ရန်ကင်းမြို့နယ်ရှိ မီးပွိုင့်ယာဥ်ထိန်းရုံး၌ လက် လုပ်ဗုံးတွေ့

0
137

ရန်ကင်းမြို့နယ်ရှိ မီးပွိုင့်ယာဥ်ထိန်းရုံး၌ လက် လုပ်ဗုံးတွေ့

ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်ရှိ မီးပွိုင့်တွင်ရှိသော မီးပွိုင့်ယာဥ်ထိန်းရုံး၌ ဇန်နဝါရီ ၁၈ ရက်(ယနေ့) ညနေ ၄ နာရီခန့်က လက်လုပ်ဗုံးတစ်လုံးအားတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။

အဆိုပါ လက်လုပ်ဗုံးအား အောင်ဇေယျလမ်းနှင့်မိုးကောင်းလမ်းဆုံမီးပွိုင့်ရှိ ယာဥ်ထိန်းများနားနေသည့်အဆောက်အဦးအတွင်းမှတွေ့ရှိခဲ့ခြင်းဖြစ် သည်။

“ဗုံးကိုအိတ်အမဲထဲထည့်ပြီး ယာဥ်ထိန်းရုံးထဲမှာတွေ့တာ မပေါက်ကွဲသေးဘူး သိသိချင်းအ ကြောင်းကြားလိုက်လို့ ဗုံးကိုဖျက်ဆီးလိုက်နိုင်တယ်”ဟု မိုး ကောင်းလမ်းနေသူတစ်ဦးကပြောသည်။

ဗုံးတွေ့ရှိကြောင်းသတင်းအရ လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိကာ လက်လုပ်ဗုံးအား ဖယ်ရှားရှင်း လင်းနိုင်ခဲ့ကြောင်း သိရသည်။

Zaw Gyi







LEAVE A REPLY

Please enter your comment!
Please enter your name here