မြန်မာလုပ်သားများ ဂျပန်စေလွှတ်ရေး MOUလက်မှတ်ရေးထိုး

0
173

(Unicode)

မြန်မာလုပ်သားများ ဂျပန်စေလွှတ်ရေး MOUလက်မှတ်ရေးထိုး

မြန်မာလုပ်သားများ ဂျပန်စေလွှတ်ရေးအတွက် MOUလက်မှတ်ရေးထိုးမှုတစ်ရပ်ကို ရန်ကုန်မြို့မြခွာညိုအိမ်ယာဝင်းတွင်းရှိYVCTကျောင်းတွင် ယနေ့ ဇန်နဝါရီ ၁၉ ရက်တွင်ပြုလုပ်ခဲ့ကြသည်။

ဂျပန်ယူနန်ကုန်သည်များအသင်းမှတာဝန်ရှိသူများနှင့် ရန်ကုန်အသက်မွေးနည်းပညာကောလိပ်မှတာဝန်ရှိသူများတက်ရောက် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး လက်မှတ်ရေးထိုးမှုအရ မြန်မာနိုင်ငံရှိရန်ကုန်အသက်မွေးနည်းပညာကောလိပ်ကျောင်းမှကျောင်းသားများ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဟုသိရသည်။

ရန်ကုန်အသက်မွေးနည်းပညာကောလိပ်မှကျောင်းအုပ်Xing Xingyangက“ ဂျပန်နိုင်ငံကိုသွားရောက်ပြီးအလုပ်အကိုင်ကိုကြိုးစားလုပ်ကိုင်မယ်ဆိုရင်သူတို့ကြိုးစားမှုအပေါ်မူတည်ပြီးဂျပန်နိုင်ငံမှာငါးနှစ်ခန့်အလုပ်လုပ်ရမှာဖြစ်ပါတယ်။အခြေခံအားဖြင့်ကျောင်းသားတွေဟာတစ်လကိုလစာသိန်းနှစ်ဆယ်ခန့်ရရှိနိုင်မယ်လို့ကျောင်းဘက်ကတာဝန်ယူပါတယ်”ဟုပြောသည်။

ရန်ကုန်အသက်မွေးနည်းပညာကောလိပ်တွင် မော်တော်ကားတပ်ဆင်ရေး၊ဆောက်လုပ်ရေး၊စိုက်ပျိုးရေး၊ဘာသာစကားအစရှိသောဘာသာရပ်လေးရပ်အားသင်တန်းပို့ချပေးမည်ဟု သိရသည်။

လက်ရှိတွင် ဂျပန်ဘာသာစကားကို သင်ကြားပေးနေပြီး ကျောင်းသား တစ်ထောင်ခန့်ရှိနေသည်။

(Zawgyi)

ျမန္မာလုပ္သားမ်ား ဂ်ပန္ေစလႊတ္ေရး MOUလက္မွတ္ေရးထိုး

ျမန္မာလုပ္သားမ်ား ဂ်ပန္ေစလႊတ္ေရးအတြက္ MOUလက္မွတ္ေရးထိုးမႈတစ္ရပ္ကို ရန္ကုန္ၿမိဳ႕ျမခြာညိဳအိမ္ယာဝင္းတြင္းရွိYVCTေက်ာင္းတြင္ ယေန႔ ဇန္နဝါရီ ၁၉ ရက္တြင္ျပဳလုပ္ခဲ့ၾကသည္။

ဂ်ပန္ယူနန္ကုန္သည္မ်ားအသင္းမွတာဝန္ရွိသူမ်ားႏွင့္ ရန္ကုန္အသက္ေမြးနည္းပညာေကာလိပ္မွတာဝန္ရွိသူမ်ားတက္ေရာက္ လက္မွတ္ေရးထိုးခဲ့ၾကျခင္းျဖစ္ၿပီး လက္မွတ္ေရးထိုးမႈအရ ျမန္မာႏိုင္ငံရွိရန္ကုန္အသက္ေမြးနည္းပညာေကာလိပ္ေက်ာင္းမွေက်ာင္းသားမ်ား ဂ်ပန္ႏိုင္ငံတြင္အလုပ္လုပ္ကိုင္ခြင့္ရရွိမည္ဟုသိရသည္။

ရန္ကုန္အသက္ေမြးနည္းပညာေကာလိပ္မွေက်ာင္းအုပ္Xing Xingyangက“ ဂ်ပန္ႏိုင္ငံကိုသြားေရာက္ၿပီးအလုပ္အကိုင္ကိုႀကိဳးစားလုပ္ကိုင္မယ္ဆိုရင္သူတို႔ႀကိဳးစားမႈအေပၚမူတည္ၿပီးဂ်ပန္ႏိုင္ငံမွာငါးႏွစ္ခန႔္အလုပ္လုပ္ရမွာျဖစ္ပါတယ္။အေျခခံအားျဖင့္ေက်ာင္းသားေတြဟာတစ္လကိုလစာသိန္းႏွစ္ဆယ္ခန႔္ရရွိႏိုင္မယ္လို႔ေက်ာင္းဘက္ကတာဝန္ယူပါတယ္”ဟုေျပာသည္။

ရန္ကုန္အသက္ေမြးနည္းပညာေကာလိပ္တြင္ ေမာ္ေတာ္ကားတပ္ဆင္ေရး၊ေဆာက္လုပ္ေရး၊စိုက္ပ်ိဳးေရး၊ဘာသာစကားအစရွိေသာဘာသာရပ္ေလးရပ္အားသင္တန္းပို႔ခ်ေပးမည္ဟု သိရသည္။

လက္ရွိတြင္ ဂ်ပန္ဘာသာစကားကို သင္ၾကားေပးေနၿပီး ေက်ာင္းသား တစ္ေထာင္ခန႔္ရွိေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here