အိန္ဒိယနိုင်ငံက ပဲစင်းငုံနှင့် မတ်ပဲတင်သွင်းခွင့်ပြုသည့် ကာလတိုးမြှင့်မှု မြန်မာကုန်သည်များကြိုဆို

0
244

အိန္ဒိယနိုင်ငံက ပဲစင်းငုံနှင့် မတ်ပဲတင်သွင်းခွင့်ပြုသည့် ကာလတိုးမြှင့်မှု မြန်မာကုန်သည်များကြိုဆို

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနက ပဲတီစိမ်း၊မတ်ပဲနှင့်ပဲစင်းငုံတို့အား အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး အဆိုပါပဲများအား လွတ်လပ်စွာတင်သွင်းခွင့်ပြု သည့်ကာလအား ၃၁-၃-၂၀၂၂ ရက်အထိတိုးမြှင့် သတ်မှတ်လိုက်သည်ဟု နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးနေအေးလွင်၏ ပြောကြားချက်ကို ကိုးကားပြီး နစကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

အိန္ဒိယက ၂၀-၁၂-၂၀၂၁ ရက်တွင် ပဲတီစိမ်းတင်သွင်းမှုအတွက်အမိန့်ကြော်ငြာစာ အမှတ် S.O. 5317(E) ကိုလည်းကောင်း၊ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခြင်းအတွက် အမိန့် ကြော်ငြာစာအမှတ်S.O. 5318(E) အားလည်းကောင်း ထုတ်ပြန်လျက် အဆိုပါပဲများအား လွတ်လပ်စွာတင်သွင်းခွင့်ပြု သည့်ကာလကို ၃၁-၃-၂၀၂၂ ရက်အထိတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့်မတ်ပဲတို့အား ကန့်သတ်ကုန်စည်အဖြစ်မှလွတ်လပ်စွာ (Free)တင်သွင်းခွင့်ပြုသည့်ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် တင်ပို့ရာဒေသ၌ Bill of Loadingထုတ်ပေးခြင်းကို ၃၁-၁၂-၂၀၂၁ရက်အထိလည်းကောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည်များအား ဆိပ်ကမ်းရှင်းလင်းခြင်းကို၃၁-၁- ၂၀၂၂ ရက်နောက်ဆုံးထား၍လည်း ကောင်း တင်သွင်းခွင့်ပြုခဲ့ခြင်းအား ၃၁-၃-၂၀၂၂ ရက်အထိတိုးမြှင့် သတ်မှတ်လိုက်ခြင်းဖြစ်သည့်အပြင် ၃၁-၃-၂၀၂၂ ရက် မတိုင်မီ တင်ပို့ရာဆိပ်ကမ်းမှ Bill of Loading ထုတ်ပေးခဲ့ပါကအိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများတွင်အကောက်ခွန်နှင့် ဆိပ်ကမ်း ရှင်းလင်းမှုလုပ်ငန်းများကို ၃၀-၆-၂၀၂၂ ရက် နောက်ဆုံးထား၍ ဆောင်ရွက်ခွင့်ပြုမည် ဖြစ်ကြောင်းလည်း နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးနေအေးလွင်က ပြောကြားထားသည်။

အိန္ဒိယ အစိုးရက အဓိက ပဲသုံးမျိုးအား လွတ်လပ်စွာတင်သွင်းခွင့်ကာလ တိုးမြှင့်ခဲ့မှု အပေါ် ပဲကုန်သည်အသိုင်းအဝိုင်းက ကြိုဆိုလျက် ရှိကြသော်လည်း ပြည်ပမှပဲများ ဈေးနှုန်းသက်သာ စွာဖြင့် ဝင်ရောက်လာပါက ၎င်း တို့၏ ဝင်ငွေရရှိမှုအား ထိခိုက်မှုရှိလာနိုင်မည့်အရေးကို အိန္ဒိယ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သူများက စိုးရိမ်မကင်း ဖြစ်ပေါ်လျက်ရှိနေကြသည်။

