ပုဒ်မ၅၉ (စ)ကို ပြင်ဆင်ရန် မကြာခဏလာရောက်ညှိနှိုင်းမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌပြောဆို

0
356

(Unicode)

ပုဒ်မ၅၉ (စ)ကို ပြင်ဆင်ရန် မကြာခဏလာရောက်ညှိနှိုင်းမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌပြောဆို

NLD အစိုးရလက်ထက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်ပါဝင် သည့် ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ရန်အတွက် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှု များဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ထုတ်ဖော်ပြောဆိုသည်။

မည်သူက လာရောက်ညှိနှိုင်းသည်ကိုမူ ထည့်သွင်းမပြောခဲ့ပေ။

တပ်မတော်အနေဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၂၀၁၁ -၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅ -၂၀၂၀ ကာလတွင် လည်း ခေတ်ကာလနှင့်ကိုက်ညီအောင်ပြင်ဆင် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းများရှိကြောင်းလည်း နစကဥက္ကဋ္ဌကပြောဆိုခဲ့သည်။

(၂၀၀၈ ခုနှစ်)တွင်ပါဝင်သည့် ပုဒ်မ ၅၉(စ)အား ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းပြင်ဆင်ရန်ကြိုးပမ်းမှုရှိခဲ့သော်လည်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့၍ ပြင်ဆင်မှုမပြုနိုင်ခြင်းများရှိခဲ့သည်။

နစကဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ ခြင်းဖြစ်သဖြင့် လတ်တလော အခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင် ဆင်ရန်ရှိသည်များကို နားလည် သဘောပေါက်ကြောင်းလည်း သဘောထားမှတ်ချက်ပြုခဲ့သည်။

မိမိတို့သည် ဒီမို ကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုသွားနေခြင်း ဖြစ်ပြီး၊ ပြည်ထောင်စု ဟူသောစကားသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရွေးချယ် ခဲ့ခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် အလေးထား အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်မှုမရှိပါကလက်ခံ ဆွေးနွေးသွားမည်ဟုလည်း ဖိတ်ခေါ်စကားဆိုခဲ့သည်။

(Zawgyi)

ပုဒ္မ၅၉ (စ)ကို ျပင္ဆင္ရန္ မၾကာခဏလာေရာက္ညႇိႏႈိင္းမႈမ်ားရွိခဲ့ဟု နစကဥကၠ႒ေျပာဆို

NLD အစိုးရလက္ထက္တြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၂၀၀၈ ခုႏွစ္)တြင္ပါဝင္ သည့္ ပုဒ္မ ၅၉(စ) ကို ျပင္ဆင္ရန္အတြက္ မိမိထံသို႔ မၾကာခဏလာေရာက္ ညႇိႏႈိင္းမႈ မ်ားေဆာင္႐ြက္ခဲ့ေၾကာင္း နစကဥကၠ႒က ထုတ္ေဖာ္ေျပာဆိုသည္။

မည္သူက လာေရာက္ညႇိႏႈိင္းသည္ကိုမူ ထည့္သြင္းမေျပာခဲ့ေပ။

တပ္မေတာ္အေနျဖင့္ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး အတြက္ ၂၀၁၁ -၂၀၁၅ ကာလတြင္ ေဆာင္႐ြက္ခဲ့သကဲ့သို႔ ၂၀၁၅ -၂၀၂၀ ကာလတြင္ လည္း ေခတ္ကာလႏွင့္ကိုက္ညီေအာင္ျပင္ဆင္ ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ျခင္းမ်ားရွိေၾကာင္းလည္း နစကဥကၠ႒ကေျပာဆိုခဲ့သည္။

(၂၀၀၈ ခုႏွစ္)တြင္ပါဝင္သည့္ ပုဒ္မ ၅၉(စ)အား ဒုတိယအႀကိမ္ျပည္ေထာင္စုလႊတ္ေတာ္တြင္ ထည့္သြင္းျပင္ဆင္ရန္ႀကိဳးပမ္းမႈရွိခဲ့ေသာ္လည္း တပ္မေတာ္ဘက္က ကန႔္ကြက္ခဲ့၍ ျပင္ဆင္မႈမျပဳႏိုင္ျခင္းမ်ားရွိခဲ့သည္။

နစကဥကၠ႒က ဖြဲ႕စည္းပုံအေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)သည္ ၁၉၉၀ ျပည့္ႏွစ္ခန႔္မွစတင္၍ အေျခတည္ခဲ့ ျခင္းျဖစ္သျဖင့္ လတ္တေလာ အေျခအေနႏွင့္ ကိုက္ညီမႈမရွိႏိုင္သည္မ်ားရွိသျဖင့္ ျပင္ ဆင္ရန္ရွိသည္မ်ားကို နားလည္ သေဘာေပါက္ေၾကာင္းလည္း သေဘာထားမွတ္ခ်က္ျပဳခဲ့သည္။

မိမိတို႔သည္ ဒီမို ကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုကိုသြားေနျခင္း ျဖစ္ၿပီး၊ ျပည္ေထာင္စု ဟူေသာစကားသည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကိုယ္တိုင္ေ႐ြးခ်ယ္ ခဲ့ျခင္းျဖစ္သျဖင့္ မိမိတို႔အေနျဖင့္ အေလးထား အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ဆက္လက္ေျပာဆိုသည္။

ၿငိမ္းခ်မ္းေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ NCA ႏွင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အေပၚတြင္အေျခခံ၍ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးကို ထိခိုက္မႈမရွိပါကလက္ခံ ေဆြးေႏြးသြားမည္ဟုလည္း ဖိတ္ေခၚစကားဆိုခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here