မြောက်ဥက္ကလာပမြို့နယ်ရှိ EPC ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

0
76

(Unicode)

မြောက်ဥက္ကလာပမြို့နယ်ရှိ EPC ရုံးရှေ့ ဗုံးနှစ်လုံး ပေါက်ကွဲ

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်၊သုဓမ္မာလမ်းမကြီးပေါ်ရှိ EPC ရုံးရှေ့ခြံစည်းရိုးအုတ်တံ တိုင်းနှင့်ပလက်ဖောင်းကြားမှ ဇန်နဝါရီ ၂၀ ရက် (ယနေ့)နံနက် ၁၁ နာရီခွဲခန့်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ရုံးအနီးနေသူများထံမှ သိရသည်။

“လူထိခိုက်တာမရှိသလို ပျက်စီးတာလည်းမရှိပါဘူး အသံဗုံးဖြစ်ဖို့များတယ် ကျယ်တာကတော့အသံတော်တော်ကျယ်တယ် မီတာလာဆောင်တဲ့သူတွေအများကြီးရှိတဲ့အချိန်ပေါက်တာဆိုတော့ အကုန်လုံးလန့်ပြီးထွက်ပြေးကြတာ”ဟု EPC ရုံးအနီးနေသူတစ်ဦးကပြောသည်။

အဆိုပါ EPC ရုံးသည် မြောက်ဥက္ကလာပအဝိုင်းအ နီး၌ရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် မီတာလာဆောင်သူများကြောက်လန့်ထွက်ပြေးရာမှအနည်းငယ်တွန်းတိုးတိုက်မိမှုများသာဖြစ်ခဲ့သည်ဟု သိရသည်။

ယနေ့ EPC ရုံး၌မီတာလာဆောင်သူများပြားနေရခြင်းသည် ဇန်နဝါရီ ၂၁ ရက်(မနက်ဖြန်)တွင် မီ တာခနောက်ဆုံးပေးသွင်းရမည်ဟု သတ်မှတ်ထားသဖြင့် လာရောက်ပေးဆောင်သူများနေခြင်းဖြစ်သည်ဟု ရုံးအနီးနေသူများထံမှ သိရသည်။

“ဗုံးပေါက်ပြီးပေမယ် မီတာဆောင်တဲ့သူတွေက တော့လျော့မသွားဘူး မနက်ဖြန်မှနောက်ဆုံးမီတာမဆောင်ရင် မီးဖြတ်မယ်ကြားထားတော့လာဆောင်ကြရတာပေါ့ လုံခြုံရေးကတော့ အတော်တင်းကြပ်လိုက်တာတွေ့တယ်”ဟု EPC ရုံးအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက သုဓမ္မာလမ်းမကြီးအားပိတ်ဆို့ကာ စစ်ဆေးမှုများပြု လုပ်ခဲ့ကြပြီး မီတာလာဆောင်သူများကိုသာ ဝင်ခွင့်ပြုကာ နေလည် ၁ နာရီခန့်၌ သုဓမ္မာလမ်းမကြီးအားပြန်ဖွင့်ပေးခဲ့သည်။

(Zawgyi)

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ EPC ႐ုံးေရွ႕ ဗုံးႏွစ္လုံး ေပါက္ကြဲ

ရန္ကုန္ၿမိဳ႕၊ေျမာက္ဥကၠလာပၿမိဳ႕နယ္၊သုဓမၼာလမ္းမႀကီးေပၚရွိ EPC ႐ုံးေရွ႕ၿခံစည္း႐ိုးအုတ္တံ တိုင္းႏွင့္ပလက္ေဖာင္းၾကားမွ ဇန္နဝါရီ ၂၀ ရက္ (ယေန႔)နံနက္ ၁၁ နာရီခြဲခန္႔တြင္ ဗုံးႏွစ္လုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု ႐ုံးအနီးေနသူမ်ားထံမွ သိရသည္။

“လူထိခိုက္တာမရွိသလို ပ်က္စီးတာလည္းမရွိပါဘူး အသံဗုံးျဖစ္ဖို႔မ်ားတယ္ က်ယ္တာကေတာ့အသံေတာ္ေတာ္က်ယ္တယ္ မီတာလာေဆာင္တဲ့သူေတြအမ်ားႀကီးရွိတဲ့အခ်ိန္ေပါက္တာဆိုေတာ့ အကုန္လုံးလန္႔ၿပီးထြက္ေျပးၾကတာ”ဟု EPC ႐ုံးအနီးေနသူတစ္ဦးကေျပာသည္။

အဆိုပါ EPC ႐ုံးသည္ ေျမာက္ဥကၠလာပအဝိုင္းအ နီး၌ရွိၿပီး ဗုံးေပါက္ကြဲမႈေၾကာင့္ မီတာလာေဆာင္သူမ်ားေၾကာက္လန္႔ထြက္ေျပးရာမွအနည္းငယ္တြန္းတိုးတိုက္မိမႈမ်ားသာျဖစ္ခဲ့သည္ဟု သိရသည္။

ယေန႔ EPC ႐ုံး၌မီတာလာေဆာင္သူမ်ားျပားေနရျခင္းသည္ ဇန္နဝါရီ ၂၁ ရက္(မနက္ျဖန္)တြင္ မီ တာခေနာက္ဆုံးေပးသြင္းရမည္ဟု သတ္မွတ္ထားသျဖင့္ လာေရာက္ေပးေဆာင္သူမ်ားေနျခင္းျဖစ္သည္ဟု ႐ုံးအနီးေနသူမ်ားထံမွ သိရသည္။

“ဗုံးေပါက္ၿပီးေပမယ္ မီတာေဆာင္တဲ့သူေတြက ေတာ့ေလ်ာ့မသြားဘူး မနက္ျဖန္မွေနာက္ဆုံးမီတာမေဆာင္ရင္ မီးျဖတ္မယ္ၾကားထားေတာ့လာေဆာင္ၾကရတာေပါ့ လုံၿခဳံေရးကေတာ့ အေတာ္တင္းၾကပ္လိုက္တာေတြ႕တယ္”ဟု EPC ႐ုံးအနီးေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက သုဓမၼာလမ္းမႀကီးအားပိတ္ဆို႔ကာ စစ္ေဆးမႈမ်ားျပဳ လုပ္ခဲ့ၾကၿပီး မီတာလာေဆာင္သူမ်ားကိုသာ ဝင္ခြင့္ျပဳကာ ေနလည္ ၁ နာရီခန္႔၌ သုဓမၼာလမ္းမႀကီးအားျပန္ဖြင့္ေပးခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here