တမူးမြို့မှပြန်လာသည့် မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရ ရဲမှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး

0
186

(Unicode)

တမူးမြို့မှပြန်လာသည့် မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များစီးလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရ ရဲမှူးတစ်ဦးအပါအဝင် ငါးဦးသေဆုံး

စစ်ကိုင်းတိုင်း၊ကလေးမြို့မှ မူးယစ်အထူးရဲတပ်ဖွဲ့ဝင်များသည် တမူးခရိုင်တရားရုံးမှသက်သေခံပြီးပြန်လာစဥ် ဇန်နဝါရီ ၁၇ ရက်နေ့လည် ၃ နာရီခွဲ၌ တမူးမြို့နယ်၊ဝိတုတ်ကျေးရွာနှင့်ရန်လင်းပိုင်ကျေးရွာကြားအရောက် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ကလေးမူးယစ်တပ်ဖွဲ့စု(၅)မှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်နှစ်ဦး၊ပုသိမ်မြို့သို့ပြောင်းရွှေ့မည့် ဒု-ရဲမှူးတစ်ဦးနှင့်ရန်ကုန်(မြောက်ပိုင်းခရိုင်)သို့ပြောင်းရွှေ့မည့် ရဲအုပ်တစ်ဦးတို့သည် တမူးမြို့မှကလေးမြို့သို့ Pajero(ခဲပြာရောင်)ကားဖြင့်ပြန်လာစဥ် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရသဖြင့် ကားမှာမီးလောင်တိမ်းမှောက်ပြီး ပျက်စီးသွားခဲ့သည်။ဖြစ်စဥ်တွင် 32 ဗို့ ခြောက်လုံးပြူးသေနတ်တစ်လက်၊MA 13 သေ နတ် နှစ်လက်နှင့်ကျည်များပျောက်ဆုံးခဲ့သည်ဟုသိရသည်။

“ကားကတော့အတော်ပျက်စီးသွားတယ် ဖြစ်စဥ်ကိုကျူးလွန်ခဲ့တဲ့သူတွေကိုဖမ်းမိဖို့အတွက်အမြန်ဆုံးဆောင်ရွက်နေပါတယ်”ဟုစစ်ကိုင်းရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။

ခမ်းပတ်နယ်မြေရဲစခန်း မယ(ပ)၂၆/၂၀၂၀၊မူး/စိတ်ပုဒ်မ-၁၉(က)အမှုအတွက် တမူးခရိုင်တရားရုံး၌ သက်သေခံရန်သွားရောက်ပြီးပြန်လာစဥ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

(Zawgyi)

တမူးၿမိဳ႕မွျပန္လာသည့္ မူးယစ္အထူးရဲတပ္ဖြဲ႕ဝင္မ်ားစီးလာသည့္ကား မိုင္းခြဲတိုက္ခိုက္ခံရ ရဲမႉးတစ္ဦးအပါအဝင္ ငါးဦးေသဆုံး

စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕မွ မူးယစ္အထူးရဲတပ္ဖြဲ႕ဝင္မ်ားသည္ တမူးခ႐ိုင္တရား႐ုံးမွသက္ေသခံၿပီးျပန္လာစဥ္ ဇန္နဝါရီ ၁၇ ရက္ေန႔လည္ ၃ နာရီခြဲ၌ တမူးၿမိဳ႕နယ္၊ဝိတုတ္ေက်း႐ြာႏွင့္ရန္လင္းပိုင္ေက်း႐ြာၾကားအေရာက္ မိုင္းခြဲတိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။

ကေလးမူးယစ္တပ္ဖြဲ႕စု(၅)မွ ရဲမႉးႏွင့္တပ္ဖြဲ႕ဝင္ႏွစ္ဦး၊ပုသိမ္ၿမိဳ႕သို႔ေျပာင္းေ႐ႊ႕မည့္ ဒု-ရဲမႉးတစ္ဦးႏွင့္ရန္ကုန္(ေျမာက္ပိုင္းခ႐ိုင္)သို႔ေျပာင္းေ႐ႊ႕မည့္ ရဲအုပ္တစ္ဦးတို႔သည္ တမူးၿမိဳ႕မွကေလးၿမိဳ႕သို႔ Pajero(ခဲျပာေရာင္)ကားျဖင့္ျပန္လာစဥ္ မိုင္းခြဲတိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။

မိုင္းခြဲတိုက္ခိုက္ခံရသျဖင့္ ကားမွာမီးေလာင္တိမ္းေမွာက္ၿပီး ပ်က္စီးသြားခဲ့သည္။ျဖစ္စဥ္တြင္ 32 ဗို႔ ေျခာက္လုံးျပဴးေသနတ္တစ္လက္၊MA 13 ေသ နတ္ ႏွစ္လက္ႏွင့္က်ည္မ်ားေပ်ာက္ဆုံးခဲ့သည္ဟုသိရသည္။

“ကားကေတာ့အေတာ္ပ်က္စီးသြားတယ္ ျဖစ္စဥ္ကိုက်ဴးလြန္ခဲ့တဲ့သူေတြကိုဖမ္းမိဖို႔အတြက္အျမန္ဆုံးေဆာင္႐ြက္ေနပါတယ္”ဟုစစ္ကိုင္းရဲတပ္ဖြဲ႕မွ အႀကီးတန္းအရာရွိတစ္ဦးကေျပာသည္။

ခမ္းပတ္နယ္ေျမရဲစခန္း မယ(ပ)၂၆/၂၀၂၀၊မူး/စိတ္ပုဒ္မ-၁၉(က)အမႈအတြက္ တမူးခ႐ိုင္တရား႐ုံး၌ သက္ေသခံရန္သြားေရာက္ၿပီးျပန္လာစဥ္ တိုက္ခိုက္ခံခဲ့ရျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here