ကုန်သွယ်မှုပြုရာတွင် ဌာနဆိုင်ရာများ ငွေကြေးတောင်းခံပါက တိုင်ကြားကြဖို့ နစကပန်ကြား

0
327

(Unicode)

ကုန်သွယ်မှုပြုရာတွင် ဌာနဆိုင်ရာများ ငွေကြေးတောင်းခံပါက တိုင်ကြားကြဖို့ နစကပန်ကြား

ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှုသတင်းများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့်အီးမေးလ် လိပ်စာတို့ကို ထုတ်ပြန်ပြီး ယုံကြည်စိတ်ချစွာတိုင်ကြားကြဖို့ ပန်ကြားချက်တစ်ရပ် ပြုလုပ်ထားသည်ဟု သိရှိရသည်။

အော်တိုတယ်လီဖုန်းနံပါတ် ၀၆၇ ၄၀၉ ၈၈၁၊ လက်ကိုင်ဖုန်းနံပါတ်၀၉ ၆၉၉၆၁၁၁၁၆၊ ဖက်စ်ဖုန်းနံပါတ်
၀၆၇ ၄၀၉ ၈၈၇ အီးမေးလ်လိပ်စာ[email protected] သို့ တိုင်ကြားကြရန်လည်း ထုတ်ပြန်ထားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ပြီးတရားမဝင်ကုန်သွယ်မှု များကိုဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ယင်းအပြင် “တရားမဝင်ကုန်သွယ်မှု သတင်းများ”နှင့်ပတ်သက်၍ တိုင်ကြားနိုင်မည့် တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကိုပါ ထုတ်ပြန်ထားပြီး လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်းနှင့် တိုင်ကြား၍ရသည့် ဖုန်းနံပါတ်၊ဖက်စ်နံပါတ်နှင့် အီးမေးလ်လိပ်စာတို့မှာ ၀၆၇ ၄၀၉ ၈၈၃၊ ၀၉ ၄၀၄၃၃၉၉၆၉၊ ၀၆၇ ၄၀၉ ၈၈၆၊ [email protected]တို့ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက ဆိုသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here