မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး လက်လုပ်ဗုံးဖြင့် အပစ်ခံရ

0
126

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး လက်လုပ်ဗုံးဖြင့် အပစ်ခံရ

မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ် လမ်း၁၃၀ (ဆ)ဈေးအနီးနားက (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဒီကနေ့ ဇန်နဝါရီ ၁၇ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်စီးသူအချို့က လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရှိရပါတယ်။

“လက်ပစ်ဗုံးက သဲအိတ်ဘန်ကာထဲကျပြီး ပေါက်ကွဲသွားတာလို့ သိရပါတယ်။ဒဏ်ရာရသူရှိတယ်လို့ သိရတယ်။အဲ့ဒီ့မှာ စောင့်နေတဲ့ သူ မိုင်းစမှန်တယ်ဆိုပြီးတော့”လို့ အနီးနားကရပ်ကွက်သားတစ်ဦးကပြောပြပါတယ်။

ပြည်ကြီးတံခွန်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရာအိမ်မှူးတစ်ဦးရဲ့ နေအိမ်လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရတာရှိတယ်လို့လည်း သိရပါတယ်။

လုံခြုံရေးဆိုင်ရာအသိုင်းအဝိုင်းနဲ့ နီးစပ်သူရဲ့ ပြောပြချက်အရ (ဆ)ဈေးအနီးနားက (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရတာမှာ ရုံးရှေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဗုံးစထိမှန်ခဲ့တာရှိပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ပြောပါတယ်။

Zaw Gyi

မႏၲေလး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ထဲက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတစ္႐ုံး လက္လုပ္ဗုံးျဖင့္ အပစ္ခံရ

မႏၲေလးၿမိဳ႕၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ လမ္း၁၃၀ (ဆ)ေဈးအနီးနားက (ဆ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဒီကေန႔ ဇန္နဝါရီ ၁၇ရက္ မြန္းလြဲပိုင္းက ဆိုင္ကယ္စီးသူအခ်ိဳ႕က လက္လုပ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းကေန သိရွိရပါတယ္။

“လက္ပစ္ဗုံးက သဲအိတ္ဘန္ကာထဲက်ၿပီး ေပါက္ကြဲသြားတာလို႔ သိရပါတယ္။ဒဏ္ရာရသူရွိတယ္လို႔ သိရတယ္။အဲ့ဒီ့မွာ ေစာင့္ေနတဲ့ သူ မိုင္းစမွန္တယ္ဆိုၿပီးေတာ့”လို႔ အနီးနားကရပ္ကြက္သားတစ္ဦးကေျပာျပပါတယ္။

ျပည္ႀကီးတံခြန္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ရာအိမ္မႉးတစ္ဦးရဲ႕ ေနအိမ္လက္ပစ္ဗုံးနဲ႔ ပစ္ေပါက္ခံခဲ့ရတာရွိတယ္လို႔လည္း သိရပါတယ္။

လုံၿခဳံေရးဆိုင္ရာအသိုင္းအဝိုင္းနဲ႔ နီးစပ္သူရဲ႕ ေျပာျပခ်က္အရ (ဆ)ေဈးအနီးနားက (ဆ)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး ဗုံးပစ္ခံရတာမွာ ႐ုံးေရွ႕က လုံၿခဳံေရးတပ္ဖြဲ႕ဝင္တစ္ဦး ဗုံးစထိမွန္ခဲ့တာရွိၿပီး စိုးရိမ္ရတဲ့ အေျခအေန မရွိဘူးလို႔ ေျပာပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here