နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး ခြေထောက်ကျိုးသွားသည့်အတွက် ယနေ့ တရားခွင်ကို မလာနိုင်

0
224

(Unicode)

နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး ခြေထောက်ကျိုးသွားသည့်အတွက် ယနေ့ တရားခွင်ကို မလာနိုင်

နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး ခြေထောက်ကျိုးသွားသည့်အတွက် ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင်ချိန်းဆိုထားသော နေပြည်တော် အချုပ်ထောင်ထဲမှ တရားခွင်သို့ မလာနိုင်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

“သူက ရေချိုးခန်းမှာ ချော်လဲတာ ၊ အခု ခြေထောက်ကျိုးသွားတယ်၊ဘယ်ခြေလား၊ညာခြေလားတော့လည်း ကျွန်တော်တို့ မမေးမိပါဘူးဗျာ။ခြေကျိုးတယ်ဆိုတာတော့ ဟုတ်တယ်။ဒီနေ့သူ့ရုံးချိန်း၊သူမလာနိုင်ဘူးလို့ သိရပါတယ်။အခု ကုတင် ၁၀၀၀ မှာပါဗျာ”ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဦးရဲမင်းဦးသည် ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး အဖြစ်လည်း နေပြည်တော် ဒုမြို့တော်ဝန် ရာထူးနှင့်အတူ ပူးတွဲတာဝန်ယူခဲ့သူ ဖြစ်သည်။

နစက အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ဦးရဲမင်းဦးကို ထိန်းသိမ်းခဲ့ကာအမှုပေါင်း ငါးမှုဖြင့် တရားစွဲခံထားခြင်းလည်း ဖြစ်သည်။

ထိန်းသိမ်းခံရစဉ်က အင်းစိန်ထောင် အထူးတရားရုံးမှ ယုံကြည်အပ်နှံဖောက်ဖျက်မှု ပုဒ်မ ၄၀၉ ဖြင့် လည်း စစ်ဆေးနေကြောင်း၊ယင်းမှတစ်ဆင့် နေပြည်တော်သို့ လွှဲပြောင်း စစ်ဆေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

(Zawgyi)

ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးရဲမင္းဦး ေျခေထာက္က်ိဳးသြားသည့္အတြက္ ယေန႔ တရားခြင္ကို မလာႏိုင္

ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ေဟာင္း ဦးရဲမင္းဦး ေျခေထာက္က်ိဳးသြားသည့္အတြက္ ယေန႔ ဇန္နဝါရီလ ၁၈ ရက္တြင္ခ်ိန္းဆိုထားေသာ ေနျပည္ေတာ္ အခ်ဳပ္ေထာင္ထဲမွ တရားခြင္သို႔ မလာႏိုင္ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းက သိရသည္။

“သူက ေရခ်ိဳးခန္းမွာ ေခ်ာ္လဲတာ ၊ အခု ေျခေထာက္က်ိဳးသြားတယ္၊ဘယ္ေျခလား၊ညာေျခလားေတာ့လည္း ကြၽန္ေတာ္တို႔ မေမးမိပါဘူးဗ်ာ။ေျခက်ိဳးတယ္ဆိုတာေတာ့ ဟုတ္တယ္။ဒီေန႔သူ႔႐ုံးခ်ိန္း၊သူမလာႏိုင္ဘူးလို႔ သိရပါတယ္။အခု ကုတင္ ၁၀၀၀ မွာပါဗ်ာ”ဟု တရား႐ုံးႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ဦးရဲမင္းဦးသည္ ၿပီးခဲ့သည့္ NLD အစိုးရလက္ထက္တြင္ ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး အျဖစ္လည္း ေနျပည္ေတာ္ ဒုၿမိဳ႕ေတာ္ဝန္ ရာထူးႏွင့္အတူ ပူးတြဲတာဝန္ယူခဲ့သူ ျဖစ္သည္။

နစက အေနျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေနာက္ပိုင္း ဦးရဲမင္းဦးကို ထိန္းသိမ္းခဲ့ကာအမႈေပါင္း ငါးမႈျဖင့္ တရားစြဲခံထားျခင္းလည္း ျဖစ္သည္။

ထိန္းသိမ္းခံရစဥ္က အင္းစိန္ေထာင္ အထူးတရား႐ုံးမွ ယုံၾကည္အပ္ႏွံေဖာက္ဖ်က္မႈ ပုဒ္မ ၄၀၉ ျဖင့္ လည္း စစ္ေဆးေနေၾကာင္း၊ယင္းမွတစ္ဆင့္ ေနျပည္ေတာ္သို႔ လႊဲေျပာင္း စစ္ေဆးေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here