ဇန်နဝါရီလအတွင်း ဗဟိုဘဏ်က ယခုလအတွင်း ငါးကြိမ်မြောက် အမေရိကန်ဒေါ်လာ၁၅သန်း ထပ်မံထုတ်ရောင်း

0
109

(Unicode)

ဇန်နဝါရီလအတွင်း ဗဟိုဘဏ်က ယခုလအတွင်း ငါးကြိမ်မြောက် အမေရိကန်ဒေါ်လာ၁၅သန်း ထပ်မံထုတ်ရောင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလအတွင်း ငါးကြိမ်မြောက်အဖြစ် နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းအား ယနေ့ ဇန်နဝါရီ ၂၀ ရက်တွင် လေလံအတွက် ပျှမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၇၈ ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ရက်ကလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းအား ဇန်နဝါရီလအတွင်း လေးကြိမ်မြောက်အဖြစ် အမေရိကန်ဒေါ်လာ၁၀သန်းအား ပျှမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန် ၁ ဒေါ်လာလျှင် ၁၇၇၈ ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

ဇန်နဝါရီလ ၇ရက်နေ့က အမေရိကန်ဒေါ်လာ ၁၅သန်း၊ဇန်နဝါရီ ၁၂ရက်က ၁၅သန်း၊ဇန်နဝါရီ ၁၃ရက်နေ့က အမေရိကန်ဒေါ်လာ ၁၀သန်း၊ယခု ဇန်နဝါရီ ၂၀ရက် အမေရိကန်ဒေါ်လာ ၁၅သန်းရောင်းချခဲ့ပြီး ဖြစ်၍ ယခုဇန်နဝါရီ ၂၀ရက်အထိ အမေရိကန်ဒေါ်လာ ၆၅သန်း အထိ ရှိသွားပြီဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၁ ခုနှစ် ၁၁ လအတွင်း အမေရိကန်ဒေါ်လာထုတ်ရောင်းမှုအခြေအနေမှာ အမေရိကန်ဒေါ်လာသန်း၄၄၄သန်းနီးပါးရှိခဲ့သည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here