တစ်နာရီကီလိုမီတာ(၁၀၀)နှုန်းဖြင့် အဆန်ရထားလမ်းတစ်နေရာပေါ်စမ်းသပ်ပြေးဆွဲမှုဇန်နဝါရီ၂၄တွင်ပြုလုပ်ရန်ရှိ

0
114

(Unicode)

တစ်နာရီကီလိုမီတာ(၁၀၀)နှုန်းဖြင့် အဆန်ရထားလမ်းတစ်နေရာပေါ်စမ်းသပ်ပြေးဆွဲမှုဇန်နဝါရီ၂၄တွင်ပြုလုပ်ရန်ရှိ

ပဲခူးညောင်လေးပင် ပိန်းဇလုပ်မြို့မှ ကျောက်တံခါး တောကျွဲအင်းမြို့အထိ အဆန်ရထားလမ်းသစ်ပေါ် ရထားတွဲဆိုင်းအသစ်နှင့် တစ်နာရီကီလိုမီတာ(၁၀၀)နှုန်း စမ်းသပ်ပြေးဆွဲမှုအား ယခုရက်ပိုင်းအတွင်းပြုလုပ်ရန်ရှိကြောင်း မြန်မာ့မီးရထားမှသိရသည်။

အဆိုပါ စမ်းသပ်ပြေးဆွဲမှုသည် ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရန်ကုန်-မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု သိရသည်။

ရန်ကုန်မှ မန္တလေးလမ်းပိုင်းကို အပိုင်း(၂)ပိုင်းခွဲပြီး ဆောင်ရွက်နေရာတွင် အပိုင်း( ၁)တွင် CP 103 ညောင်လေးပင်မှတောင်ငူအထိ ဆောင်လုပ်ရန်ရှိနေရာ ထိုလုပ်ငန်းကို ၂၀၁၈ခုနှစ်နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ နိုဝင်ဘာလတွင် အဆုံးသတ်ပြီးစီးမည်ဖြစ်သည်။ယခုအခါ ပိန်းဇလုပ်မှ တောကျွဲအင်းအထိ ရထားလမ်းအဆင့်မြှင့်တင်ရေးပြီးစီးသွား၍ အဆန်ရထားလမ်းသစ်ပေါ် ရထားတွဲဆိုင်းအသစ်နှင့် တစ်နာရီကီလိုမီတာ(၁၀၀)နှုန်း စမ်းသပ်ပြေးဆွဲမှုအား ဇန်နဝါရီ ၂၄တွင် မြန်မာ့မီးရထားမှပြုလုပ်မည်ဖြစ်သည်။

အမြန်နှုန်းဖြင့် မောင်းနှင်မည်ဖြစ်၍ တရားမဝင်လမ်းကူးမှမကူးကြရန်၊သံလမ်းပေါ် ကျွဲနွားထိန်းကျောင်းခြင်း၊အဝတ်လှမ်းခြင်း၊ကလေးများဆော့ကစားစေခြင်းမပြုလုပ်ရန်၊သတ်မှတ်ထားသော သတိပေးမှုများ၊စည်းကမ်းများအား လိုက်နာကြရန် မြန်မာ့မီးရထားက အသိပေးထားသည်။

ဂျပန်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရန်ကုန်-မန္တလေးမီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း၏ လုပ်ငန်းများအားလုံးပြီးစီးသွားချိန်တွင် ရန်ကုန်မှ တောင်ငူအထိ ၃နာရီခွဲ၊ရန်ကုန်မှ မန္တလေးအထိ ရှစ်နာရီသာ ကြာမြင့်မည်ဖြစ်သည်ဟုသိရသည်။

(Zawgyi)

တစ္နာရီကီလိုမီတာ(၁၀၀)ႏႈန္းျဖင့္ အဆန္ရထားလမ္းတစ္ေနရာေပၚစမ္းသပ္ေျပးဆြဲမႈဇန္နဝါရီ၂၄တြင္ျပဳလုပ္ရန္ရွိ

ပဲခူးေညာင္ေလးပင္ ပိန္းဇလုပ္ၿမိဳ႕မွ ေက်ာက္တံခါး ေတာကြၽဲအင္းၿမိဳ႕အထိ အဆန္ရထားလမ္းသစ္ေပၚ ရထားတြဲဆိုင္းအသစ္ႏွင့္ တစ္နာရီကီလိုမီတာ(၁၀၀)ႏႈန္း စမ္းသပ္ေျပးဆြဲမႈအား ယခုရက္ပိုင္းအတြင္းျပဳလုပ္ရန္ရွိေၾကာင္း ျမန္မာ့မီးရထားမွသိရသည္။

အဆိုပါ စမ္းသပ္ေျပးဆြဲမႈသည္ ဂ်ပန္ႏိုင္ငံ၏ ေခ်းေငြျဖင့္ ေဆာင္႐ြက္ခဲ့သည့္ ရန္ကုန္-မႏၲေလးမီးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုျဖစ္သည္ဟု သိရသည္။

ရန္ကုန္မွ မႏၲေလးလမ္းပိုင္းကို အပိုင္း(၂)ပိုင္းခြဲၿပီး ေဆာင္႐ြက္ေနရာတြင္ အပိုင္း( ၁)တြင္ CP 103 ေညာင္ေလးပင္မွေတာင္ငူအထိ ေဆာင္လုပ္ရန္ရွိေနရာ ထိုလုပ္ငန္းကို ၂၀၁၈ခုႏွစ္ႏိုဝင္ဘာလမွ စတင္ေဆာင္႐ြက္ခဲ့ၿပီး ၂၀၂၂ ႏိုဝင္ဘာလတြင္ အဆုံးသတ္ၿပီးစီးမည္ျဖစ္သည္။ယခုအခါ ပိန္းဇလုပ္မွ ေတာကြၽဲအင္းအထိ ရထားလမ္းအဆင့္ျမႇင့္တင္ေရးၿပီးစီးသြား၍ အဆန္ရထားလမ္းသစ္ေပၚ ရထားတြဲဆိုင္းအသစ္ႏွင့္ တစ္နာရီကီလိုမီတာ(၁၀၀)ႏႈန္း စမ္းသပ္ေျပးဆြဲမႈအား ဇန္နဝါရီ ၂၄တြင္ ျမန္မာ့မီးရထားမွျပဳလုပ္မည္ျဖစ္သည္။

အျမန္ႏႈန္းျဖင့္ ေမာင္းႏွင္မည္ျဖစ္၍ တရားမဝင္လမ္းကူးမွမကူးၾကရန္၊သံလမ္းေပၚ ကြၽဲႏြားထိန္းေက်ာင္းျခင္း၊အဝတ္လွမ္းျခင္း၊ကေလးမ်ားေဆာ့ကစားေစျခင္းမျပဳလုပ္ရန္၊သတ္မွတ္ထားေသာ သတိေပးမႈမ်ား၊စည္းကမ္းမ်ားအား လိုက္နာၾကရန္ ျမန္မာ့မီးရထားက အသိေပးထားသည္။

ဂ်ပန္ႏိုင္ငံ၏ ေခ်းေငြျဖင့္ ေဆာင္႐ြက္ခဲ့သည့္ ရန္ကုန္-မႏၲေလးမီးရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္း၏ လုပ္ငန္းမ်ားအားလုံးၿပီးစီးသြားခ်ိန္တြင္ ရန္ကုန္မွ ေတာင္ငူအထိ ၃နာရီခြဲ၊ရန္ကုန္မွ မႏၲေလးအထိ ရွစ္နာရီသာ ၾကာျမင့္မည္ျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here