ရန်ကုန် တာမွေမြို့နယ်မှာ စိတ်ကြွဆေးပြား နှစ်သိန်းခွဲနီးပါးကို ကိုယ်ပိုင်ကားပေါ်ကဖမ်းမိ

0
68

(Unicode)

ရန်ကုန် တာမွေမြို့နယ်မှာ စိတ်ကြွဆေးပြား နှစ်သိန်းခွဲနီးပါးကို ကိုယ်ပိုင်ကားပေါ်ကဖမ်းမိ

ရန်ကုန်မြို့၊တာမွေမြို့နယ်၊မအူကုန်းရပ်ကွက်၊မအူကုန်းလမ်းကျယ်ထိပ်မှာ ယမန်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်လောက်ကဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က မအူကုန်းလမ်းကျယ်ထိပ်မှာ ရှာဖွေစစ်ဆေးရေးလုပ်နေချိန် စက်ရုံလမ်းဘက်ကနေ ဗညာဒလလမ်းဘက်ကိုမောင်းလာတဲ့ TOYOTA Crown ကိုယ်ပိုင်ကားပေါ်ကနေဖမ်းမိခဲ့တာပါ။

ကားပေါ်မှာ ကျော်စိုးလှိုင်(၄၄)နှစ်နဲ့ဖြိုးမင်းကျော် (ခ)ကိုဖြိုး(၃၆)နှစ်ကို ကားပေါ်ဝှက်သယ်လာတဲ့ စိတ်ကြွဆေး ၂၃၀၀၀၀ ပြားနဲ့အတူဖမ်းမိခဲ့ပါတယ်။

ဖမ်းမိတဲ့စိတ်ကြွဆေးပြားတွေရဲ့ ဒေသကာလပေါက်စျေးက ငွေကျပ်သိန်း ၂၃၀၀ တန်ဖိုးရှိတယ်လို့ ရဲကပြောပါတယ်။

စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိတဲ့နှစ်ယောက်ကို တာမွေမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ဆက်စပ်ပြစ်မှုကျူး လွန်သူတွေကိုဖမ်းမိဖို့အတွက် စစ်ဆေးနေပါတယ်။

(Zawgyi)

ရန္ကုန္ တာေမြၿမိဳ႕နယ္မွာ စိတ္ႂကြေဆးျပား ႏွစ္သိန္းခြဲနီးပါးကို ကိုယ္ပိုင္ကားေပၚကဖမ္းမိ

ရန္ကုန္ၿမိဳ႕၊တာေမြၿမိဳ႕နယ္၊မအူကုန္းရပ္ကြက္၊မအူကုန္းလမ္းက်ယ္ထိပ္မွာ ယမန္ေန႔ ေန႔လည္ ၁ နာရီ ၁၀ မိနစ္ေလာက္ကဖမ္းမိခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကသိရပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ဝင္ေတြပါတဲ့ ပူးေပါင္းအဖြဲ႕က မအူကုန္းလမ္းက်ယ္ထိပ္မွာ ရွာေဖြစစ္ေဆးေရးလုပ္ေနခ်ိန္ စက္႐ုံလမ္းဘက္ကေန ဗညာဒလလမ္းဘက္ကိုေမာင္းလာတဲ့ TOYOTA Crown ကိုယ္ပိုင္ကားေပၚကေနဖမ္းမိခဲ့တာပါ။

ကားေပၚမွာ ေက်ာ္စိုးလႈိင္(၄၄)ႏွစ္နဲ႔ၿဖိဳးမင္းေက်ာ္ (ခ)ကိုၿဖိဳး(၃၆)ႏွစ္ကို ကားေပၚဝွက္သယ္လာတဲ့ စိတ္ႂကြေဆး ၂၃၀၀၀၀ ျပားနဲ႔အတူဖမ္းမိခဲ့ပါတယ္။

ဖမ္းမိတဲ့စိတ္ႂကြေဆးျပားေတြရဲ႕ ေဒသကာလေပါက္ေစ်းက ေငြက်ပ္သိန္း ၂၃၀၀ တန္ဖိုးရွိတယ္လို႔ ရဲကေျပာပါတယ္။

စိတ္ႂကြေဆးျပားေတြနဲ႔အတူ ဖမ္းမိတဲ့ႏွစ္ေယာက္ကို တာေမြၿမိဳ႕မရဲစခန္းက မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူၿပီး ဆက္စပ္ျပစ္မႈက်ဴး လြန္သူေတြကိုဖမ္းမိဖို႔အတြက္ စစ္ေဆးေနပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here