ပေါင်မြို့နယ်တွင် သစ်ပါးလွှာများတင်လာသည့်တွဲကား အရှိန်လွန်တိမ်းမှောက်

0
153

(Unicode)

ပေါင်မြို့နယ်တွင် သစ်ပါးလွှာများတင်လာသည့်တွဲကား အရှိန်လွန်တိမ်းမှောက်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ကတွန်ကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်၌ ဇန်နဝါ ရီ ၂၁ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မော်လမြိုင်သွားကားလမ်း၏ ကတွန်တောင်ကျော်ကွေ့တွင် သစ်ပါးလွှာများတင်လာသည့် တွဲကားသည်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး တွဲကားအောက်တွင် ဆိုင်ကယ်တစ်စီးပိမိနေခဲ့ကြောင်း သိရသည်။

“လူထိခိုက်မိတာတော့မရှိပါဘူး တွဲကားမှောက်တဲ့နားမှာက ဆိုင်ကယ်တစ်စီးရပ်ထား‌တော့ပိမိသွားတာကြောင့်ဆွဲထုတ်ခဲ့ရပါတယ် တွဲကားမောင်းတဲ့လူကတော့အနည်းအကျဥ်းပွန်းပဲ့ရာလောက်ပဲရတာပါ”ဟု ပေါင်မြို့နယ်အခြေစိုက်လူမှုကူညီလေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် တွဲကားအောက်ပိမိနေသည့် ဆိုင်ကယ်မှာပျက်စီးဆုံးရှုံးခဲ့ပြီး တွဲကားမှာလည်း အနည်းငယ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

(Zawgyi)

ေပါင္ၿမိဳ႕နယ္တြင္ သစ္ပါးလႊာမ်ားတင္လာသည့္တြဲကား အရွိန္လြန္တိမ္းေမွာက္

မြန္ျပည္နယ္၊ေပါင္ၿမိဳ႕နယ္၊ကတြန္ေက်း႐ြာအနီးရွိ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္းမႀကီးေပၚ၌ ဇန္နဝါ ရီ ၂၁ ရက္မြန္းတည့္ ၁၂ နာရီေက်ာ္ခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ရန္ကုန္-ေမာ္လၿမိဳင္သြားကားလမ္း၏ ကတြန္ေတာင္ေက်ာ္ေကြ႕တြင္ သစ္ပါးလႊာမ်ားတင္လာသည့္ တြဲကားသည္အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္ခဲ့ၿပီး တြဲကားေအာက္တြင္ ဆိုင္ကယ္တစ္စီးပိမိေနခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္မိတာေတာ့မရွိပါဘူး တြဲကားေမွာက္တဲ့နားမွာက ဆိုင္ကယ္တစ္စီးရပ္ထား‌ေတာ့ပိမိသြားတာေၾကာင့္ဆြဲထုတ္ခဲ့ရပါတယ္ တြဲကားေမာင္းတဲ့လူကေတာ့အနည္းအက်ဥ္းပြန္းပဲ့ရာေလာက္ပဲရတာပါ”ဟု ေပါင္ၿမိဳ႕နယ္အေျခစိုက္လူမႈကူညီေလးအသင္းဝင္တစ္ဦးကေျပာသည္။

ျဖစ္စဥ္တြင္ တြဲကားေအာက္ပိမိေနသည့္ ဆိုင္ကယ္မွာပ်က္စီးဆုံးရႈံးခဲ့ၿပီး တြဲကားမွာလည္း အနည္းငယ္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here