ခရိုင်အဆင့်များ တိုးချဲ့ဖွဲ့စည်းမည်ဟု ဆို

0
209

(Unicode)

ခရိုင်အဆင့်များ တိုးချဲ့ဖွဲ့စည်းမည်ဟု ဆို

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့်ဟူ၍ အဆင့်ဆင့်ရှိရာ အုပ်ချုပ်မှုလုပ်ငန်းများ ယခုထက်ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် ခရိုင်အဆင့် များကိုထပ်မံတိုးချဲ့ဖွဲ့စည်းရေး ဆောင်ရွက်လျက်ရှိကြောင်း နစကကောင်စီအစည်းအဝေးမှ သိရသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ခရိုင်များ တိုးချဲ့ဖွဲ့စည်းရေးအတွက် လျာထားဆောင်ရွက်မှု အခြေ အနေကို ရှင်းပြခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရှိရသေးပေ။

သို့သော် လူမှုကွန်ရက်တွင် ထွက်ပေါ်လာသော အတည်ပြုနေဆဲသတင်းများအရ ခရိုင်၄ခုရှိသည့် ရန်ကုန်တိုင်းကို ခရိုင် ၁၀ ခုထပ်တိုးရန်ရှိနေကာ တစ်နိုင်ငံလုံးတွင် ခရိုင်အရေအတွက် ၄၂ ခုထပ်တိုးရန်ရှိနေသည်ဟု သိရှိရသည်။

နိုင်ငံရေးအကဲခတ်အချို့က ၂၀၂၃ ရွေးကောက်ပွဲအတွင်း ကျင်းပမည့် PR စနစ်အတွက် ရည်ရွယ်ပုံပေါက်သည်ဟု သုံးသပ်နေကြသည်။

ရန်ကုန်တိုင်းထဲ တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်၊ မင်္ဂလာဒုံခရိုင်၊ ဗိုလ်တစ်ထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ တွံ့တေးခရိုင်၊ ကျောက်တံတားခရိုင်၊ မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင် စသည်ဖြင့် ထပ်တိုးရန်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

(Zawgyi)

ခ႐ိုင္အဆင့္မ်ား တိုးခ်ဲ႕ဖြဲ႕စည္းမည္ဟု ဆို

အုပ္ခ်ဳပ္ေရးႏွင့္ပတ္သက္၍ ရပ္ကြက္၊ ေက်း႐ြာအဆင့္၊ ၿမိဳ႕နယ္အဆင့္၊ ခ႐ိုင္ အဆင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းအဆင့္၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဆင့္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္၊ ႏိုင္ငံေတာ္အဆင့္ဟူ၍ အဆင့္ဆင့္ရွိရာ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ား ယခုထက္ပိုမိုအဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ ခ႐ိုင္အဆင့္ မ်ားကိုထပ္မံတိုးခ်ဲ႕ဖြဲ႕စည္းေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကေကာင္စီအစည္းအေဝးမွ သိရသည္။

အစည္းအေဝးတြင္ ျပည္ထဲေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က ေနျပည္ေတာ္၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား တြင္ ခ႐ိုင္မ်ား တိုးခ်ဲ႕ဖြဲ႕စည္းေရးအတြက္ လ်ာထားေဆာင္႐ြက္မႈ အေျခ အေနကို ရွင္းျပခဲ့ေသာ္လည္း အေသးစိတ္ကိုမူ မသိရွိရေသးေပ။

သို႔ေသာ္ လူမႈကြန္ရက္တြင္ ထြက္ေပၚလာေသာ အတည္ျပဳေနဆဲသတင္းမ်ားအရ ခ႐ိုင္၄ခုရွိသည့္ ရန္ကုန္တိုင္းကို ခ႐ိုင္ ၁၀ ခုထပ္တိုးရန္ရွိေနကာ တစ္ႏိုင္ငံလုံးတြင္ ခ႐ိုင္အေရအတြက္ ၄၂ ခုထပ္တိုးရန္ရွိေနသည္ဟု သိရွိရသည္။

ႏိုင္ငံေရးအကဲခတ္အခ်ိဳ႕က ၂၀၂၃ ေ႐ြးေကာက္ပြဲအတြင္း က်င္းပမည့္ PR စနစ္အတြက္ ရည္႐ြယ္ပုံေပါက္သည္ဟု သုံးသပ္ေနၾကသည္။

ရန္ကုန္တိုင္းထဲ တိုက္ႀကီးခ႐ိုင္၊ လွည္းကူးခ႐ိုင္၊ ေမွာ္ဘီခ႐ိုင္၊ မဂၤလာဒုံခ႐ိုင္၊ ဗိုလ္တစ္ေထာင္ခ႐ိုင္၊ ဒဂုံၿမိဳ႕သစ္ခ႐ိုင္၊ တြံ႕ေတးခ႐ိုင္၊ ေက်ာက္တံတားခ႐ိုင္၊ မရမ္းကုန္းခ႐ိုင္၊ ကမာ႐ြတ္ခ႐ိုင္ စသည္ျဖင့္ ထပ္တိုးရန္ရွိေနသည္ဟု သတင္းမ်ားထြက္ေပၚေနသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here