လုပ်သားအင်းအားပြတ်လပ်မှုကိုဖြေရှင်းရန်သြစတြေးလျအစိုးရက နိုင်ငံခြားခရီးသွားများနှင့်နိုင်ငံတကာကျောင်းသားများကို ဗီဇာလျှောက်လွှာကြေး ဒေါ်လာ ၆၃၀ပြန်အမ်းသွားမည်

0
128

(Unicode)

လုပ်သားအင်းအားပြတ်လပ်မှုကိုဖြေရှင်းရန်သြစတြေးလျအစိုးရက နိုင်ငံခြားခရီးသွားများနှင့်နိုင်ငံတကာကျောင်းသားများကို ဗီဇာလျှောက်လွှာကြေး ဒေါ်လာ ၆၃၀ပြန်အမ်းသွားမည်

သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Scott Morrison က နိုင်ငံတွင်းရှိနိုင်ငံခြားခရီးသွားတွေနဲ့ နိုင်ငံတကာကျောင်းသားတွေကို ဒေါ်လာ ၆၃၀ပြန်အမ်းပေးသွားမယ်လို့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ရက်နေ့ကကြေငြာခဲ့ပြီး လာမည့် ၈ပတ်အထိအကြုံးဝင်မယ်လို့သိရပါတယ်။

သြစတြေးလျနိုင်ငံမှာနိုင်ငံတကာကျောင်းသာ ၁သိန်းခွဲနဲ့ နိုင်ငံခြားခရီးသွား ၂၃၅၀၀ရှိတယ်လို့သိရပြီး ဝန်ကြီးချုပ်ကနိုင်ငံတကာကျောင်းသားတွေကို “သြစတြေးလျမှာရှိတဲ့ကျောင်းတွေကိုရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒီကိုလာပြီး အရေးပါတဲ့လုပ်သားအင်အားရှားပါးမှုကို ဖြည့်ဆည်းပေးစေချင်တယ်၊ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုတွေကိုဖြည့်ဆည်းပေးစေချင်တယ်” လို့ ပြောထားပါတယ်။

အစိုးရက နိုင်ငံခြားခရီးသွားတွေနဲ့ နိုင်ငံတကာကျောင်းသားတွေကိုပစ်မှတ်ထားတဲ့ ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုအတွက်သြစတြေးလျခရီးသွားလုပ်ငန်းကို ဒေါ်လာ ၃သန်းပေးအပ်သွားမယ်လို့လည်းသိရပါတယ်။

သြစတြေးလျနိုင်ငံရဲ့လက်ရှိကိုဗစ်ရောဂါကူးစက်မှုနှုန်းဟာ မြင့်တက်လျက်ရှိပေမယ့် အိုမီခရွန်ကြောင့်သေဆုံးမှုနှုန်းကတော့ ကျဆင်းလျက်ရှိတယ်လို့သိရပြီး တစ်ရက်အတွင်းသေးဆုံးမှုက ၇၀ဦးဝန်ကျင်ရှိတယ်လို့ဆိုပါတယ်။

Source – 7News

(Zawgyi)






Source – 7News


LEAVE A REPLY

Please enter your comment!
Please enter your name here