မလေးရှားထိန်းသိမ်းရေးစခန်းရောက်မြန်မာများ နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးသွားညှိနှိုင်း

0
156

(Unicode)

မလေးရှားထိန်းသိမ်းရေးစခန်းရောက်မြန်မာများ နေရပ်ပြန်နိုင်ရေး မြန်မာသံရုံးသွားညှိနှိုင်း

မလေးရှားနိုင်ငံ ရှိ ထိန်းသိမ်းရေးစခန်းများထဲ ထိန်းသိမ်းခံထားရသည့် မြန်မာများ နေရပ်ပြန်နိုင်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှတာဝန်ရှိသူများသည် ယခုရက်ထဲ ထိန်းသိမ်းရေးစခန်း ၅ခုထက်မနည်းသို့ သွားရောက်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်း သံရုံးက ပြောဆိုထုတ်ပြန်ထားသည်။

ဇန်နဝါရီ၁၉ ရက်နေ့က LANGKAP ထိန်းသိမ်းရေးစခန်း၊ဇန်နဝါရီ ၁၇ရက်နေ့က KLIA ထိန်းသိမ်းရေးစခန်း၊ဇန်နဝါရီ ၁၄ရက်နေ့က PERAK ပြည်နယ် LANGKAP ထိန်းသိမ်းရေးစခန်းနှင့် JURUထိန်းသိမ်းရေးစခန်း၊ဇန်နဝါရီ ၁၃ရက်နေ့က KEDAH ပြည်နယ် BELANTIK ထိန်းသိမ်းရေးစခန်း၊ဇန်နဝါရီ ၁၂ရက်နေ့က SEMENYIH နှင့် LENGGENG ထိန်းသိမ်းရေးစခန်း၊ဇန်နဝါရီ ၁၁ရက်နေ့က မာလကာမြို့ရှိMACHAP UMBOO ထိန်းသိမ်းရေးစခန်းနှင့် PEKAN NENAS ထိန်းသိမ်းရေးစခန်း စသည်တို့ကို သွားရောက်ခဲ့သေးပြီး ၂၀၂၁ ဒီဇင်ဘာလအတွင်းကလည်း ထိန်းသိမ်းရေးစခန်းအချို့တို့သို့ သံရုံးတာဝန်ရှိသူများသွားရောက်ခဲ့ကာ အားပေးစကားပြောခြင်း၊ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြသည်။

မြန်မာသံရုံးက အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်ဟု ပြောဆိုထားသည်။

(Zawgyi)

မေလးရွားထိန္းသိမ္းေရးစခန္းေရာက္ျမန္မာမ်ား ေနရပ္ျပန္ႏိုင္ေရး ျမန္မာသံ႐ုံးသြားညႇိႏႈိင္း

မေလးရွားႏိုင္ငံ ရွိ ထိန္းသိမ္းေရးစခန္းမ်ားထဲ ထိန္းသိမ္းခံထားရသည့္ ျမန္မာမ်ား ေနရပ္ျပန္ႏိုင္ေရးအတြက္ မေလးရွားႏိုင္ငံဆိုင္ရာျမန္မာသံ႐ုံးမွတာဝန္ရွိသူမ်ားသည္ ယခုရက္ထဲ ထိန္းသိမ္းေရးစခန္း ၅ခုထက္မနည္းသို႔ သြားေရာက္ၿပီး ညႇိႏႈိင္းေဆာင္႐ြက္ျခင္းမ်ား ျပဳလုပ္ေနေၾကာင္း သံ႐ုံးက ေျပာဆိုထုတ္ျပန္ထားသည္။

ဇန္နဝါရီ၁၉ ရက္ေန႔က LANGKAP ထိန္းသိမ္းေရးစခန္း၊ဇန္နဝါရီ ၁၇ရက္ေန႔က KLIA ထိန္းသိမ္းေရးစခန္း၊ဇန္နဝါရီ ၁၄ရက္ေန႔က PERAK ျပည္နယ္ LANGKAP ထိန္းသိမ္းေရးစခန္းႏွင့္ JURUထိန္းသိမ္းေရးစခန္း၊ဇန္နဝါရီ ၁၃ရက္ေန႔က KEDAH ျပည္နယ္ BELANTIK ထိန္းသိမ္းေရးစခန္း၊ဇန္နဝါရီ ၁၂ရက္ေန႔က SEMENYIH ႏွင့္ LENGGENG ထိန္းသိမ္းေရးစခန္း၊ဇန္နဝါရီ ၁၁ရက္ေန႔က မာလကာၿမိဳ႕ရွိMACHAP UMBOO ထိန္းသိမ္းေရးစခန္းႏွင့္ PEKAN NENAS ထိန္းသိမ္းေရးစခန္း စသည္တို႔ကို သြားေရာက္ခဲ့ေသးၿပီး ၂၀၂၁ ဒီဇင္ဘာလအတြင္းကလည္း ထိန္းသိမ္းေရးစခန္းအခ်ိဳ႕တို႔သို႔ သံ႐ုံးတာဝန္ရွိသူမ်ားသြားေရာက္ခဲ့ကာ အားေပးစကားေျပာျခင္း၊ေထာက္ပံ့မႈမ်ားေဆာင္႐ြက္ေပးခဲ့ၾကသည္။

ျမန္မာသံ႐ုံးက အေထာက္အထားျပည့္စုံသူ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ အျမန္ဆုံးျပန္ပို႔ႏိုင္ရန္အတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့သည္ဟု ေျပာဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here