Kalaburgi ရှိ ကာနာတကာပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌ Mr Basa-varaj Ingin က အစိုးရ၏ ယခုဆောင်ရွက်ချက်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု မဆိုနိုင်ကြောင်း၊ပဲများလွတ်လပ် စွာ တင်သွင်းခွင့်ပြုခြင်းသည် ယခု နှစ်၌ စိုက်ပျိုးထုတ်လုပ်သူများအတွက် ထိခိုက်မှု ဖြစ်စေရုံသာမက နောင်လာ မည့် သီးနှံ ရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုအပေါ်ကိုလည်း သက်ရောက် မှုရှိကြောင်း၊ သို့ဖြစ်ရာ အစိုးရအနေဖြင့် အရေ အတွက်အရ ကန့်သတ်မှုအချို့ကို လုပ်ဆောင် သင့်ကြောင်း ပြောဆိုသည်။

တန်ဇန်းနီးယား နိုင်ငံပဲမျိုးစုံ ကွန်ရက် (Tanzania Pulses Network)၌ တွဲဖက်ပူးပေါင်း ဆောင်ရွက်ရေးမှူးအဖြစ် တာဝန်ယူ လျက်ရှိ သောMr Zirack Andrewက အိန္ဒိယအစိုးရ၏ ပဲများ လွတ်လပ်စွာ တင်သွင်းခွင့်ကာလ တိုးမြှင့်ကြောင်း ကြေညာချက်မှာ ၎င်းတို့အတွက် သတင်း ကောင်းပင်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နောက်၌ အိန္ဒိယ၏ တတိယမြောက် ပဲအများဆုံး တင်သွင်းရာ နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သော တန်ဇန်းနီးယားရှိ ပို့ကုန်လုပ်ငန်း ရှင်များ အတွက် အိန္ဒိယနိုင်ငံနှင့် ဆက် စပ်၍ စီးပွားရေးလုပ်ဆောင် ရန် ယုံကြည်မှုကို ပြန်လည်မြှင့်တင်ရာ၌အထောက် အကူပြုကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ၌ ပဲမျိုးစုံတင်ပို့မှုကို လုပ်ဆောင် လျက်ရှိသော OATA ကုန်သည်အသင်း ဥက္ကဋ္ဌ MrVatsalLilani ကလည်း အိန္ဒိယအစိုးရ၏ ယခု လုပ်ဆောင်ချက်သည် ကုန်သွယ်မှုလုပ်ငန်းများ တည်ငြိမ်မှုရရှိစေသကဲ့သို့ စဉ်ဆက်မပြတ် ကုန်စည်ပို့ဆောင်နိုင်ရေးအတွက်လည်း အထောက် အပံ့ပြုကြောင်း၊ ထို့ပြင် အိန္ဒိယနှင့်ပဲ တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်းတည်ငြိမ်မှုကိုလည်း သေချာ ခိုင်မာစေကြောင်း၊ အိန္ဒိယအာဏာပိုင်များ၏ ယခု ကဲ့သို့ လက်တွေ့ ကျသော ကုန်သွယ်ရေးမူဝါဒ ချမှတ်ဖော်ဆောင်မှုကို မြန်မာကုန်သည်အသိုင်း အဝိုင်းကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြောင်းဖြင့် နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှ စီးပွားရေးသံမှူး ဦးနေအေးလွင်၏ ပြောကြားချက်ကို ကိုးကားပြီး နစကစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

