သြစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရှိ အစိုးရဆေးရုံများကို ကိုဗစ်ကြောင့်အညိုရောင်အဆင့်သတ်မှတ်ရ

0
271

(Unicode)

သြစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့ရှိ အစိုးရဆေးရုံများကို ကိုဗစ်ကြောင့်အညိုရောင်အဆင့်သတ်မှတ်ရ

မဲလ်ဘုန်းမြို့ရှိ အစိုးရဆေးရုံတွေအားလုံးကို ကိုဗစ်ရောဂါအခြေအနေတွေကြောင့် အညိုရောင်အဆင့်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ပြီး ၎င်းသတ်မှတ်ချက်ဟာ ဇန်နဝါရီလ ၁၉ရက်နေ့ကစတင်ကာ အသက်ဝင်တော့မှာဖြစ်ကြောင်းသိရပါတယ်။

အညိုရောင်အဆင့်သတ်မှတ်ထားတဲ့ဆေးရုံတွေကတော့ Barwon Health၊ Grampians Health၊ Bendigo Health၊ Goulburn Valley Health၊ Albury Wodonga Health နဲ့ La Trobe ဒေသဆိုင်ရာဆေးရုံတို့ဖြစ်ပြီး သြစတြေလျဝန်ကြီးချုပ် James Merlino က “ကျွန်တော်တို့ရဲ့ကျန်းမာရေးစနစ်မှာ လုပ်သားရှားပါးတဲ့ပြဿနာကိုရင်ဆိုင်နေရပါပြီ၊ အိုမီခရွန်ကူးစက်ခံရသူတွေကြောင့် ရောဂါကူးစက်မှုအခြေအနေဟာ အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီး အညိုရောင်အဆင့်သတ်မှတ်ဖို့စောင့်ဆိုင်းမနေဘဲ အခုလိုသတ်မှတ်လိုက်တာပါ” လို့ပြောထားပါတယ်။

လက်ရှိမှာကိုဗစ်ရောဂါကြောင့် အလုပ်မဆင်းနိုင်တဲ့ကျန်းမာရေးလုပ်သားဦးရေဟာ ၄ထောင်ဝန်းကျင်ရှိနေပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင်လူဦးရေ ၅ထောင်ခန့်ဟာ အလုပ်ပျက်ကွက်လျက်ရှိတယ်လို့သိရပါတယ်။

ယခုအညိုရောင်အဆင့်သတ်မှတ်မှုဟာ ၄ပတ်မှ ၆ပတ်အထိကြာမြင့်နိုင်ကြောင်းရည်မှန်းထားပြီး အန္တရာယ်ကင်းတဲ့အချိန်မှ ကျန်းမာရေးအရာရှိတွေက ပြန်လည်ဆုံးဖြတ်သွားမယ်လို့ဆိုပါတယ်။

ကျန်းမာရေးပါမောက္ခ Sutton က ဖေဖော်ဝါရီလလည်လောက်မှာ သြစတြေးလျနိုင်ငံရဲ့ကိုဗစ်ကူးစက်မှုနှုန်းဟာ အမြင့်ဆုံးကိုပြန်လည်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပြီး မကြာသေးမီလတွေထက်လည်း ကူးစက်မှုတွေပိုများလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Photo_9News

(Zawgyi)

ၾသစေၾတးလ်ႏိုင္ငံမဲလ္ဘုန္းၿမိဳ႕ရွိ အစိုးရေဆး႐ုံမ်ားကို ကိုဗစ္ေၾကာင့္အညိဳေရာင္အဆင့္သတ္မွတ္ရ

မဲလ္ဘုန္းၿမိဳ႕ရွိ အစိုးရေဆး႐ုံေတြအားလုံးကို ကိုဗစ္ေရာဂါအေျခအေနေတြေၾကာင့္ အညိဳေရာင္အဆင့္အျဖစ္သတ္မွတ္လိုက္ၿပီျဖစ္ၿပီး ၎သတ္မွတ္ခ်က္ဟာ ဇန္နဝါရီလ ၁၉ရက္ေန႔ကစတင္ကာ အသက္ဝင္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အညိဳေရာင္အဆင့္သတ္မွတ္ထားတဲ့ေဆး႐ုံေတြကေတာ့ Barwon Health၊ Grampians Health၊ Bendigo Health၊ Goulburn Valley Health၊ Albury Wodonga Health နဲ႔ La Trobe ေဒသဆိုင္ရာေဆး႐ုံတို႔ျဖစ္ၿပီး ၾသစေၾတလ်ဝန္ႀကီးခ်ဳပ္ James Merlino က “ကြၽန္ေတာ္တို႔ရဲ႕က်န္းမာေရးစနစ္မွာ လုပ္သားရွားပါးတဲ့ျပႆနာကိုရင္ဆိုင္ေနရပါၿပီ၊ အိုမီခ႐ြန္ကူးစက္ခံရသူေတြေၾကာင့္ ေရာဂါကူးစက္မႈအေျခအေနဟာ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိေနၿပီး အညိဳေရာင္အဆင့္သတ္မွတ္ဖို႔ေစာင့္ဆိုင္းမေနဘဲ အခုလိုသတ္မွတ္လိုက္တာပါ” လို႔ေျပာထားပါတယ္။

လက္ရွိမွာကိုဗစ္ေရာဂါေၾကာင့္ အလုပ္မဆင္းႏိုင္တဲ့က်န္းမာေရးလုပ္သားဦးေရဟာ ၄ေထာင္ဝန္းက်င္ရွိေနၿပီး ပ်မ္းမွ်အားျဖင့္ တစ္ေန႔လွ်င္လူဦးေရ ၅ေထာင္ခန႔္ဟာ အလုပ္ပ်က္ကြက္လ်က္ရွိတယ္လို႔သိရပါတယ္။

ယခုအညိဳေရာင္အဆင့္သတ္မွတ္မႈဟာ ၄ပတ္မွ ၆ပတ္အထိၾကာျမင့္ႏိုင္ေၾကာင္းရည္မွန္းထားၿပီး အႏၲရာယ္ကင္းတဲ့အခ်ိန္မွ က်န္းမာေရးအရာရွိေတြက ျပန္လည္ဆုံးျဖတ္သြားမယ္လို႔ဆိုပါတယ္။

က်န္းမာေရးပါေမာကၡ Sutton က ေဖေဖာ္ဝါရီလလည္ေလာက္မွာ ၾသစေၾတးလ်ႏိုင္ငံရဲ႕ကိုဗစ္ကူးစက္မႈႏႈန္းဟာ အျမင့္ဆုံးကိုျပန္လည္ေရာက္ရွိႏိုင္တယ္လို႔ခန႔္မွန္းထားၿပီး မၾကာေသးမီလေတြထက္လည္း ကူးစက္မႈေတြပိုမ်ားလာလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

Photo_9News


LEAVE A REPLY

Please enter your comment!
Please enter your name here