ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ Online booking တင်ရမည်

0
394

(Unicode)

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင်ပြသမည့်လူနာများ ​ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှစတင်ကာ Online booking တင်ပြီး ပြသနိုင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာနတွင် ပြသမည့်လူနာများအဆင်ပြေစေရန် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ Online booking စနစ်အားစမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်ဟု သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွင် ပြသမည့်လူနာများသည် နံနက်အစောပိုင်းမှစတင်၍ တန်းစီစာရင်းသွင်းရန်စောင့်ဆိုင်းရခြင်း၊ ပြသရန်အချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းတို့ကြောင့် လူနာများအဆင်ပြေစေရန် စမ်းသပ်သုံးစွဲရခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ လူစုလူဝေးကြောင့် ကိုဗစ်(၁၉) ရော ဂါကူးစက်မှုမှကာကွယ်ရန်လည်း Online booking စနစ်အားစတင်စမ်းသပ်အသုံးပြုရခြင်းဖြစ် သည်။

” အရင်ကဆိုရင်ကိုယ်ပြရမယ့်အလှည့်ရောက်ဖို့မပြောနဲ့ စာရင်းသွင်းဖို့ကိုပဲတန်းစီပြီးစောင့်ရတာမနက်အစောကြီးထရတယ် နယ်ကလာတဲ့လူနာတွေအတွက်ဆိုပိုဆိုးတာပေါ့ အခု booking တင်ရမယ်ဆိုတော့ မနက်အစောကြီးထတန်းစီစရာမလိုတော့ဘူး”ဟုဆီးချိုသွေးချိုရောဂါကုဌာနတွင်ပြသနေသည့် ဒေါ်တင်မာလွင်ကပြောသည်။

အဆိုပါ စနစ်အား တနင်္လာနေ့မှသောကြာနေ့အထိ နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအထိ အထွေ ထွေသမားတော်ဆေးကုဌာန၊အထွေထွေခွဲစိတ်ကုဌာန(၁)(၂)(၃)၊အစာအိမ်နှင့်အူလမ်းကြောင်းဆေးကုဌာန၊နှလုံးဆေးကုဌာန၊သွေးရောဂါကုဌာန၊ ဦးနှောက်နှင့်အာရုံကြောဆေးကုဌာန၊နှလုံးခုန်နှုံးဆိုင်ရာရောဂါများဆေးကုဌာန၊မျက်နှာမေးရိုးခွဲစိတ်ကုဌာန၊ဟော်မုန်းရောဂါဌာန၊ထိခိုက်ဒဏ်ရာနှင့်အရိုးအထူးကုဌာနနှင့်ဆီးချိုသွေးချိုရောဂါကုဌာနတို့၌ စမ်းသပ်အသုံးပြုသွားမည်ဖြစ်သည်။

အလားတူ တနင်္လာနေ့နှင့်ဗုဒ္ဓဟူးနေ့တို့တွင်လည်း နေ့လည် ၁ နာရီမှ ၃ နာရီအထိ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန၌ ပြသမည့်လူနာများလည်း Online booking တင်ရမည်ဖြစ်သည်။

Online booking တင်ရာတွင် ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၏ Page Messenger(သို့)viber (သို့ ) caremebot application မှတဆင့် ဖေ​ဖော်ဝါရီ ၁ရက်​နေ့မှ စတင်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။

ရန်ကုန်ပြည်သူ့ဆေး ရုံကြီး၏ Page Link >> https://www.facebook.com/1205203356213171/posts/5122606461139488/

(Zawgyi)

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အထူးကုျပင္ပလူနာဌာနတြင္ျပသမည့္လူနာမ်ား ​ေဖ​ေဖာ္ဝါရီ ၁ရက္​ေန႔မွစတင္ကာ Online booking တင္ၿပီး ျပသႏိုင္

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၏ အထူးကုျပင္ပလူနာဌာနတြင္ ျပသမည့္လူနာမ်ားအဆင္ေျပေစရန္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွစတင္၍ Online booking စနစ္အားစမ္းသပ္အသုံးျပဳသြားမည္ျဖစ္သည္ဟု သိရသည္။

ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး အထူးကုျပင္ပလူနာဌာနတြင္ ျပသမည့္လူနာမ်ားသည္ နံနက္အေစာပိုင္းမွစတင္၍ တန္းစီစာရင္းသြင္းရန္ေစာင့္ဆိုင္းရျခင္း၊ ျပသရန္အခ်ိန္ၾကာျမင့္စြာေစာင့္ဆိုင္းရျခင္းတို႔ေၾကာင့္ လူနာမ်ားအဆင္ေျပေစရန္ စမ္းသပ္သုံးစြဲရျခင္းျဖစ္သည္ဟု သိရသည္။

အလားတူ လူစုလူေဝးေၾကာင့္ ကိုဗစ္(၁၉) ေရာ ဂါကူးစက္မႈမွကာကြယ္ရန္လည္း Online booking စနစ္အားစတင္စမ္းသပ္အသုံးျပဳရျခင္းျဖစ္ သည္။

” အရင္ကဆိုရင္ကိုယ္ျပရမယ့္အလွည့္ေရာက္ဖို႔မေျပာနဲ႔ စာရင္းသြင္းဖို႔ကိုပဲတန္းစီၿပီးေစာင့္ရတာမနက္အေစာႀကီးထရတယ္ နယ္ကလာတဲ့လူနာေတြအတြက္ဆိုပိုဆိုးတာေပါ့ အခု booking တင္ရမယ္ဆိုေတာ့ မနက္အေစာႀကီးထတန္းစီစရာမလိုေတာ့ဘူး”ဟုဆီးခ်ိဳေသြးခ်ိဳေရာဂါကုဌာနတြင္ျပသေနသည့္ ေဒၚတင္မာလြင္ကေျပာသည္။

အဆိုပါ စနစ္အား တနလၤာေန႔မွေသာၾကာေန႔အထိ နံနက္ ၉ နာရီမွမြန္းတည့္ ၁၂ နာရီအထိ အေထြ ေထြသမားေတာ္ေဆးကုဌာန၊အေထြေထြခြဲစိတ္ကုဌာန(၁)(၂)(၃)၊အစာအိမ္ႏွင့္အူလမ္းေၾကာင္းေဆးကုဌာန၊ႏွလုံးေဆးကုဌာန၊ေသြးေရာဂါကုဌာန၊ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာေဆးကုဌာန၊ႏွလုံးခုန္ႏႈံးဆိုင္ရာေရာဂါမ်ားေဆးကုဌာန၊မ်က္ႏွာေမး႐ိုးခြဲစိတ္ကုဌာန၊ေဟာ္မုန္းေရာဂါဌာန၊ထိခိုက္ဒဏ္ရာႏွင့္အ႐ိုးအထူးကုဌာနႏွင့္ဆီးခ်ိဳေသြးခ်ိဳေရာဂါကုဌာနတို႔၌ စမ္းသပ္အသုံးျပဳသြားမည္ျဖစ္သည္။

အလားတူ တနလၤာေန႔ႏွင့္ဗုဒၶဟူးေန႔တို႔တြင္လည္း ေန႔လည္ ၁ နာရီမွ ၃ နာရီအထိ ႏွလုံးႏွင့္ေသြးေၾကာခြဲစိတ္ကုဌာန၌ ျပသမည့္လူနာမ်ားလည္း Online booking တင္ရမည္ျဖစ္သည္။

Online booking တင္ရာတြင္ ရန္ကုန္ျပည္သူ႔ေဆး ႐ုံႀကီး၏ Page Messenger(သို႔)viber (သို႔ ) caremebot application မွတဆင့္ ေဖ​ေဖာ္ဝါရီ ၁ရက္​ေန႔မွ စတင္ကာ အသုံးျပဳႏိုင္မည္ျဖစ္သည္။

ရန္ကုန္ျပည္သူ႔ေဆး ႐ုံႀကီး၏ Page Link >> https://www.facebook.com/1205203356213171/posts/5122606461139488/


LEAVE A REPLY

Please enter your comment!
Please enter your name here