လက်ရှိမီနီဘတ်ဂျက်ကာလ (အောက်တိုဘာ-ဒီဇင်ဘာ) သုံးလအတွင်း မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၂၉၁.၈၉ သန်းတန်းဖိုးရှိ ပဲမျိူးစုံတန်ချိန် ၃၅၄၂၁၈ ကို တင်ပို့နိုင်ခဲ့သည်ဟု နစက စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားကာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၂၇၃.၅၆ သန်း တန်ဖိုးရှိ ပဲမျိုး စုံတန်ချိန် ၃၃၄၆၁၂ ကိုတင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ဒေါ်လာ ၁၈.၃ သန်းတန်ဖိုးရှိ ပဲတန်ချိန် ၁၉၆၀၅ ကို အိမ်နီးချင်းနိုင်ငံများထံ တင်ပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

Photo Credit _ Myanmar Digital News

Zaw Gyi

အိႏၵိယႏိုင္ငံက ပဲစင္းငုံႏွင့္ မတ္ပဲတင္သြင္းခြင့္ျပဳသည့္ ကာလတိုးျမႇင့္မႈ ျမန္မာကုန္သည္မ်ားႀကိဳဆို

အိႏၵိယကူးသန္းေရာင္းဝယ္ေရးဌာနက ပဲတီစိမ္း၊မတ္ပဲႏွင့္ပဲစင္းငုံတို႔အား အမိန႔္ေၾကာ္ျငာစာထုတ္ျပန္ၿပီး အဆိုပါပဲမ်ားအား လြတ္လပ္စြာတင္သြင္းခြင့္ျပဳ သည့္ကာလအား ၃၁-၃-၂၀၂၂ ရက္အထိတိုးျမႇင့္ သတ္မွတ္လိုက္သည္ဟု နယူးေဒလီၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ စီးပြားေရးသံမႉး ဦးေနေအးလြင္၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး နစကစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေဖာ္ျပသည္။

အိႏၵိယက ၂၀-၁၂-၂၀၂၁ ရက္တြင္ ပဲတီစိမ္းတင္သြင္းမႈအတြက္အမိန႔္ေၾကာ္ျငာစာ အမွတ္ S.O. 5317(E) ကိုလည္းေကာင္း၊ မတ္ပဲႏွင့္ ပဲစင္းငုံတင္သြင္းျခင္းအတြက္ အမိန႔္ ေၾကာ္ျငာစာအမွတ္S.O. 5318(E) အားလည္းေကာင္း ထုတ္ျပန္လ်က္ အဆိုပါပဲမ်ားအား လြတ္လပ္စြာတင္သြင္းခြင့္ျပဳ သည့္ကာလကို ၃၁-၃-၂၀၂၂ ရက္အထိတိုးျမႇင့္ သတ္မွတ္လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

အိႏၵိယကူးသန္းေရာင္းဝယ္ေရးႏွင့္စက္မႈဝန္ႀကီးဌာနသည္ ပဲစင္းငုံ၊ ပဲတီစိမ္းႏွင့္မတ္ပဲတို႔အား ကန႔္သတ္ကုန္စည္အျဖစ္မွလြတ္လပ္စြာ (Free)တင္သြင္းခြင့္ျပဳသည့္ကုန္စည္အျဖစ္သို႔ ေျပာင္းလဲသတ္မွတ္လ်က္ တင္ပို႔ရာေဒသ၌ Bill of Loadingထုတ္ေပးျခင္းကို ၃၁-၁၂-၂၀၂၁ရက္အထိလည္းေကာင္း၊ အိႏၵိယဆိပ္ကမ္းမ်ား၌ ကုန္စည္မ်ားအား ဆိပ္ကမ္းရွင္းလင္းျခင္းကို၃၁-၁- ၂၀၂၂ ရက္ေနာက္ဆုံးထား၍လည္း ေကာင္း တင္သြင္းခြင့္ျပဳခဲ့ျခင္းအား ၃၁-၃-၂၀၂၂ ရက္အထိတိုးျမႇင့္ သတ္မွတ္လိုက္ျခင္းျဖစ္သည့္အျပင္ ၃၁-၃-၂၀၂၂ ရက္ မတိုင္မီ တင္ပို႔ရာဆိပ္ကမ္းမွ Bill of Loading ထုတ္ေပးခဲ့ပါကအိႏၵိယႏိုင္ငံရွိ ဆိပ္ကမ္းမ်ားတြင္အေကာက္ခြန္ႏွင့္ ဆိပ္ကမ္း ရွင္းလင္းမႈလုပ္ငန္းမ်ားကို ၃၀-၆-၂၀၂၂ ရက္ ေနာက္ဆုံးထား၍ ေဆာင္႐ြက္ခြင့္ျပဳမည္ ျဖစ္ေၾကာင္းလည္း နယူးေဒလီၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ စီးပြားေရးသံမႉး ဦးေနေအးလြင္က ေျပာၾကားထားသည္။

