးအက်ဥ္းသား အားလုံးကို ျပန္လႊတ္ေပးဖို႔၊ အၾကမ္းဖက္မႈေတြရပ္ၿပီး လူ႔အခြင့္အေရးကို ေလးစားလိုက္နာဖို႔ ေနာ္ေဝ ႏိုင္ငံျခားေရးဝန္ႀကီး Anniken Huitfeldt ရဲ႕ ေတာင္းဆိုခ်က္အတိုင္းပဲ ထပ္တူ ခံယူထားတဲ့အေၾကာင္းပါ ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးက ထည့္သြင္းေျပာဆိုတာေတြပါလုပ္ေဆာင္ခဲ့ပါတယ္။

ျမန္မာ့ျပႆနာ ေျဖရွင္းေရးနဲ႔ ပတ္သတ္ၿပီး အာဆီယံရဲ႕ ဘုံသေဘာတူညီခ်က္ ၅ ရပ္ တိုးတက္မႈရွိေစဖို႔ ဖိလစ္ပိုင္ဘက္က တိုက္တြန္းတာေတြလုပ္ေဆာင္ေနပါတယ္။

လက္ရွိမွာေတာ့ အာဆီယံ အလွည့္က် ဥကၠဌကေမာၻဒီးယားက ဦးေဆာင္လုပ္မယ့္ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ားအစည္းအေဝးကို ေ႐ႊ႕ဆိုင္းထားတာရွိပါတယ္။

ဇန္နဝါရီ ၁၄ ရက္က အြန္လိုင္းကတဆင့္ ျပဳလုပ္တဲ့ ေဆြးေႏြးမႈတစ္ခုမွာ စင္ကာပူဝန္ႀကီးခ်ဳပ္က အာဆီယံအလွည့္က် ဥကၠဌ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကို ျမန္မာ့အေရးကိစၥနဲ႔ပတ္သက္တဲ့ ေဆြးေႏြးမႈေတြလုပ္တဲ့အခါမွာ ေဒၚေအာင္ဆန္းစုၾကည္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္အပါအဝင္ သက္ဆိုင္တဲ့သူေတြ အားလုံးပါဝင္ဖို႔လိုတဲ့အေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြအပါအဝင္ အာဆီယံရဲ႕ သေဘာတူညီခ်က္ ၅ခ်က္ကို ပူးေပါင္းေဆာင္႐ြက္လာမယ့္အခ်ိန္ထိ နစကေကာင္စီကို အာဆီယံအစည္းအေဝးေတြကေန ဖယ္ထုတ္ထားဖို႔ နဲ႔ အစိုးရအဖြဲ႕မဟုတ္တဲ့သူ တစ္ဦးကို ျမန္မာကိုယ္စားလွယ္အျဖစ္ ဖိတ္ၾကားဖို႔ ဆုံးျဖတ္ထားတဲ့ အာဆီယံရဲ႕ အဆုံးအျဖတ္ကို ျပင္ဆင္ခ်င္တယ္ဆိုရင္ေတာ့ အခ်က္အလက္အသစ္ေတြကို အာဆီယံကို ယူေဆာင္ လာခဲ့ၿပီး ေဆြးေႏြးဆုံးျဖတ္ၿပီးမွသာ ရမယ္လို႔ ေျပာၾကားခဲ့တာေတြ ရွိေနပါတယ္။

နစကဘက္ကေတာ့ ယခုရက္ထဲျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ အာဆီယံကို ႏိုင္ငံအေနနဲ႔ ဝင္ေရာက္ခဲ့တာျဖစ္လို႔ ႏိုင္ငံကိုယ္စားျပဳမႈကို ေလးစားဖို႔လိုကာ အဖြဲ႕ဝင္ႏိုင္ငံေတြ တန္းတူရည္တူ အခြင့္အေရး ရွိဖို႔လိုတဲ့အျပင္ ျပည္တြင္းေရးကို မစြက္ဖက္တဲ့ မူဝါဒရွိတဲ့အေၾကာင္း တုန႔္ျပန္တာေတြ လုပ္ေဆာင္ခဲ့ၿပီး ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း အာဆီယံဥကၠဌရဲ႕ အထူးကိုယ္စားလွယ္အသစ္ခန႔္အပ္မယ့္ အေပၚႀကိဳဆိုတဲ့အေၾကာင္း၊အာဆီယံတူညီဆႏၵ ၅ခ်က္ အေကာင္အထည္ေဖာ္ေရးကို အျပည့္အ၀ ပံ့ပိုးသြားမယ့္အေၾကာင္း ေဆြးေႏြးခဲ့တာရွိတယ္လို႔ ေျပာဆိုခဲ့တာရွိပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here