ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည်

0
300

ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရန် ယနေ့ ဇန်နဝါရီ ၁၇ရက်တွင် ငြမ်းစတင်ထိုးနှံနေပြီဟု ဂေါပကအဖွဲ့ကပြောသည်။

“ဒီကနေ့ ငြမ်းစထိုးပါတယ်။ဆရာတော်ကြီးတွေ ဦးဆောင်ပါတယ်။နောက်ပြီး ကျွမ်းကျင်ပညာရှင်တွေပါပါတယ်”ဟု ဂေါပကအဖွဲ့တာဝန်ရှိသူကပြောသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ နိုင်ရေးအတွက် ငြမ်းဆင်ခြင်း လုပ်ငန်းအား ၂၀၂၂ ဇန်နဝါရီ ၁၇ ရက်မှ ၃၀ ရက်နေ့အထိ လည်းကောင်း၊ သစ်ဆေးသုတ်ခြင်း လုပ်ငန်းအား ဖေဖော် ဝါရီ ၁ ရက်မှ ၁၉ ရက်နေ့အထိ လည်း ကောင်း၊ ရွှေသင်္ကန်း ကပ်ခြင်းလုပ်ငန်းအားဖေဖော်ဝါရီ ၂၀ ရက်မှ မတ် ၆ ရက်နေ့အထိ လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

ဓါတ်ပုံ- welovekyaikhto

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here