အိႏၵိယ အစိုးရက အဓိက ပဲသုံးမ်ိဳးအား လြတ္လပ္စြာတင္သြင္းခြင့္ကာလ တိုးျမႇင့္ခဲ့မႈ အေပၚ ပဲကုန္သည္အသိုင္းအဝိုင္းက ႀကိဳဆိုလ်က္ ရွိၾကေသာ္လည္း ျပည္ပမွပဲမ်ား ေဈးႏႈန္းသက္သာ စြာျဖင့္ ဝင္ေရာက္လာပါက ၎ တို႔၏ ဝင္ေငြရရွိမႈအား ထိခိုက္မႈရွိလာႏိုင္မည့္အေရးကို အိႏၵိယ ျပည္တြင္း စိုက္ပ်ိဳးထုတ္လုပ္သူမ်ားက စိုးရိမ္မကင္း ျဖစ္ေပၚလ်က္ရွိေနၾကသည္။

Kalaburgi ရွိ ကာနာတကာပရာေဒ့ရွ္ ပဲစင္းငုံစိုက္ပ်ိဳးသူမ်ားအသင္းဥကၠ႒ Mr Basa-varaj Ingin က အစိုးရ၏ ယခုေဆာင္႐ြက္ခ်က္မွာ ေကာင္းမြန္သည့္ ဆုံးျဖတ္ခ်က္ဟု မဆိုႏိုင္ေၾကာင္း၊ပဲမ်ားလြတ္လပ္ စြာ တင္သြင္းခြင့္ျပဳျခင္းသည္ ယခု ႏွစ္၌ စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအတြက္ ထိခိုက္မႈ ျဖစ္ေစ႐ုံသာမက ေနာင္လာ မည့္ သီးႏွံ ရာသီ၌ စိုက္ပ်ိဳးထုတ္လုပ္မႈအေပၚကိုလည္း သက္ေရာက္ မႈရွိေၾကာင္း၊ သို႔ျဖစ္ရာ အစိုးရအေနျဖင့္ အေရ အတြက္အရ ကန႔္သတ္မႈအခ်ိဳ႕ကို လုပ္ေဆာင္ သင့္ေၾကာင္း ေျပာဆိုသည္။

တန္ဇန္းနီးယား ႏိုင္ငံပဲမ်ိဳးစုံ ကြန္ရက္ (Tanzania Pulses Network)၌ တြဲဖက္ပူးေပါင္း ေဆာင္႐ြက္ေရးမႉးအျဖစ္ တာဝန္ယူ လ်က္ရွိ ေသာMr Zirack Andrewက အိႏၵိယအစိုးရ၏ ပဲမ်ား လြတ္လပ္စြာ တင္သြင္းခြင့္ကာလ တိုးျမႇင့္ေၾကာင္း ေၾကညာခ်က္မွာ ၎တို႔အတြက္ သတင္း ေကာင္းပင္ျဖစ္ေၾကာင္း၊ ကေနဒါႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔၏ ေနာက္၌ အိႏၵိယ၏ တတိယေျမာက္ ပဲအမ်ားဆုံး တင္သြင္းရာ ႏိုင္ငံအျဖစ္ ေရာက္ရွိလာခဲ့ေသာ တန္ဇန္းနီးယားရွိ ပို႔ကုန္လုပ္ငန္း ရွင္မ်ား အတြက္ အိႏၵိယႏိုင္ငံႏွင့္ ဆက္ စပ္၍ စီးပြားေရးလုပ္ေဆာင္ ရန္ ယုံၾကည္မႈကို ျပန္လည္ျမႇင့္တင္ရာ၌အေထာက္ အကူျပဳေၾကာင္း ေျပာဆိုသည္။

