ချယ်ရီထက်၏ ရာဇသတ်ကြီးဥပဒေပုဒ် မ-၅၀၅(က)အတွက် သက်သေထွက်ဆိုမည့် ဒုရဲအုပ်မလာရောက်နိုင်၍ ရုံးချိန်းရွှေ့ဆိုင်း

0
311

(Unicode)

ချယ်ရီထက်၏ ရာဇသတ်ကြီးဥပဒေပုဒ် မ-၅၀၅(က)အတွက် သက်သေထွက်ဆိုမည့် ဒုရဲအုပ်မလာရောက်နိုင်၍ ရုံးချိန်းရွှေ့ဆိုင်း

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ဟောင်း ဒုရဲအုပ်ချယ်ရီထက်အမှုအတွက် သက်သေထွက်ဆိုမည့် ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်ကျော်နိုင်ဦးမှာ ယနေ့ရုံးချိန်းသို့ မလာရောက်နိုင်၍ ရုံးချိန်းအားရွှေ့ဆိုင်းခဲ့ရသည်ဟု ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

“ချယ်ရီထက်ကို စက်တင်ဘာ ၂၃ ရက်မှာ အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနက ဒုရဲမှူးဇော်ဝင်းထွန်းကတရားလိုလုပ်ပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် (၁)ရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာပါ”ဟုရှေ့နေတစ်ဦးကပြော သည်။

အဆိုပါ အမှုအတွက်တရားလိုများဘက်မှ တရား လိုပြသက်သေ ခြောက်ဦးအား တရားရုံးသို့တင်သွင်းထားသည်။ ချယ်ရီထက်၏ အမှုအား ဇန်နဝါရီ ၁၃ ရက်တွင် တရားရုံး၌စွဲချက်တင်ပြီးနောက် တရားလိုပြသက်သေဒုရဲအုပ်အားစတင်စစ်ဆေးရန် ရုံးချိန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

“ချယ်ရီထက်ကို ရဲတရားရုံးက ရဲစည်းကမ်းထိန်း သိမ်းရေးဥပဒေနဲ့ ဒီဇင်ဘာ ၃၀ ရက်တုန်းက ထောင်ဒဏ် ၃ နှစ်ချခံထားရပြီးပါပြီ”ဟုရှေ့နေတစ်ဦးကပြောသည်။

ချယ်ရီထက်မှ ၎င်းအပေါ်စွပ်စွဲထားချက်များအား အပြစ်မရှိကြောင်း ထွက်ဆိုထားသည်။ ချယ်ရီထက်သည် စက်တင်ဘာလ၌ နေ ပြည်တော်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

(Zawgyi)

ခ်ယ္ရီထက္၏ ရာဇသတ္ႀကီးဥပေဒပုဒ္ မ-၅၀၅(က)အတြက္ သက္ေသထြက္ဆိုမည့္ ဒုရဲအုပ္မလာေရာက္ႏိုင္၍ ႐ုံးခ်ိန္းေ႐ႊ႕ဆိုင္း

ေဒၚေအာင္ဆန္းစုၾကည္၏ လုံၿခဳံေရးအရာရွိ ေဟာင္း ဒုရဲအုပ္ခ်ယ္ရီထက္အမႈအတြက္ သက္ေသထြက္ဆိုမည့္ ဇမၺဴသီရိၿမိဳ႕နယ္ရဲစခန္းမွ အမႈစစ္အရာရွိ ဒုရဲအုပ္ေက်ာ္ႏိုင္ဦးမွာ ယေန႔႐ုံးခ်ိန္းသို႔ မလာေရာက္ႏိုင္၍ ႐ုံးခ်ိန္းအားေ႐ႊ႕ဆိုင္းခဲ့ရသည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွ သိရသည္။

“ခ်ယ္ရီထက္ကို စက္တင္ဘာ ၂၃ ရက္မွာ အ ၾကမ္းဖက္မႈတိုက္ဖ်က္ေရးဌာနက ဒုရဲမႉးေဇာ္ဝင္းထြန္းကတရားလိုလုပ္ၿပီး ဇဗၺဴသီရိၿမိဳ႕နယ္ အမွတ္ (၁)ရဲစခန္းမွာ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၅၀၅ (က)နဲ႔ အမႈဖြင့္ခဲ့တာပါ”ဟုေရွ႕ေနတစ္ဦးကေျပာ သည္။

အဆိုပါ အမႈအတြက္တရားလိုမ်ားဘက္မွ တရား လိုျပသက္ေသ ေျခာက္ဦးအား တရား႐ုံးသို႔တင္သြင္းထားသည္။ ခ်ယ္ရီထက္၏ အမႈအား ဇန္နဝါရီ ၁၃ ရက္တြင္ တရား႐ုံး၌စြဲခ်က္တင္ၿပီးေနာက္ တရားလိုျပသက္ေသဒုရဲအုပ္အားစတင္စစ္ေဆးရန္ ႐ုံးခ်ိန္းေခၚဆိုခဲ့ျခင္းျဖစ္သည္။

“ခ်ယ္ရီထက္ကို ရဲတရား႐ုံးက ရဲစည္းကမ္းထိန္း သိမ္းေရးဥပေဒနဲ႔ ဒီဇင္ဘာ ၃၀ ရက္တုန္းက ေထာင္ဒဏ္ ၃ ႏွစ္ခ်ခံထားရၿပီးပါၿပီ”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ခ်ယ္ရီထက္မွ ၎အေပၚစြပ္စြဲထားခ်က္မ်ားအား အျပစ္မရွိေၾကာင္း ထြက္ဆိုထားသည္။ ခ်ယ္ရီထက္သည္ စက္တင္ဘာလ၌ ေန ျပည္ေတာ္တြင္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here