စက်သုံးဆီဈေးတက်၍ ရန်ကုန်- ပဲခူး ယာဉ်လိုင်းသစ် ယာဉ်စီးခတိုး

0
281

(Unicode)

စက်သုံးဆီဈေးတက်၍ ရန်ကုန်- ပဲခူး ယာဉ်လိုင်းသစ် ယာဉ်စီးခတိုး

ရန်ကုန်နဲ့ ပဲခူးကို ကားသစ်ကြီးတွေနဲ့ ပြေးဆွဲနေတဲ့ Yangon – Bago Smart City Busဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေး မြင့်တက်မှုတွေကြောင့် လာမယ့် ဇန်နဝါရီ ၂၄ရက်ကစပြီး ယာဉ်စီးခကိုပြောင်းလဲ ကောက်ခံသွားမယ်လို့ ကြေညာလိုက်ပါတယ်။

ပဲခူး – ရန်ကုန် ၃၀၀၀ကျပ်၊ အင်းတကော် – ရန်ကုန် ကို၂၀၀၀ကျပ်၊ပဲခူး – လှည်းကူးကို ၂၀၀၀ ကျပ်၊ပဲခူး -အင်းတကော်ကို ၁၀၀၀ကျပ်၊အင်းတကော် – လှည်းကူး ၁၀၀၀ ကျပ်၊လှည်ကူး – ရန်ကုန် ၁၀၀၀ ကျပ် အဖြစ် အသီးသီးတိုးမြင့်မယ်လို့ ဆိုပါတယ်။

မူလက ရန်ကုန် – ပဲခူး ၂၀၀၀ကျပ်၊လှည်းကူး – ပဲခူး ၁၀၀၀ကျပ် ၊ပဲခူး – ရန်ကုန် ၂၀၀၀ကျပ်၊လှည်းကူး – ရန်ကုန် ၁၀၀၀ကျပ် လို့ သတ်မှတ်ခဲ့တာပါ။

လက်ရှိမှာတော့ ပြည်တွင်းစက်သုံးဆီဈေးဟာ နေ့စဉ်မြင့်တက်လာနေတာရှိပါတယ်။

ရန်ကုန်မြို့မှာတော့ ၉၂ တစ်လီတာကို ငွေ ကျပ် ၁၅၄၅ ကျော်၊ ၁၅၉၅ တစ်လီတာကို ကျပ်အသီးသီးဈေးရှိနေပါတယ်။

ဒီဈေးတွေကို ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ဒါဟာ ထက်ဝက်နီးပါး တက်လာတာဖြစ်ပါတယ်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here