ျမန္မာႏိုင္ငံ၌ ပဲမ်ိဳးစုံတင္ပို႔မႈကို လုပ္ေဆာင္ လ်က္ရွိေသာ OATA ကုန္သည္အသင္း ဥကၠ႒ MrVatsalLilani ကလည္း အိႏၵိယအစိုးရ၏ ယခု လုပ္ေဆာင္ခ်က္သည္ ကုန္သြယ္မႈလုပ္ငန္းမ်ား တည္ၿငိမ္မႈရရွိေစသကဲ့သို႔ စဥ္ဆက္မျပတ္ ကုန္စည္ပို႔ေဆာင္ႏိုင္ေရးအတြက္လည္း အေထာက္ အပံ့ျပဳေၾကာင္း၊ ထို႔ျပင္ အိႏၵိယႏွင့္ပဲ တင္ပို႔သည့္ ႏိုင္ငံမ်ား၌ ေဈးႏႈန္းတည္ၿငိမ္မႈကိုလည္း ေသခ်ာ ခိုင္မာေစေၾကာင္း၊ အိႏၵိယအာဏာပိုင္မ်ား၏ ယခု ကဲ့သို႔ လက္ေတြ႕ က်ေသာ ကုန္သြယ္ေရးမူဝါဒ ခ်မွတ္ေဖာ္ေဆာင္မႈကို ျမန္မာကုန္သည္အသိုင္း အဝိုင္းကလည္း ဝမ္းေျမာက္စြာ ႀကိဳဆိုေၾကာင္းျဖင့္ နယူးေဒလီၿမိဳ႕ရွိ ျမန္မာသံ႐ုံးမွ စီးပြားေရးသံမႉး ဦးေနေအးလြင္၏ ေျပာၾကားခ်က္ကို ကိုးကားၿပီး နစကစီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ေဖာ္ျပသည္။

လက္ရွိမီနီဘတ္ဂ်က္ကာလ (ေအာက္တိုဘာ-ဒီဇင္ဘာ) သုံးလအတြင္း ျမန္မာႏိုင္ငံက အေမရိကန္ ေဒၚလာ ၂၉၁.၈၉ သန္းတန္းဖိုးရွိ ပဲမ်ိဴးစုံတန္ခ်ိန္ ၃၅၄၂၁၈ ကို တင္ပို႔ႏိုင္ခဲ့သည္ဟု နစက စီးပြားကူးသန္းဝန္ႀကီးဌာနက ထုတ္ျပန္ထားကာ ပင္လယ္ေရေၾကာင္းမွ ကန္ေဒၚလာ ၂၇၃.၅၆ သန္း တန္ဖိုးရွိ ပဲမ်ိဳး စုံတန္ခ်ိန္ ၃၃၄၆၁၂ ကိုတင္ပို႔ခဲ့ၿပီး နယ္စပ္လမ္းေၾကာင္းမွတစ္ဆင့္ ေဒၚလာ ၁၈.၃ သန္းတန္ဖိုးရွိ ပဲတန္ခ်ိန္ ၁၉၆၀၅ ကို အိမ္နီးခ်င္းႏိုင္ငံမ်ားထံ တင္ပို႔ခဲ့ျခင္းျဖစ္သည္ဟုသိရသည္။

Photo Credit _ Myanmar Digital News


LEAVE A REPLY

Please enter your comment!
Please enter your name here