ထိုင်းတွင် ဖေဖော်ဝါရီလ၌ ” TEST& GO” အစီအစဉ်ကို ပြန်လည်စတင်မည်

0
150

(Unicode)

ထိုင်းတွင် ဖေဖော်ဝါရီလ၌ ” TEST& GO” အစီအစဉ်ကို ပြန်လည်စတင်မည်

ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်မည့် နိုင်ငံတကာ ခရီးသွားဧည့်သည်များအတွက် ဖေဖော်ဝါရီ ၁ရက်နေ့မှစတင်ကာ သီးသန့်နေထိုင်ခြင်းကင်းလွတ်ခွင့်ကို ပြန်လည်ခွင့်ပြုမည်ဟုသိရသည်။

RT- PCR စစ်ဆေးမှု နှစ်ကြိမ် ပြုလုပ်ရမည်။ ပထမညမှ ငါးရက်မြောက်ညအထိ အာမခံငွေ ထားရှိရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံ Covid 19 စီမံခန့်ခွဲရေးဗဟိုဌာနက ယနေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အခြား ပြည်နယ် ၃၂ ခုရှိ စားသောက်ဆိုင်များတွင် စားသောက်ချိန်ကို ည ၁၁နာရီထိ တိုးမြှင့် ပေးထားသည်။

ခရီးသွားအေဂျင်စီတစ်ခုက“ထိုင်းမှာ ဒီသတင်းက အတော်လေး Hot နေပြီ။ထိုင်းမီဒီယာတွေကလည်း ရေးကုန်ကြပြီ။သံရုံးဘက်ကတော့ အတည်ပြုဖို့ကို​တော့ခဏ​စောင့်ရမယ်။အာမခံကြေးလည်း ပေးရမယ်။သွားတဲ့သူရဲ့ အသက်ပေါ်မူတည်ပြီး ဒေါ်လာ ၂၅၊၃၀၊၅၀ အများဆုံးကတော့ ဒေါ်လာ ၂၀၀ပေါ့။RT- PCR စစ်ဆေးမှုမှာ ပိုးတွေ့ရင်တော့ မပြန်ရဘဲ ကွာရတင်းဝင်ရမယ်။ဒီညသို့မဟုတ် မနက်ဖြန်ဆိုရင်တော့ သံရုံးဘက်က အပြည့်အစုံ ထုတ်ပြန်လိမ့်မယ်လို့ ယူဆရတယ်”ဟု ပြောသည်။

(Zawgyi)

ထိုင္းတြင္ ေဖေဖာ္ဝါရီလ၌ ” TEST& GO” အစီအစဥ္ကို ျပန္လည္စတင္မည္

ထိုင္းႏိုင္ငံအတြင္းသို႔ ဝင္ေရာက္မည့္ ႏိုင္ငံတကာ ခရီးသြားဧည့္သည္မ်ားအတြက္ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွစတင္ကာ သီးသန႔္ေနထိုင္ျခင္းကင္းလြတ္ခြင့္ကို ျပန္လည္ခြင့္ျပဳမည္ဟုသိရသည္။

RT- PCR စစ္ေဆးမႈ ႏွစ္ႀကိမ္ ျပဳလုပ္ရမည္။ ပထမညမွ ငါးရက္ေျမာက္ညအထိ အာမခံေငြ ထားရွိရန္လိုအပ္ေၾကာင္း ထိုင္းႏိုင္ငံ Covid 19 စီမံခန႔္ခြဲေရးဗဟိုဌာနက ယေန႔တြင္ ထုတ္ျပန္လိုက္သည္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ႏွင့္ အျခား ျပည္နယ္ ၃၂ ခုရွိ စားေသာက္ဆိုင္မ်ားတြင္ စားေသာက္ခ်ိန္ကို ည ၁၁နာရီထိ တိုးျမႇင့္ ေပးထားသည္။

ခရီးသြားေအဂ်င္စီတစ္ခုက“ထိုင္းမွာ ဒီသတင္းက အေတာ္ေလး Hot ေနၿပီ။ထိုင္းမီဒီယာေတြကလည္း ေရးကုန္ၾကၿပီ။သံ႐ုံးဘက္ကေတာ့ အတည္ျပဳဖို႔ကို​ေတာ့ခဏ​ေစာင့္ရမယ္။အာမခံေၾကးလည္း ေပးရမယ္။သြားတဲ့သူရဲ႕ အသက္ေပၚမူတည္ၿပီး ေဒၚလာ ၂၅၊၃၀၊၅၀ အမ်ားဆုံးကေတာ့ ေဒၚလာ ၂၀၀ေပါ့။RT- PCR စစ္ေဆးမႈမွာ ပိုးေတြ႕ရင္ေတာ့ မျပန္ရဘဲ ကြာရတင္းဝင္ရမယ္။ဒီညသို႔မဟုတ္ မနက္ျဖန္ဆိုရင္ေတာ့ သံ႐ုံးဘက္က အျပည့္အစုံ ထုတ္ျပန္လိမ့္မယ္လို႔ ယူဆရတယ္”ဟု ေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here