မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

0
217

(Unicode)

မန္တလေးမြို့တော်ဝန်ဟောင်း ဒေါက်တာရဲလွင် ကျန်းမာရေးမကောင်း၍ ဆေးကုသမှုခံယူနေရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဦးရဲလွင်သည် အကျဉ်းထောင်အတွင်း ကျန်းမာရေးမကောင်းဖြစ်လာ၍ ဆေးကုသမှုခံယူနေရသည်ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

“အူလမ်းကြောင်းမှာ ပြဿနာရှိနေတာပေါ့။ထောင်ဆရာဝန်က သက်ဆိုင်ရာသမားတော်နဲ့ပြသပါလို့ လမ်းညွှန်တဲ့အတွက် ပြသဖို့ရှိတယ်။ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်လည်း ရပြီးသွားပြီ။အူလမ်းကြောင်းကို မှန်ပြောင်းနဲ့ ကြည့်ရမှာပေါ့။အပြင်က ဆေးရုံမှာကြည့်ရမယ်။လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေရတယ်”လို့ ရှေ့နေတစ်ဦးကပြောပြသည်။

ဒေါက်တာဦးရဲလွင်ကို ၂၀၂၁ ဒီဇင်ဘာလ ၈ရက်နေ့က ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားသည်။

ဒေါက်တာရဲလွင်၏ လက်ရှိကျန်းမာရေးအခြေအနေသည် အဆိုးရွားကြီးမဟုတ်ကြောင်းလည်း သိရှိရကြောင်း ၎င်းကပြောသည်။

“ထောင်ထဲ ရှိနေတဲ့သူတွေကို ကျန်းမာရေးနဲ့ ပတ်သတ်ပြီး တော်တော်လေး ဂရုစိုက်တယ်လို့ သိရပါတယ်။ကုသမှုတွေကိုလည်း အမြန်ဆုံးလုပ်ဆောင်ပေးတာတွေ့ရပါတယ်”ဟု ရှေ့နေတစ်ဦးကပြောပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အကျဉ်းချခံနေရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်သည် ကင်ဆာဆေးများသွင်းပြီး ကုသမှုခံယူခဲ့ရသည်ဟုသိရသည်။

“ဆရာဇော်က ကင်ဆာဆေးတွေ သွင်းရတော့ ခဏခဏ အအေးမိတာ၊ဖျားတာတွေဖြစ်တယ်”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။

(Zawgyi)

မႏၲေလးၿမိဳ႕ေတာ္ဝန္ေဟာင္း ေဒါက္တာရဲလြင္ က်န္းမာေရးမေကာင္း၍ ေဆးကုသမႈခံယူေနရ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရလက္ထက္က မႏၲေလးၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ေဒါက္တာဦးရဲလြင္သည္ အက်ဥ္းေထာင္အတြင္း က်န္းမာေရးမေကာင္းျဖစ္လာ၍ ေဆးကုသမႈခံယူေနရသည္ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာသည္။

“အူလမ္းေၾကာင္းမွာ ျပႆနာရွိေနတာေပါ့။ေထာင္ဆရာဝန္က သက္ဆိုင္ရာသမားေတာ္နဲ႔ျပသပါလို႔ လမ္းၫႊန္တဲ့အတြက္ ျပသဖို႔ရွိတယ္။ေထာင္အာဏာပိုင္ေတြရဲ႕ ခြင့္ျပဳခ်က္လည္း ရၿပီးသြားၿပီ။အူလမ္းေၾကာင္းကို မွန္ေျပာင္းနဲ႔ ၾကည့္ရမွာေပါ့။အျပင္က ေဆး႐ုံမွာၾကည့္ရမယ္။လက္ရွိမွာေတာ့ ေဆးကုသမႈ ခံယူေနရတယ္”လို႔ ေရွ႕ေနတစ္ဦးကေျပာျပသည္။

ေဒါက္တာဦးရဲလြင္ကို ၂၀၂၁ ဒီဇင္ဘာလ ၈ရက္ေန႔က ၅၀၅(ခ)ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ထားသည္။

ေဒါက္တာရဲလြင္၏ လက္ရွိက်န္းမာေရးအေျခအေနသည္ အဆိုး႐ြားႀကီးမဟုတ္ေၾကာင္းလည္း သိရွိရေၾကာင္း ၎ကေျပာသည္။

“ေထာင္ထဲ ရွိေနတဲ့သူေတြကို က်န္းမာေရးနဲ႔ ပတ္သတ္ၿပီး ေတာ္ေတာ္ေလး ဂ႐ုစိုက္တယ္လို႔ သိရပါတယ္။ကုသမႈေတြကိုလည္း အျမန္ဆုံးလုပ္ေဆာင္ေပးတာေတြ႕ရပါတယ္”ဟု ေရွ႕ေနတစ္ဦးကေျပာျပသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း အက်ဥ္းခ်ခံေနရသည့္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းေဒါက္တာေဇာ္ျမင့္ေမာင္သည္ ကင္ဆာေဆးမ်ားသြင္းၿပီး ကုသမႈခံယူခဲ့ရသည္ဟုသိရသည္။

“ဆရာေဇာ္က ကင္ဆာေဆးေတြ သြင္းရေတာ့ ခဏခဏ အေအးမိတာ၊ဖ်ားတာေတြျဖစ္တယ္”ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here