မန္တလေးချမ်းမြသာစည်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

0
230

(Unicode)

မန္တလေးချမ်းမြသာစည်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရ

ဒီကနေ့ ဇန်နဝါရီ ၂၀ရက် မနက် ၇နာရီကျော်ခန့်က မန္တလေး ချမ်းမြသာစည် မြို့သစ်(၅)ရပ်ကွက်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံအချို့ကပြောပါတယ်။

မြို့သစ်(၅)ရပ်ကွက်၊ ၆၉(D)လမ်း၊ ၁၁၀/၁၁၁လမ်းထောင့်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ရှမ်းခေါက်ဆွဲဆိုင်ဖွင့်နေစဉ် ပစ်ခတ်ခံခဲ့ရတာလို့ မြို့ခံတစ်ဦးကပြောပြပါတယ်။

“ဆိုင်ဖွင့်နေတုန်းအပစ်ခံရတာ။မသေဘူးလို့ ကြားတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ရာအိမ်မှူး ဦးမြင့်သိန်းဆိုသူကို ၁၁၁လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာတဲ့ ဆိုင်ကယ်စီး အမျိုးသား(၂)ဦးအနက် နောက်ထိုင်စီးလူငယ်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဦးမြင့်သိန်း ရဲ့ ဝမ်းဗိုက်မှာကျည်ပေါက်ဒဏ်ရာရရှိခဲ့တာလို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

ဒဏ်ရာရရှိမှုက မစိုးရိမ်ရအနေအထားမှာရှိပြီး လက်ရှိမှာတော့ နန်းတွင်းက ဆေးရုံကို ပို့ဆောင်ကာ ကုသမှုပြုနေတယ်လို့ သိရပါတယ်။

(Zawgyi)

မႏၲေလးခ်မ္းျမသာစည္က ရာအိမ္မႉးတစ္ဦး ေသနတ္နဲ႔ ပစ္ခတ္ခံရ

ဒီကေန႔ ဇန္နဝါရီ ၂၀ရက္ မနက္ ၇နာရီေက်ာ္ခန႔္က မႏၲေလး ခ်မ္းျမသာစည္ ၿမိဳ႕သစ္(၅)ရပ္ကြက္က ရာအိမ္မႉးတစ္ဦး ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရတယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕ကေျပာပါတယ္။

ၿမိဳ႕သစ္(၅)ရပ္ကြက္၊ ၆၉(D)လမ္း၊ ၁၁၀/၁၁၁လမ္းေထာင့္မွာ ပစ္ခတ္ခံခဲ့ရတာျဖစ္ၿပီး ရွမ္းေခါက္ဆြဲဆိုင္ဖြင့္ေနစဥ္ ပစ္ခတ္ခံခဲ့ရတာလို႔ ၿမိဳ႕ခံတစ္ဦးကေျပာျပပါတယ္။

“ဆိုင္ဖြင့္ေနတုန္းအပစ္ခံရတာ။မေသဘူးလို႔ ၾကားတယ္”လို႔ ၿမိဳ႕ခံတစ္ဦးကေျပာပါတယ္။

ရာအိမ္မႉး ဦးျမင့္သိန္းဆိုသူကို ၁၁၁လမ္းအတိုင္း အေရွ႕မွ အေနာက္သို႔ ေမာင္းႏွင္လာတဲ့ ဆိုင္ကယ္စီး အမ်ိဳးသား(၂)ဦးအနက္ ေနာက္ထိုင္စီးလူငယ္က ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ ဦးျမင့္သိန္း ရဲ႕ ဝမ္းဗိုက္မွာက်ည္ေပါက္ဒဏ္ရာရရွိခဲ့တာလို႔ လုံၿခဳံေရးအသိုင္းအဝိုင္းနဲ႔ နီးစပ္သူတစ္ဦးထံကေန သိရပါတယ္။

ဒဏ္ရာရရွိမႈက မစိုးရိမ္ရအေနအထားမွာရွိၿပီး လက္ရွိမွာေတာ့ နန္းတြင္းက ေဆး႐ုံကို ပို႔ေဆာင္ကာ ကုသမႈျပဳေနတယ္လို႔ သိရပါတယ္။


LEAVE A REPLY

Please enter your comment!
Please enter your name here