မွေးရာပါနှလုံးအဆို့ မလုံတဲ့ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်လေးအတွက် ခွဲစိပ်ကုသရန် အလှူရှင်များ လိုအပ်ကြောင်းပြောလာခဲ့တဲ့ သရုပ်ဆောင် သွင်ပပအောင်

0
419

မွေးရာပါနှလုံးအဆို့ မလုံတဲ့ရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်လေးအတွက် ခွဲစိပ်ကုသရန် အလှူရှင်များ လိုအပ်ကြောင်းပြောလာခဲ့တဲ့ သရုပ်ဆောင် သွင်ပပအောင်

မွေးရာပါနှလုံးအဆို့မလုံရောဂါဝေဒနာကိုခံစားနေရတဲ့ ကလေးငယ်လေးအတွက် နှလုံးအဆို့ရှင်ကိုခွဲစိပ်ကုသရန် ခွဲစိပ်ကုသစရိတ်များစွာကုန်ကျမှာဖြစ်တဲ့အတွက်တတ်နိုင်သလောက်ကူညီပေးနိုင်မယ့်အလှူရှင်များလိုအပ်ကြောင်း သရုပ်ဆောင်သွင်ပပအောင်က ပြောပါတယ်။

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သရုပ်ဆောင်သွင်ပပအောင်က ” ပပ ပရဟိတ ​ဆေးကုရင်းတွေ့ခဲ့တဲ့က​လေး​လေးတစ်​ယောက်အတွက် အလှူခံချင်လို့ပါ။ က​လေးကမွေးရာပါ နှလုံးအဆို့ မလုံတဲ့​ရောဂါ ခံစား​နေရတာပါ။ တဖြည်းဖြည်းနဲ့ အ​ခြေအ​နေဆိုးလာတာ ခုဆိုရင် ထိုင်​နေရင်းနဲ့ ​မော​နေတဲ့အဆင့် ဖြစ်​နေပါတယ်။ နှလုံးအဆို့ရှင်ကို ခွဲစိတ်ဖာ​ထေးလိုက်ရင်​တော့ သူ သက်သာသွားမှာပါ။ အစိုးရ ​ဆေးရုံမှာ ခွဲစိတ်ရင်ကို သိန်း ၃၀ ​လောက်ကုန်မှာမို့ သူတို့သားအမိ အလှူရှင်ကို ​စောင့်​နေကြတာ ​တော်​တော်ကြာပါပြီရှင်။ တတ်နိုင်သ​လောက် ကူ​ပေးကြပါဦး ” လို့ ပြောပါတယ်။

သရုပ်ဆောင်သွင်ပပအောင်က အခုလက်ရှိမှာသန်လျင်သဘာဝတရားရိပ်သာမှာ ပရဟိတအ​နေနဲ့ကုသိုလ်ဖြစ်ဆေးကုပေးနေသူလည်းဖြစ်ပါတယ်

Zaw Gyi






LEAVE A REPLY

Please enter your comment!
Please enter your name here