တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ယာဥ်ထိန်းရုံး၌ ဗုံးနှစ်လုံးပေါက်ကွဲ

0
140

တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ယာဥ်ထိန်းရုံး၌ ဗုံးနှစ်လုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊တာမွေမြို့နယ်၊အရှေ့မြင်းပြိုင်ကွင်းလမ်းမ၊မီးပွိုင့်အနီးရှိ ယာဥ်ထိန်းရုံးတွင် ယနေ့နံနက် ၆ နာရီခန့်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့သည်ဟု တာမွေမြို့နယ်နေသူများထံမှ သိရသည်။

“ဗုံးနှစ်လုံးက မိနစ်ပိုင်းလေးလောက်ပဲကွာပြီးပေါက်တာ လူနာတင်ကားလာတာကိုတွေ့တယ် ဒဏ်ရာရတဲ့သူတွေရှိတယ်”ဟုတာမွေမြို့နယ်နေသူတစ်ဦးကပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် CCTV Control Box ပျက်စီးသွားကာ ယာဥ်ထိန်းရုံးလည်းပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။

“စစ်သားတွေရဲတွေရောက်နေတော့ ဖြစ်တဲ့နေရာနားကိုသွားကြည့်လို့မရဘူး ပျက်စီးမှုဘယ် လောက်လောက်အထိရှိတယ်ဆိုတာမသိရသေးဘူးပေါ့ ပေါက်ကွဲတဲ့အသံနှစ်ချက်လုံးကတော့ အကျယ်ကြီးပဲ”ဟုတာမွေမြို့နယ်နေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက လမ်းမကြီးအားယာယီပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

Zaw Gyi

တာေမြၿမိဳ႕နယ္ အေရွ႕ျမင္းၿပိဳင္ကြင္းလမ္းရွိ ယာဥ္ထိန္း႐ုံး၌ ဗုံးႏွစ္လုံးေပါက္ကြဲ

ရန္ကုန္တိုင္း၊တာေမြၿမိဳ႕နယ္၊အေရွ႕ျမင္းၿပိဳင္ကြင္းလမ္းမ၊မီးပြိဳင့္အနီးရွိ ယာဥ္ထိန္း႐ုံးတြင္ ယေန႔နံနက္ ၆ နာရီခန္႔က ဗုံးႏွစ္လုံးေပါက္ကြဲခဲ့သည္ဟု တာေမြၿမိဳ႕နယ္ေနသူမ်ားထံမွ သိရသည္။

“ဗုံးႏွစ္လုံးက မိနစ္ပိုင္းေလးေလာက္ပဲကြာၿပီးေပါက္တာ လူနာတင္ကားလာတာကိုေတြ႕တယ္ ဒဏ္ရာရတဲ့သူေတြရွိတယ္”ဟုတာေမြၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

ဗုံးေပါက္ကြဲမႈျဖစ္စဥ္တြင္ CCTV Control Box ပ်က္စီးသြားကာ ယာဥ္ထိန္း႐ုံးလည္းပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည္။

“စစ္သားေတြရဲေတြေရာက္ေနေတာ့ ျဖစ္တဲ့ေနရာနားကိုသြားၾကည့္လို႔မရဘူး ပ်က္စီးမႈဘယ္ ေလာက္ေလာက္အထိရွိတယ္ဆိုတာမသိရေသးဘူးေပါ့ ေပါက္ကြဲတဲ့အသံႏွစ္ခ်က္လုံးကေတာ့ အက်ယ္ႀကီးပဲ”ဟုတာေမြၿမိဳ႕နယ္ေနသူတစ္ဦးကေျပာသည္။

ျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက လမ္းမႀကီးအားယာယီပိတ္ဆို႔၍ စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here