နှင်းလျှောစီးရင်း မတော်တဆမှုကြောင့် ပြင်သစ်ကမ္ဘာကျော်သရုပ်ဆောင် ဂတ်စပါ့ဒ်အူလီရယ် ကွယ်လွန်

0
146

နှင်းလျှောစီးရင်းမတော်တဆမှုကြောင့် ပြင်သစ်ကမ္ဘာကျော်သရုပ်ဆောင် ဂတ်စပါ့ဒ်အူလီရယ် ကွယ်လွန်

မကြာခင်ထုတ်လွှင့်ပြသတော့မယ့် Marvel ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Moon Knight ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကမ္ဘာကျော်သရုပ်ဆောင် ဂတ်စပါ့ဒ်အူလီရယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ရက်နေ့က နှင်းလျှောစီးရင်း မတော်တဆတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။

သူဟာ သေဆုံးချိန်မှာ အသက် ၃၇နှစ်ရှိပြီဖြစ်ပြီး ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ရက်နေ့က ဆဗွိုင်းဒေသနှင်းတောင်တစ်ခုမှာနှင်းလျှောစီးရင်း အခြားသူတစ်ဦးနဲ့တိုက်မိကာ ပြင်းထန်တဲ့ဦးခေါင်းဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဂရန်နိုဘယ်ဒေသရှိဆေးရုံကို လေကြောင်းဖြင့်ပို့ဆောင်ခဲ့ပြီး နောက်တစ်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

၎င်းနဲ့တိုက်မိသူကတော့ ဆေးရုံတက်ကုသရန်မလိုဘူးလို့သိရပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးစဲဖြစ်ပါတယ်။

ဂတ်စပါ့ဒ်အူလီရယ်ဟာ ‘Moon Knight’ ဇာတ်ကား trailer ထွက်ရှိလာအပြီးနောက်တစ်နေ့မှာ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

source – BBC News

Zaw Gyi

ႏွင္းေလွ်ာစီးရင္းမေတာ္တဆမႈေၾကာင့္ ျပင္သစ္ကမာၻေက်ာ္သ႐ုပ္ေဆာင္ ဂတ္စပါ့ဒ္အူလီရယ္ ကြယ္လြန္

မၾကာခင္ထုတ္လႊင့္ျပသေတာ့မယ့္ Marvel ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Moon Knight ဇာတ္လမ္းတြဲမွာပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ျပင္သစ္ကမာၻေက်ာ္သ႐ုပ္ေဆာင္ ဂတ္စပါ့ဒ္အူလီရယ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၉ရက္ေန႔က ႏွင္းေလွ်ာစီးရင္း မေတာ္တဆတစ္ခုေၾကာင့္ ေသဆုံးသြားခဲ့ပါတယ္။

သူဟာ ေသဆုံးခ်ိန္မွာ အသက္ ၃၇ႏွစ္ရွိၿပီျဖစ္ၿပီး ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၈ရက္ေန႔က ဆဗြိဳင္းေဒသႏွင္းေတာင္တစ္ခုမွာႏွင္းေလွ်ာစီးရင္း အျခားသူတစ္ဦးနဲ႔တိုက္မိကာ ျပင္းထန္တဲ့ဦးေခါင္းဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ ဂရန္ႏိုဘယ္ေဒသရွိေဆး႐ုံကို ေလေၾကာင္းျဖင့္ပို႔ေဆာင္ခဲ့ၿပီး ေနာက္တစ္ေန႔မွာ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

၎နဲ႔တိုက္မိသူကေတာ့ ေဆး႐ုံတက္ကုသရန္မလိုဘူးလို႔သိရၿပီး ျဖစ္စဥ္အေသးစိတ္ကိုေတာ့ စုံစမ္းစစ္ေဆးစဲျဖစ္ပါတယ္။

ဂတ္စပါ့ဒ္အူလီရယ္ဟာ ‘Moon Knight’ ဇာတ္ကား trailer ထြက္ရွိလာအၿပီးေနာက္တစ္ေန႔မွာ ဆုံးပါးသြားခဲ့တာျဖစ္ပါတယ္။

source – BBC News


LEAVE A REPLY

Please enter your comment!
Please enter your name here